သဘောထားခြင်းမတိုက်ဆိုင်လို့ ဇနီးဖြစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဝမ်းနည်းစွာပြောပြလာတဲ့ Anonimus

Celebrity Local News
သဘောထားခြင်းမတိုက်ဆိုင်လို့ ဇနီးဖြစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း
ဝမ်းနည်းစွာပြောပြလာတဲ့ Anonimus


ပရိတ်သတ်ကြီးရေ .. Anonimus ကတော့ “ထားလိုက်ပါ” သီချင်းနဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီး အနုပညာလောကမှာ အချိန် တိုအတွင်းအောင်မြင်မှုရရှိခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ် ပါတယ်..အခုဆိုရင်သူကိုယ်တိုင်ရေးပြီးဆိုခဲ့တဲ့ သီးတွေများစွာ ရရှိပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်.. မကြာသေးခင်က Anominus ကသူရဲ့ ငယ်ချစ်ဦးနဲ့ လက်ထပ်ခဲ့တယ်လို့ သိခဲ့ရပြီး အခုတစ်ခါ မှာတော့ အိမ်ထောင်ရေးအဆင်မပြေလို့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အသိပေးလာခဲ့ပါတယ်..

ကျွန်တော် အသိပေးစရာ ရှိလို့ပါ ခင်ဗျာ။ကျွန်တော်တို့ နှစ်ဦး သည် စိတ်သဘောထား မတိုက်ဆိုင်ပါသဖြင့် ကျွန်တော်တို့ နှစ် ဦးသဘောတူ ကွာရှင်းပြတ်ဆဲပြီး ဖြစ်ကြောင်းကို ကျွန်တော် ချစ်ခင်လေးစားရတဲ့ ပရိတ်သတ်တွေ အားလုံးကို အသိပေး အကြောင်းကြားအပ်ပါတယ် ခင်ဗျာ။ကျွန်တော့်ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အခြေအနေမှန် အားလုံးကို လည်း ကျွန်တော့် မိသားစု မိဘ ဆရာသမားမိတ်ဆွေ အမာခံ ပရိတ်သတ်တွေအားလုံး သိပြီးသားမို့ တစ်ဖက်မိန်းခလေးရဲ့ ဂုဏ်သိက္ခာကို ငဲ့ညာ စာနာသောအားဖြင့် ကျွန်တော် အကျယ် တစ်ဝန့် မရှင်းပြတော့ပါဘူး ခင်ဗျာ။

ကျွန်တော်နှင့် ဆက်စပ်ပြီး…စိတ်မချမ်းသာစရာတွေစိတ်အ နှောက်အယှက် ဖြစ်စရာတွေ စိတ်ရှုပ်စရာတွေ အာရုံနှောက် စရာတွေ အမြင်မတော်စရာတွေ ဖြစ်ပွားခဲ့ပါက ကျွန်တော့်ပေါ် ကို နားလည် ခွင့်လွှတ်ကြတဲ့ အနေနဲ့လစ်လျူရှုပေးကြပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။ကျွန်တော့် လူငယ်တစ်ယောက် အနေနဲ့ မသိ နားမလည်လို့ ရိုးသားစွာ မှားယွင်းခဲ့တဲ့ အမှားတွေ ပေါ်မှာလည်း ကျွန်တော့်ကို ချစ်ခင် အားပေးကြတဲ့ အမာခံ ပရိတ်သတ်များအားလုံး ကျွန်တော့်အပေါ် စာနာ နားလည် ခွင့် လွှတ် ပေးနိုင်ကြလိမ့်မယ်လို့လည်း ကျွန်တော် အများကြီး မျှော်လင့်ပါတယ် ခင်ဗျာ။ကျွန်တော့်ရဲ့ အခက်ခဲဆုံး အကျပ် တည်းဆုံး အချိန်တွေမှာ ဝိုင်းဝန်းကူညီ စောင့်ရှောက် ပံ့ပိုး ကယ်တင်ပေးခဲ့ကြတဲ့…ကျွန်တော့်ရဲ့ မိသားစု မိဘများဆရာသမား မိတ်ဆွေ ကျွန်တော် ချစ်ခင် လေးစားရတဲ့ ပရိတ်သတ်အမာခံ အားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခွင့် ပြုပါ ခင်ဗျာ။ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ရှေ့ဆက် လျှောက်မယ့် ဘဝလမ်းခရီးလမ်းမှာခွန်အားဖြစ်စေမယ့် လေးများ မျှဝေ ပြောကြားပေးခဲ့ကြပါအုန်း ခင်ဗျ။ လို့ဝမ်း နည်းစွာပြောပြခဲ့ပါတယ်..


ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...