နာမည်ကြီးအနုပညာရှင်တွေနဲ့ တွေ့တိုင်းပုတ်သင်ညိုလို အရောင်ပြောင်းတတ်တဲ့ ထက်ထက်ထွန်းပုံစံ

Celebrity Local News
နာမည်ကြီးအနုပညာရှင်တွေနဲ့ တွေ့တိုင်းပုတ်သင်ညိုလို
အရောင်ပြောင်းတတ်တဲ့ ထက်ထက်ထွန်းပုံစံ

မင်းသမီးတွေထဲမှာ ဆပ်စလူးနတ်ပူးနိုင်‌ဆုံးဆိုတဲ့ ရာထူးကို ရထားသူကတော့ ထက်ထက်ထွန်းပါ။စကားပြောရင် အမြဲတမ်းပြာယာခက်နေတတ်တာကြောင့် သူ့ကိုကြည့်နေရတဲ့ ပရိတ်သတ်တွေ မူးနေရမှာ အမှန်ပါဘဲ။စကားပြောမြန်တဲ့အပြင် တစ်ကိုယ်လုံးအငြိမ်မနေတတ်တာ‌ကတော့ သူ့ရဲ့ စတိုင်လို့တောင်ပြောရမလိုပါဘဲနော်။စကားပြောပွင့်လင်းတာကို ပရိတ်သတ်တွေက သဘောကျကျပေမယ့် Over ဖြစ်လွန်းတယ်လို့ခံစားနေရတဲ့ အမူအရာတွေကြောင့် တစ်ချို့ ပရိတ်သတ်တွေကြည့်မရဖြစ်ခဲ့ကြရတာလည်းဖြစ်ပါတယ်။


ထက်ထက်ထွန်းကတော့ အနုပညာလောကထဲကို Miss တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့မယ့် အခုအချိန်မှာ အောင်မြင်တဲ့ မင်းသမီးတစ်လတ်ဖြစ်လို့နေပါပြီ။သရုပ်ဆောင်လောကထဲကို တိုးဝင်လာတာကြာခဲ့ပေမယ့် တကယ်တမ်းအောင်မြင်ဖို့ ဖြစ်လာခဲ့တဲ့ သမီးဆိုးဆိုတဲ့ ဇာတ်လမ်းတွဲကနေ ပရိတ်သတ်အသိအမှတ်ပြုတဲ့ မင်းသမီးတစ်လတ်ဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။အရင်နဲ့ မတူဘဲ ထင်ပေါ်စေမယ့်ကာရိုက်တာမျိုးမှာ သရုပ်ဆောင်ခဲ့ရတာကြောင့် ပရိတ်သတ်အားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။သမီးဆိုးဇာတ်လမ်းတွဲမှာသရုပ်ဆောင်ထားတဲ့ သူ့ရဲ့ အိုက်တင်တွေက အရင်ကထက်စာရင် ကောင်းလာပေမယ့် အိုဗာတွေဖြစ်နေသေးတာမို့ ပရိတ်သတ်တွေက ဝေဖန်နေကြဆဲပါဘဲ။


ထက်ထက်ထွန်းကတော့ ဝေဖန်သူတွေရှိကြပေမယ့် အရှုံးမပေးဘဲ ကြိုးစားလာခဲ့တာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ နေရာတစ်နေရာ ရလာတဲ့ အထိ အောင်မြင်နေခဲ့ပြီလည်းဖြစ်ပါတယ်။တိုးတတ်လာတဲ့ သူရဲ့ အိုက်တင်တွေက ပရိတ်သတ်တွေက အသိ‌အမှတ်ပြုပြီး ချီးကျူးခဲ့ကြပေမယ့် ကြည့်မရတာကတော့အနုပညာရှင်ကြီးတွေနဲ့ တွေ့တိုင်း ဆပ်စလူးနတ်ပူးပြီး ပုတ်သင်ညိုလို အရောင်ပြောင်းသွားတတ်တာကိုပါ။ဇာတ်လမ်းတွဲတွေရိုက်နေရတုန်းမှာ သူ့ရဲ့ ဖားတတ်တဲ့ ပုံစံက သိပ်မပေါ်ပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ချိန်မှာတော့ အဖားလွန်ပြီး ‌‌အတူတွဲရိုက်တဲ့ အနုပညာရှင်တိုင်းက သူ့အားကျရတဲ့ အနုပညာရှင်ဖြစ်သွားတာပါဘဲ။


တစ်နိုင်ငံလုံးက ဝိုင်းTroll တာခံနေရတဲ့ Super hero ကွီးနေထူးနိုင်နဲ့ ဇာတ်ကားတွေရိုက်ကူးချိန်မှာလည်း နေထူးနိုင်‌ဆီကတောင် ပညာပြန်သင်မယ်ဖြစ်ခဲ့ပါသေးတယ်။နေထူးနိုင်နဲ့ထက်ထက်ထွန်းက လှတော‌သားကွဖျားသွားမယ်ဆိုတဲ့ ဇာတ်ကားကြီးမှာ ပထမဆုံးအကြိမ်အတူဆုံဖူးသူပါ။နေထူးနိုင်ကတော့ ပရိတ်သတ်တွေ Troll တာခံနေရပေမယ့် သူ့နယ်ပယ်မှာတော့ ပြိုင်ဘက်မရှိတဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာ ငြင်းမရပါဘူး။ super hero ဇာတ်ကားဆိုတာနဲ့ နေထူးနိုင်ကို ပြေးမြင်ကြတဲ့အထိ အောင်မြင်စွာဇာတ်ကားတွေရိုက်ကူးနိုင်နေတာမို့ ထက်ထက်ထွန်းတစ်ယောက်ဖားခဲ့ရပြန်ပါတယ်။ပုံမှန်ဆိုရင် အမှန်တရားတွေပြောတတ်ပေမယ့် လူချင်းတွေ့ချိန်မှာတော့ Super hero ဇာတ်ကားတွေ စိတ်ဝင်စားလို့ရိုက်ကူးချင်တယ်ဆိုပြီး အပိုစာသားတွေပြောနေခဲ့တာလည်းဖြစ်ပါတယ်။


ဇာတ်ကားတွဲရိုက်ရတဲ့ မင်းသားတွေကို အမြဲဖားတတ်တဲ့ ထက်ထက်ထွန်းတစ်ယောက်အခုလည်း နိုင်ငံကျော်မင်းသားကြီးဖြစ်တဲ့ နေတိုးနဲ့ တွဲရိုက်ရချိန်မှာ သွားတောင်မစေ့နိုင်တော့ပါဘူး။ထက်ထက်ထွန်းကတော့ ဂန္တဝင်ငတိုးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသားကြီးနေတိုးနဲ့ တွဲဖက်ရိုက်ကူးခွင့်ရထားတာလည်းဖြစ်ပါတယ်။မင်းသားနေတိုးနဲ့ အတူတွဲရိုက်ခွင့်ရတဲ့ သူ့ရဲ့ ပထမဆုံးဇာတ်ကားကြီးမို့ ပျော်ရွှင်မဆုံးဖြစ်နေခဲ့တဲ့ ထက်ထက်ထွန်းကတော့ နေတိုးက သူ့ငယ်ငယ်ကတည်းက အားပေးပြီး ကြိုက်ခဲ့ရတဲ့ မင်းသားကြီးဆိုပြီး ချုပ်ဆေးတွေကျွေးနေခဲ့ပါပြီ။
သရုပ်ဆောင်အသစ်တစ်ယောက်ဖြစ်ပေမယ့် နေတိုးနဲ့ တွဲရိုက်ခွင့်ရတာကြောင့် ပျော်ရွှင်‌နေတာကို ပရိတ်သတ်တွေကနားလည်ပေမယ့် အသက် ၁၀နှစ်လောက်သာကွာပြီး ငယ်ငယ်လေးကတည်းက အားပေးခဲ့ရတယ်ဆိုတာကြောင့် ပရိတ်သတ်ကြားရယ်စရာဖြစ်နေခဲ့တာပါ။ဇာတ်ကားရိုက်ကူးရင်သာ ကာရိုက်တာမျိုးစုံအောင် သရုပ်ဆောင်နိုင်ပေမယ့် အပြင်မှာ အနေအေးတဲ့ နေတိုးကတော့ လက်လက်ထနေတဲ့ ထက်ထက်ထွန်းနဲ့ တွဲရိုက်ရင်မူးနောက်နေတော့မှာ အသေအချာပါဘဲနော်။‌

နေတိုးကတော့ လူငယ်တွေဆီကနေ အတုယူရတာတွေရှိတယ်ဆိုပြီးပြောနေပေမယ့် လက်တွေ့မှာတော့ စိတ်ညစ်နေမှာအမှန်ပါဘဲ။ဇာတ်ကားရိုက်ကူးရင် နေတိုး တစ်ယောက် မူး၊မမူးမသေချာပေမယ့် လောလောဆယ်မှာတော့ အင်တာဗျူးနဲ့ တင် ပရိတ်သတ်တွေကမျက်စိနောက်နေရပြီလည်းဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...