အိပ်မက်လှလှမက်ပါစေ

Astrology
အိပ်မက်လှလှမက်ပါစေ

တစ်နေ့သ၌ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်တွင် ဗေဒင်ဟောပြောနေသော ဗေဒင်ဆရာပံသုကျော် ဆိုသူသည် ကျွန်ုပ်ထံသို့ တရုတ်ကပြားမကလေးတစ်ဦးနှင့်အတူ ရောက်ရှိလာလေတော့သည်။ သူသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း “ဆရာသမားရေ ဟောဒီ တရုတ်မလေးကတော့ ကျွန်တော့်ကို ဦးနှောက်စားအောင် လာပြီးလုပ်နေပြီ။ ကျွန်တော်လည်း မတတ်နိုင်တာနဲ့ အာစရိဆီကို ခေါ်လာတာပဲ” ဟု ဆိုလေတော့၏။ ထိုအခါ ကျွန်ုပ်က“ဘယ်လိုဖြစ်တာလဲ ကိုပံသုရဲ့ ဆိုစမ်းပါဦး” ဟု ပြန်၍ မေးလိုက်ရာ ၄င်းက ဆရာပံသုကျော်က

“အဖြစ်က ဒီလိုပါ အာစရိရဲ့။ ဒီတရုတ်ကပြား အပျိုမလေးက စင်ကာပူမှာနေတာ။ သူနဲ့ ချိုးတိုးချိတ်တိတ်ဖြစ်နေတဲ့ ငတိက မြန်မာပြည်မှာ။ အဲဒီတော့ ဒီအပျိုမလေးက သူ့ငတိလေးကို ချစ်အိပ်မက်လှလှလေးတွေ မက်စေချင်တယ်။ အဲဒါ လုပ်လို့မရဘူးလားလို့ ကျွန်တော့်ကို လာပြီးမေးလို့ ကျွန်တော်လည်း အာစရိဆီခေါ်လာတာပဲ” ပြောလေ၏။

“ဒါက ဒီလိုရှိတယ် ကိုပံသုရေ။ ကျုပ် ခင်ဗျားကို ယန္တြလေးတစ်ခုရေးပြမယ်။ အဲဒီ ယန္တြဟာ အိပ်မက်မက်စေတဲ့ ယတြာပဲ။ အဲဒါလေးကို ခင်ဗျားအပျိုမလေးရဲ့ ခေါင်းအုံးအောက်မှာ ထည့်ပြီးအိပ်ဖို့ ပြောပြ။ ကိုယ်မက်စေချင်တဲ့ အိပ်မက်ကို အိပ်ခါနီးမှာ အာရုံညွတ်ပြီးထားပါ။ မကြာပါဘူး။ သူမက်စေချင်တဲ့ အိပ်မက်ဟာ မြန်မာပြည်က ငတိလေးမှာ လာပြီးမက်မှာပါ။ အဲဒါမျိုးတွေ ကျုပ်စမ်းဖူးတာ များပါပြီ။ ဒီယန္တြကို စက္ကူမှာပဲ ရေးရေး၊ ရွှေပြားမှာပဲရေးရေး ရေးပြီး အသုံးပြုနိုင်ပါတယ်။ အကောင်းဆုံးကတော့ ရွှေရောင် စက္ကူမှာ ရေးတာအကောင်းဆုံးပဲ။ ပြီးလျှင် ဒီယန္တြလေးကို တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်လောက် နွားနို့နဲ့ လက္ချမီးဒေဝီကို ပူဇော်ရတယ်။ နို့နဲ့မပူဇော်ရင် ထောပတ်နဲ့ ပူဇော်ရတယ်။ ပိုပြီး အစွမ်းထက်တာပေါ့ဗျာ”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဆရာဝံသုနှင့် တရုတ်အပျိုမလေးသည် ဝမ်းသာအားရ ပြန်သွားကြလေ၏။ တစ်လကျော်ကျော် ခန့် ကြာသောအခါ၌ ဆရာပံသုထံမှလည်းကောင်း၊ အပျိုမလေးထံမှလည်းကောင်း ကျွန်ုပ်ထံသို့ လက်ဆောင်ပစ္စည်းများ ပေးပို့ခဲ့သည်ကိုထောက်လျှင် ကျွန်ုပ်၏ အိပ်မက်လှလှမက်သော ယန္တလေးသည် အစွမ်းပြနေပြီဖြစ်ကြောင်း ကျွန်ုပ် ကောင်းစွာရိပ်မိလိုက်လေသတည်း။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...