“ကျနော်သာ ရေဘေးသင့်ရင် ရူးသွားနိုင်တယ်” ပိုင်ဇေရဲထွန်း

Celebrity Local News
“ကျနော်သာ ရေဘေးသင့်ရင် ရူးသွားနိုင်တယ်” ပိုင်ဇေရဲထွန်း

သရုပ်ဆောင်ပိုင်ဇေရဲထွန်း ကတော့ တစ်ချိန်ကပျိုတိုင်းကြိုက် နှင်းဆီခိုင်မင်သား တစ်ယောက်ဖြစ် ခဲ့တာပါ၊အနုပညာလောကမှာအောင်မြင်ခဲ့သူပဲဖြစ်ပါတယ်။ကျရာ ဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ် ရဲ့ အားပေးမှုကိုအခိုင်အမာ ရရှိထားပါတယ်။ သူ့ရဲ့ချောမောတဲ့ရုပ်ရည်ကြောင့် သူ့ခေတ်သူ့အခါက အချောဆုံးစာရင်းဝင်မင်းသားတယောက်လည်းဖြစ်ပါတယ်။

အိမ်ထောင်ပြုသွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်ကို စွန့်ခွာပြီး ဇနီးချောလေးနဲ့သားသမီးတွေကို အချိန်ပေးရင်း ပျော်ရွှင်စရာမိသားစုဘဝလေးနဲ့ဖြတ်သန်းနေခဲ့တာပါ။

အခုတစ်ခါမှာတော့ နိုင်ငံတဝန်းဖြစ်သွားခဲ့တဲ့ ရေဘေးဒုက္ခနဲ့ပက်သက်ပြီး သူ့ရဲ့ ခံစားချက်ကို ပရိသတ်တွေကို ဝေမျှပေးလာတာပဲဖြစ်ပါတယ်။ “‘သားသမီး (၃) ယောက် အဖေ ဆိုတော့ ရေဘေးဒေသမှာ မိဘ နဲ့ သားသမီး ကွဲသွားတာတွေ မြင်ရချိန်မှာ အရမ်း ဝမ်းနည်းမိတယ်။ ကိုယ်သာဆို သူတို့လို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ ရူးသွားနိုင်တယ်’” လို့ ရေဘေးသင့်ပြည်သူတွေကို ကိုယ်ချင်းစာပြီးပြောပြလာတာပဲဖြစ်ပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...