ကလေးမရနိုင်တဲ့အားနည်းချက်ကြောင့် ပတ်ဝန်းကျင်ရဲ့စကားတွေကြောင့် သိမ်ငယ်စိတ်တွေနဲ့ နေထိုင်နေရတဲ့ နန်းစန္ဒာလှထွန်း

Celebrity Local News
ကလေးမရနိုင်တဲ့အားနည်းချက်ကြောင့် ပတ်ဝန်းကျင်ရဲ့စကားတွေကြောင့်
သိမ်ငယ်စိတ်တွေနဲ့ နေထိုင်နေရတဲ့ နန်းစန္ဒာလှထွန်း

အနုပညာလောကမှာ ပရိတ်သတ်ချစ်ခင်မှုကိုရထားတဲ့ နန်းစန္ဒာလှထွန်းကတော့ အခုအချိန်မှာ အနုပညာအလုပ်တွေကိုရပ်နားထားတာ ၁နှစ်ပြည့်တော့မှာလည်းဖြစ်ပါတယ်။အနုပညာလောကထဲကို ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း အောင်မြင်ခဲ့တဲ့ နန်းနန်းကတော့ အနုပညာအလုပ်တွေကို ယောကျာ်းယူပြီးမှ အနားယူခဲ့တာပါ။ပဉ္စလက်ရွာဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်ရင်ထဲရောက်လာခဲ့သလို အောင်မြင်တဲ့ မင်းသမီးတစ်‌ယောက်အဖြစ် ဇာတ်လမ်းတွဲများစွာကိုရိုက်ကူးနိုင်ခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အသံဝဲဝဲလေးကြောင့် အမျိုးသားထုကြီးရဲ့အားပေးဝန်းရံတာကိုခံရတဲ့အပြင် အမျိုးသမီးပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကိုပါရရှိထားတဲ့ မင်းသမီးတစ်လတ်ပါ။နန်းနန်းကတော့ အနုပညာအလုပ်တွေမှာ အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ်ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး သူပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းကလည်း ပရိတ်သတ်အကြိုက်နဲ့ထပ်တူကျခဲ့တဲ့ ဇာတ်ကားတွေကြီးပါဘဲ။ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ ဆိုတဲ့ ဇာတ်လမ်းတွဲဆိုရင် ပီပြင်တဲ့ သူမရဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေဒေါသထွက်ပြီးပြောဆိုခဲ့ကြတဲ့အထိပါဘဲ။

ဇာတ်လမ်းထဲမှာသာ ရှပ်ပြာလူးနေပေမယ့် အပြင်မှာတော့ အေးဆေးတည်ငြိမ်သူတစ်ယောက်ပါ။အင်တာဗျူးတွေဘယ်လောက်ဖြေဖြေ အချစ်ရေးသိပ်မ‌ပြောဘဲ အလုပ်အကြောင်းလောက်သာပြောတတ်တဲ့ နန်းနန်းကတော့ အိမ်ထောင်ပြုချိန်မှာလည်း အားလုံးကို Suprise တိုက်ခဲ့ပြီး လက်ထပ်ပွဲကျင်းပခဲ့ပါတယ်။အချစ်ရေးမှာ အေးဆေးတည်ငြိမ်တဲ့နန်းနန်းကတော့ ၂၀၂၃ နိုင်ဝင်ဘာမှာ ချစ်ရသူနဲ့ ပျော်ရွှင်စရာကောင်းတဲ့ လက်ထပ်ပွဲကိုကျင်းပခဲ့တဲ့‌အပေါ်မှာတော့ ဝမ်းသာပေးခဲ့ကြတဲ့ ပရိတ်သတ်တွေရှိပေမယ့် သတို့သားရုပ်ဆိုးလို့ ငွေမက်ပြီးယူတယ်ဆိုတဲ့ ဝေဖန်မှုတွေက‌လည်းအများအပြားပါဘဲ။

ဝေဖန်မှုတွေရှိနေပေမယ့် ဖြေရှင်းချက်တွေမပေးခဲ့ဘဲ အခုနောက်ပိုင်းမှာ အမျိုးသားရဲ့ အချစ်ကြောင့် ကလေးဘဝကိုပြန်ရောက်နေတယ်ဆိုပြီး အချစ်ခံရတဲ့ အကြောင်းတွေပြောပြီး ဝေဖန်မှုတွေကိုရပ်တန့်ခဲ့တာလည်းဖြစ်ပါတယ်။နန်းစန္ဒာလှထွန်းကတော့ အိမ်ထောင်ရေးမှာ ကံကောင်းသူတစ်ယောက်လို့တောင်သတ်မှတ်လို့ရပါတယ်။အိမ်ထောင်ကျသွားခဲ့ပေမယ့် သူ့အတွက် ပြောင်းလဲသွားတာမရှိဘဲ ကလေးတစ်ယောက်လိုမျိုး လွတ်လပ်ပျော်ရွှင်နေဆဲပါဘဲ။အိမ်ထောင်ကျသွားပေမယ့်လည်း အိမ်ထောင်တာဝန်တွေကို ထမ်း‌ဆောင်စရာမလိုဘဲ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

အမျိုးသားဖြစ်သူကတော့ မRO တတ်ပေမယ့် အရမ်းချစ်တတ်သူတစ်ယောက်ပါ။အမှတ်တရနေ့တွေ၊အထိမ်းအမှတ်နေ့တွေမှာ လက်ဆောင်ပေးတာ ၊Suprise တိုက်တာတွေမလုပ်တတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။လက်ဆောင်မပေး၊မRo တတ်ပေမယ့် လိုချင်တာမှန်သမျှအကုန်ဝယ်ပေးတတ်တယ်လို့ဆိုပါတယ်။ချုပ်ခြယ်မှုမရှိတဲ့ အမျိုးသားကိုပိုင်ဆိုင်ထားပေမယ့်အနုပညာ‌အလုပ်တွေနဲ့ အလှမ်းဝေးနေခဲ့တာ ၁နှစ်နီးပါးလောက်ရှိခဲ့ပါပြီ။အိမ်ထောင်ကျလို့ အနုပညာအလုပ်တွေရပ်နားလိုက်တာမဟုတ်ဘဲ ပြီးပြည့်စုံတဲ့ မိသားစုဘဝ ပိုင်ဆိုင်လို့ ခဏရပ်နားထားခဲ့တာပါ။

အသက် ၃၀ဝန်းကျင်သာရှိသေးပေမယ့် နန်းနန်းကတော့ ကလေးမရနိုင်လို့ ဖန်ပြွန်သန္ဓေနဲ့ယူဖို့ပြင်ဆင်နေခဲ့တာ အားလုံးသိကြမှာပါ။ချစ်သူသက်တမ်းကြာပြီဖြစ်တဲ့ သူတို့နှစ်ယောက်လက်ထပ်လိုက်တာ ကလေးယူဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပေမယ့် ကလေးမရနိုင်ဘူးဆိုတဲ့ စကားကြောင့် နန်းနန်းတစ်ယောက် Shock အကြီးကြီးရခဲ့တာလည်းဖြစ်ပါတယ်။သူများတွေမှာ ကလေးရဖို့လွယ်ကူပေမယ့် ခက်ခဲနေတဲ့ သူ့ဘဝကိုကြည့်ပြီး စိတ်ပျက်မိမှာအမှန်ပါဘဲ။

သားလေးဆို အဖေနဲ့တူစေချင်သလို၊သမီးလေးဆိုရင် သူနဲ့တူအောင်မွေးဖို့ စိတ်ကူးယဉ်ခဲ့ပေမယ့် သဘာဝအတိုင်းရဖို့ မဖြစ်နိုင်တာမို့ စိတ်ဓာတ်ကျခဲ့ပေမယ့် အခုအချိန်မှာ အသက်အရွယ်ရတုန်း ဖန်ပြွန်နဲ့ယူဖို့ပြင်ဆင်နေပါပြီ။ငွေရှိတိုင်း ကလေးရဖို့လွယ်ကူတာမဟုတ်ဘဲ ဟော်မုန်းဆေးတွေသောက်ရင်း ဖန်ပြွန်နဲ့စမ်းသပ်ပေမယ့် လွဲချော်နေတုန်းပါဘဲ။ခဏခဏစမ်းသပ်ရလို့ လူပင်ပန်းစိတ်ပင်ပန်းနေရသလို ပတ်ဝန်းကျင်ရဲ့ ‌‌အပြောတွေကြောင့်ပါ အိမ်ထဲကနေ မထွက်နိုင်ဖြစ်ခဲ့ရပါတယ်။

ကလေးမရဘူးလို့ တရားဝင်ပြောထားပေမယ့် ကလေးဘယ်တော့ရမှာလဲ၊မယူသေးဘူးလားဆိုပြီး မဆိုင်ဘဲစပ်စုနေတဲ့ လူတွေကြောင့် နန်းနန်းတစ်ယောက်စိတ်ဓာတ်ကျနေရပါပြီ။အပြင်ထွက်တိုင်းနှုတ်ဆက်စကားလိုမျိုး အားတိုင်းပြောနေတာမို့ အပြင်ကိုတော်ရုံမထွက်ဘဲ အိမ်တွင်းအောင်းနေခဲ့တာလည်းဖြစ်ပါတယ်။ဝေဖန်သူတွေ၊စပ်စုသူတွေရှိပေမယ့် အမျိုးသမီးချင်းကိုယ်ချင်းစာပြီး နားလည်ပေးတဲ့ လူတွေကြောင့်သာ အခုလိုမျိုးပရိတ်သတ်တွေရှေ့ပြန်ထွက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။နန်းနန်းကတော့ ဝေဖန်မှုတွေကို ဂရုမစိုက်တော့ဘဲ Family goal တစ်ခုကိုဖန်တီး‌နိုင်အောင်ကြိုးစားပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။

ရေးသားသူ – One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...