ရေဘေး အလှူလုပ်ရင်း မနောအင်မတန်ပျ-က်ခဲ့ရတဲ့ ပိုးကြာဖြူခင်

Celebrity Local News
ရေဘေး အလှူလုပ်ရင်း မနောအင်မတန်ပျ-က်ခဲ့ရတဲ့ ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ဟာ ပြည်သူချစ်တဲ့ မင်းသမီးတစ်လတ်ပါ။MRTV -4 က စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်လတ်ဖြစ်ပြီး ဇာတ်လမ်းတွဲ‌ရိုက်ကူးရင်း ပရိတ်သတ်ရင်ထဲရောက်လာခဲ့သူလည်းဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကိုတော့ ပရိတ်သတ်တွေက မိုးကောင်းကင်အိမ်မက်ဇာတ်လမ်းတွဲထဲက ဆိုင်းမိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ယနေ့ထိသဘောကျအသိအမှတ်ပြုဆဲပါ။ဇာတ်လမ်းတွဲတွေနဲ့အောင်မြင်မှုရရှိခဲ့ပြီး ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိထားခဲ့ပေမယ့် အိမ်ထောင်ကျတဲ့ အချိန်မှာတော့ ပရိတ်သတ်တွေကအားမပေးတော့တဲ့အပြင် ဝေဖန်နေခဲ့ကြပါတယ်။

မင်းသမီး ပိုးကြာဖြူခင်က အလှူတန်းတွေဆက်တိုက်လုပ်နေသူပါ။ အခုတစ်ခါမှာလည်း ရေဘေးသင့်တဲ့ သူချစ်တဲ့ရွာလေးကို အလှူလုပ်ဖို့သွားရင်းက မနောပျက်ခဲ့ရတဲ့ အတွေ့အကြုံလေးကို ပြောပြလာပါတယ်။ ထိုရွာမှာလည်း သူမတို့ပိုင်ဆိုင်တဲ့ ခြံကွက်လေးရှိပြီး ထိုခြံကွက်အခြေအနေကိုသွားကြည့်ရင်း အလှူလုပ်ရာက စိတ်ပျက်စရာ အခြေအနေတခုနဲ့ ကြုံခဲ့ရပါတယ်။ သူမအမျိုးသားနှင့်အတူ Tik Tok တွဲရိုက်ပြီးနောက် ရွှေလုပ်ဖို့ မြေလာကြည့်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တွဲရိုက်တင်ထားသူတစ်ဦးကြောင့် ဒေါသဖြစ်ခဲ့ရတာပါ။ အလှူလုပ်ဖို့သွားတာဖြစ်ပြီး ရွှေလုပ်ရန်သွားရောက်ကြည့်ရှုတာမဟုတ်တာကြောင့် မနောပျက်ခဲ့ရတာပါ။

ပိုးကြာဖြူခင်က “မနော အရမ်း ပျက်လိုက်တာ
ကျမတို့က အလှူလုပ်တယ် ခရီးထွက်တယ် ရေဘေးလှူဖို့ မအားတဲ့ကြား နေမကောင်းတဲ့ကြားက ကိုယ်ချစ်တဲ့ ရွာလေးမို့ စေတနာနဲ့ သွားလှူတာပါ တွေ့လို့မြင်လို့ Tik Tok တွဲရိုက်ချင်တယ် ဘေးကနေ ဖြတ်သွားရင်း မြင်လို့ ရိုက်လိုက်တယ် ရပါတယ် အရမ်းခွင့်ပြုပါတယ် ဒါပေမဲ့ကွယ် ဘယ်နှယ့် ရေကြီးလို့ ရေမြုပ်တဲ့ထဲပါသွားတဲ့ မြေကွက်လေး ရေပြန်ကျသွားလို့ အဆင်ပြေလား သွားကြည့်တာ ကို ရွှေလုပ်ဖို့ လေ့လာနေပါတယ် ဘာညာနဲ့ ကိုယ့်လင်နား ပြေးကပ်ရိုက် မြေကြီးကလော်လိုက် ပြေးကလိုက်ဆိုတော့ အလှူကြီးက ဘာဖြစ်သွားပြီလဲ 🥹🥲 နေမကောင်းပါဘူးဆို မနောပျက်တယ်နော် ကိုယ့်ဟာကို follower တက်ချင် လို့ နာမည်ကြီးတဲ့သူနဲ့တွဲရိုက်ချင်ရင်လဲ ကာလနဲ့ဒေသကို အရင်ကြည့်ပါဦး ဒီလောက် ရေကြီးလို့ သောကဝေနေကြရတာကို ဒေသခံတွေကိုလဲ အားနာကြပါဦး နဂိုထဲက ရွှေလုပ်ကြတဲ့ ဒေသမို့ ရွာခံတွေ က နားလည်ပေးကြပေမဲ့ ကျမကတော့ အားနာတယ် ဒီတိုင်းကချင်သပဆိုလဲ ကနော် ရတယ်နော်

 

ဒါပေမဲ့ တကယ်လဲ မဟုတ်ပဲ တို့လင်မြင်တာနဲ့ ရွှေသမားပဲ ငါတွဲရိုက်လိုက်မယ်ဆိုပီး ရွှေလေ့လာနေပါတယ် ဆိုတဲ့ ခေါင်းစဉ်ကြီးလာ မထိုးနဲ့ တကယ်လေ့လာချင်ရင် တွေ့ခဲ့တဲ့ရွာခံ အကိုကြီးတွေ မိသားစုအတွက် အပင်ပန်းခံ ရွှေရှာသလို ရေထဲဝင်စိမ်ပြီး အင်ဝိုင်းလှည့်တာ ပဲ အရင်သင် ကန့်လန့်ကန့်လန့်နဲ့ သူများအလှူကိုမဖျက်စီးနဲ့ ခင်လဲ မခင်သလို ဖိတ်လဲ မဖိတ်ခေါ်ဘူးနော် နောက်အလှူများကျ မလာပါနဲ့ အတူသွားတဲ့ အမတွေကိုတော့ အားနာပါတယ်” ဆိုပြီးသူမခံစားချက်တွေ ပရိသတ်သိအောင်ပြောပြလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...