ရေဘေးသင့်ပြည်သူတစ်ယောက်ကို သိန်း၂၀စီထိထိမိမိလှူဒါန်းခဲ့တာကြောင့် ကြည့်မိသူတိုင်းပီတိဖြစ်ခဲ့ရတဲ့ ခိုင်နှင်းဝေရဲ့အလှူ

Celebrity Local News
ရေဘေးသင့်ပြည်သူတစ်ယောက်ကို သိန်း၂၀စီထိထိမိမိလှူဒါန်းခဲ့တာကြောင့်
ကြည့်မိသူတိုင်းပီတိဖြစ်ခဲ့ရတဲ့ ခိုင်နှင်းဝေရဲ့အလှူ


အများပြည်သူရဲ့ အကျိုးကို ဆောင်ရွက်တတ်တာကြောင့် နတ်သမီးတစ်ယောက်လို့ တင်စားခံနေရတဲ့ မင်းသမီးကြီးခိုင်နှင်းဝေကတော့ အခုအခါမှာလည်း လူတိုင်းသာဓုအကြိမ်ကြိမ်ခေါ်နိုင်အောင် လုပ်ပေးခဲ့ပြန်ပါပြီ။ခိုင်နှင်း‌ဝေကတော့ကလေးတွေကိုကယ်ဆယ်နေတဲ့ ပရဟိတမိခင်ကြီးဖြစ်ပေမယ့် တစ်ခြားလိုအပ်တဲ့ လူတွေ ခက်ခဲပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အစွမ်းကုန်ကူညီပေးနေသူဆိုလည်းမမှားပါဘူးနော်။ပရဟိတအလုပ်တွေကိုလုပ်လာတာ နှစ်အတော်ကြာခဲ့သလို လူတိုင်း‌အပေါ်ထားတဲ့ မေတ္တာစေတနာတွေကြောင့် လူတိုင်းရဲ့ ယုံကြည်မှုကို ရထားတယ်ဆိုတာ အခုရေဘေးမှာ လက်တွေ့မြင်ရမှာပါ။

အခု ဖြစ်ခဲ့တဲ့ ရေဘေးက မြန်မာနိုင်ငံမှာ အကြီးဆုံး သဘာဝဘေးအန္တရာယ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။မြို့တော်တော်များများမှာ ရေကြီးခဲ့တဲ့ မြင်ကွင်းဟာ ကြည့်မိသူတိုင်းအတွက် စိတ်မကောင်းဖြစ်ခဲ့ရတဲ့အထိပါဘဲ။ခြေတံရှည်အိမ်တွေတောင် ခေါင်မိုးလောက်သာ လွတ်တဲ့အထိ ရေကြီးတာကကြောက်စရာကောင်းလွန်းခဲ့ပါတယ်။ရေကြီးချိန်မှာ ရေတွေအလုံးအရင်းနဲ့ ဝင်ရောက်လာတာမို့ ဘယ်သူမှ ပြေးလို့မရခဲ့ဘဲ အသက်မသေအောင်သာ အပင်တွေပေါ်မှာ မှီခိုပြီး နေထိုင်ခဲ့ကြသလို ခေါင်းမိုးတွေပေါ်တတ်ပြီး လာပြီးကယ်ဆယ်ပေးကြမယ့်လူတွေကို စောင့်မျှော်နေခဲ့ကြရတဲ့အဖြစ်ပါ။

လူတွေရဲ့ စည်းစိမ်ဥစ္စာသာမကဘဲ အသက်တွေကိုပါခြိမ်းခြောက်ခဲ့တာကြောင့် ဒီရေဘေးမှာ သေ‌ဆုံးသူတွေက အများအပြားပါဘဲ။ရေဘေးကြောင့် သေဆုံးသွားသူတွေအတွက် စိတ်မကောင်းဖြစ်ခဲ့ရသလို ရေဘေးကြီးပြီးဆုံးချိန်မှာ နေစရာ၊စားစရာမရှိတဲ့ ပြည်သူတွေအတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။သေဆုံးသွားတဲ့ လူတွေအတွက် ဘာမှမတတ်နိုင်တော့ပေမယ့် ကျန်ခဲ့တဲ့ ပြည်သူတွေရဲ့ ဒုက္ခအပူလုံးတွေ လျှော့ကျသွားအောင် ပြည်သူအားလုံးက ဖေးမကြသလို မင်းသမီးခိုင်နှင်းဝေကတော့ စွမ်းစွမ်းတမံပါဘဲ။

လူတိုင်းကိုကယ်ဆယ်နေတဲ့ မင်းသမီးကြီးခိုင်နှင်းဝေက အခုရေဘေးမှာ လူတွေကိုကယ်ဆယ်နိုင်အောင် ကြိုးစားခဲ့တာအခုအချိန်မှာ အရာထင်ခဲ့ပါပြီ။ကိုယ်တိုင်က သိန်း၃၀၀ မတည်ပြီး လှူဒါန်းမှုစတင်ခဲ့ပြီး သူ့ကိုယုံကြည်လေးစားကြတဲ့ လုပ်ငန်းရှင်တွေ၊ပြည်သူတွေနဲ့ အနုပညာရှင် အများစုက ခိုင်နှင်းဝေဆီမှာ လာရောက်လှူဒါန်းပေးခဲ့ကြတာ အားလုံးတွေ့မြင်ရမှာပါ။မင်းသား၊မင်းသမီးတွေက ငွေကို ဆယ်ချီ၊ရာချီပြီး လှူဒါန်းကြသလို လုပ်ငန်းရှင်တွေကလည်း သိန်းရာချီထောက်ပံ့ကူညီပေးခဲ့တာ အတိုင်းမသိ ဝမ်းသာစရာကောင်းလွန်းခဲ့ပါတယ်။လူတွေအပေါ်ထားတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ရင်းစေတနာမှန်တယ်လို့ဆိုရမှာပါ။အလှူငွေကောက်ခံတဲ့ Post တင်ပြီး ၃ရက်အတွက် အလှူငွေ သိန်း၆၀၀၀ကျော်ရခဲ့တာကြောင့် ခိုင်နှင်းဝေအနေနဲ့လည်း ကျေနပ်ပီတိဖြစ်ရသလို မြင်တွေ့ရတဲ့ ပရိတ်သတ်တွေကပါ ဝမ်းသာ မဆုံးအောင်ပါဘဲ။

ကလေးတွေအပေါ်၊ပြည်သူတွေအပေါ်မှာ ထားတဲ့ သူ့ရဲ့ မေတ္တာစစ်ကြောင့် လူတွေယုံကြည်မှုကို ရခဲ့ပြီး ၃ရက်အတွင်းထင်မထားလောက်အောင်များပြားတဲ့ အလှူငွေတွေကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။မင်းသမီးကြီးခိုင်နှင်းတေကတော့ ရလာတဲ့ ငွေကြေးတွေကို ရေဘေးသင့်ပြည်သူတွေပြန်လည်ထူထောင်ဖို့အတွက် အသုံးပြုသွားမယ်ဆိုပြီး ‌ပြောကြားခဲ့သလို သူ့ရဲ့ တာထွက်အလှုမှာတင် ပရိတ်သတ်တွေလည်း ပီတိဖြစ်ခဲ့ရသလို ဒုက္ခရောက်နေတဲ့ ရေဘေးသင့်ပြည်သူတွေ အနေနဲ့လည်း အပူလုံးတစ်ခုလျှော့ခဲ့ရတဲ့ အထိ ထိရောက်ခဲ့ပါတယ်။

ခိုင်နှင်းဝေ ပထမဆုံးလှူတန်းတဲ့ နေရာကတော့ ပျဉ်းမနားမြို့က လေသာရွာကိုပါ။အခြေအနေအရမ်းဆိုးရွာနေတဲ့ လေသာရွာကို စတင်ပြီး လှူတန်းမှုတွေစတင်လုပ်ကိုင်ချိန်မှာ အားလုံးပီတိဖြစ်ခဲ့ရပါတယ်။လေသာရွာကို လှူဖို့ ရောက်သွားချိန်က ညဘက်ကြီးရောက်သွားပေမယ့် လှူချင်ဇောနဲ့ ဘယ်အရာကိုမှ မကြောက်ရွံတော့ပါဘူး။ရွာကိုရောက်ချိန်မှာ အိမ်တစ်ချို့ ပြိုပျက်ပြီး ကွင်းပြင်ကြီးဖြစ်နေတာကို ကြည့်ပြီး ခိုင်နှင်းဝေတစ်ယောက် စိတ်မကောင်းအတော်ဖြစ်ခဲ့ရပါတယ်။အိမ်ဆိုတာလူတိုင်းအတွက် နားခိုရာတစ်ခုဖြစ်ပေမယ့် အခုလိုအိုးအိမ်ပျောက်ဆုံးသွားရတဲ့ပြည်သူတွေကတော့ ပြောမပြတတ်အောင်ခံစားနေရမှာ အမှန်ပါဘဲ။

ခိုင်နှင်းဝေကတော့ အလှူငွေသိန်း၆၀၀၀ ထဲက အိမ်လုံးဝမရှိတော့တဲ့ မိသားစုတစ်စုကို သိန်း ၂၀ နဲ့ အိမ်ထောင်စု ၂၅စုကို ထောက်ပံ့ပေးခဲ့သလို ရေဘေးသင့်ခဲ့ရတဲ့ အိမ်ခြေ ၁၀၀ကိုလည်း တစ်အိမ်ထောင် ၁သိန်းစီ ထောက်ပံ့ပေးခဲ့ပါတယ်။မထင်မှတ်ထားတဲ့ ခိုင်နှင်းဝေရဲ့ ငွေကြေးအလှူကြောင့် ရွာသားတွေအတွက် မျော်လင့်ချက်ရောင်ခြည်တွေသန်းခဲ့ရပါပြီ။အိမ်မရှိတဲ့ ကွင်းပြင်ကြီးကိုကြည့်ပြီး စိတ်ဓာတ်ကျခဲ့ပေမယ့် သိန်း၂၀ဆိုတဲ့ အမောင့်က သူတို့အတွက် ပြန်ပြီးထူထောင်နိုင်ဖို့ ခွန်အားတစ်ခုဖြစ်ခဲ့တာကြောင့် ရွာသူရွာသားတွေလည်း ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်။

ပရိတ်သတ်တွေက‌လည်း ‌ခိုင်နှင်းဝေတစ်ယောက်လိုအပ်တဲ့ စားသောက်ဖွယ်ရာ ပစ္စည်းတွေဘဲ လှူဒါန်းမယ်ထင်ခဲ့ပေမယ့် မထင်မှတ်ဘဲငွေကြေးလှူခဲ့တာကြောင့် ကြားကနေ ပီတိကူးဆက်ပြီးပျော်ရွှင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ပထမဆုံးအလှူမှာတင် လူရာချီကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သလို နောက်ထပ်ပြည်သူဘယ်လောက်ကို ဝမ်းသာအောင် လုပ်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ပြီး သာဓုခေါ်ရအုံးမှာလည်းဖြစ်ပါတယ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...