ခက်ခဲနေတဲ့ ကယား ရေဘေး ကို သိန်း၅၀၀၀လှုနိုင်တာ အမောပြေရတယ် ဆိုတဲ့ ခိုင်နှင်းဝေ…

Celebrity Local News
ခက်ခဲနေတဲ့ ကယား ရေဘေး ကို သိန်း၅၀၀၀လှုနိုင်တာ
အမောပြေရတယ် ဆိုတဲ့ ခိုင်နှင်းဝေ…

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရဟိ တအလုပ်တွေကိုလုပ်ကိုင်ရင်း
အနုပညာအလုပ်တွေကိုပါ လုပ်ကိုင်နေတဲ့ ပရဟိတမင်းသမီးတစ်လက်ပဲဖြစ်ပါ တယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း ရင်သွေးလေး များဂေဟာကို ဦးစီးတည်ထောင်ထားသလို အခြားသောပရဟိတအလုပ်တွေကိုလည်းလုပ်ကိုင် နေတာပဲဖြစ်ပါတယ်။အခြေခံပြည်သူလူတန်း စားတွေရဲ့ လိုအပ်တာမှန်သမျှကို ကူညီဆောင်ရွက်ပေး နေတဲ့ ခိုင်နှင်းဝေက မိဘမဲ့ကလေးတွေကိုလည်း မိခင်ရင်းသဖွယ် စောင့် ရှောက်ပေးနေသူပါ ။

အခုတစ်ခါမှာတော့ ရေဘေးသင့်ဒေသတွေကိုတောက်လျှောက်လှူဒါန်းနေတဲ့ ခိုင်နှင်းဝေက ကယားပြည်နယ်အတွက် လှူဒါန်းဖြစ်ခဲ့ပုံလေးကိုပြန်လည်ဝေမျှပေးလာတာပဲဖြစ်ပါတယ်။“လွိုင်ကော် က သွားရေးလာရေး ခက်ခဲပြီး အလှူရှင် ရောက်တာ နည်းတော့ တခြားဒေသတွေလောက် မရတော့ မရောက်ရောက်အောင်လာခဲ့တယ်။ကယား ကို မရောက်ကြဘူး ထင်တာ မရောက်ရောက်အောင်လာပေးခဲ့တယ်။အမောလည်းပြေရပါတယ်။

ကယားပြည်နယ် အတွက် သိန်း (၅) ထောင် နှင့် ပစ္စည်းများ မျှဝေ ကူညီခဲ့ပါတယ်ရှင်..တစ်အိမ်ထောင် (၁၀) သိန်း နှုန်းဖြင့်အိမ်ခြေ (၅၀၀) အတွက် မျှဝေ မှုကို ပီတိကုသိုလ်လေးများ ပွါးများနိုင်ကြပါစေရှင်” ဆိုပြီး လူမှုကွန်ယက်ကတဆင့်ပြန်လည်ဝေမျှပေးလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...