စာရေးဆရာမထက်ထက်ထွန်းနဲ့အထင်မှားနေကြတဲ့သူတွေကို စာဆိုရင် ဘယ်စာမှမဖတ်ကြောင်းဂုဏ်ယူစွာပြောလာတဲ့ အလှမယ်ထက်ထက်ထွန်း

Celebrity Local News
စာရေးဆရာမထက်ထက်ထွန်းနဲ့အထင်မှားနေကြတဲ့သူတွေကို စာဆိုရင်
ဘယ်စာမှမဖတ်ကြောင်းဂုဏ်ယူစွာပြောလာတဲ့ အလှမယ်ထက်ထက်ထွန်း

သွက်လက်ချက်ချာပြီးလှပတဲ့ အလှမယ် မင်းသမီးလေးထက်ထက်ထွန်းကို ပရိတ်သတ်တွေက ထက်မြတ်တဲ့အလှမယ်မင်းသမီးတစ်ဦးအဖြစ်သတ်မှတ်ထားကြပါတယ်။မင်းသမီးထက်ထက်ထွန်းကတော့ သူ့ကိုဒီလိုလေးစားချစ်ခင်နေကြတဲ့ ပရိတ်သတ်ကို စကားလေးတစ်ခွန်းနဲ့ ယုံကြည်လေးစားမှုတွေပျက်ပြယ်သွားအောင်ပြောဆိုလိုက်ပါတယ်။

နာမည်တူမရှား၊လူတူမရှားဆိုသလိုထက်ထက်ထွန်းဆိုတဲ့နာမည်က အနုပညာလောကမှာတင်မကဘဲ စာပေလောကမှာလည်းရှိနေပါသေးတယ်။ထက်ထက်ထွန်း(waterfall) ဆိူတဲ့ ကလောင်နာမည်နဲ့အမျိုးသမီးတွေအတွက် ခွန်အားဖြည့်စာပေတွေ ၊ ကောင်းမွန်တဲ့အကြံဉာဏ်တွေ ၊ စိတ်အေးချမ်းစေမယ့်အကြောင်းအရာတွေရေးသားပေးနေတဲ့ စာရေးဆရာမတစ်ဦးလည်း စာပေလောကမှာရှိနေပါတယ်။စာဖတ်ပရိတ်သတ်အတော်များများကတော့ အနုပညာလောကက ထက်ထက်ထွန်းနဲ့စာရေးဆရာမ ထက်ထက်ထွန်း(waterfall) ကိုမမှားကြပေမယ့် ဒီနှစ်ယောက်ကို တစ်ဦးတည်းလို့ထင်နေကြသူတွေလည်းရှိပါတယ်။

စာရေးဆရာမဆိုတဲ့ Role နဲ့ မင်းသမီးဆိုတဲ့Role တန်ဖိုးခြင်း၊ရပ်တည်ပုံခြင်းမတူကြပါဘူး။သိူ့ပေမယ့် မင်းသမီးထက်ထက်ထွန်းက စာရေးဆရာမလို့အထင်ခံရတဲ့အချိန်မှာ သူဟာစာပေကို မချစ်မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်ကြောင်းဂုဏ်ယူစွာပြောလာပါတယ်။စာမဖတ်တဲ့သူတစ်ယောက် ၊စာဖတ်ပျင်းတဲ့သူတစ်
ယောက် ဖြစ်ရတာဂုဏ်ယူစရာမဟုတ်ပေမယ့်စာပေနဲ့ကင်းကွာရတာကိုတော့အလှမယ်ထက်ထက်ထွန်းက ဂုဏ်လုပ်ကာပြောဆိုလာပါတယ်။

ထက်ထက်ထွန်းက သူများမိန်းကလေးတွေဆိုရင် ငယ်ငယ်တုန်းကဝတ္ထုတွေတအားဖတ်ကြပေမယ့် သူကတော့တစ်ခါမှမဖတ်ဖူးဘူးလို့ဆိုပါတယ်။စာဆိုရင်ကာတွန်းလောက်ပဲဖတ်ပြီး ကာတွန်းတောင် (၂)မျက်နှာ ၊ (၃)မျက်နှာလောက်ဆိုကျော်ပစ်တာလို့ဆိုပါတယ်။ဒါ့ကြောင့်သူ့ကို အရမ်းအထင်မကြီးကြဖို့ပြောလာပါတယ်။
ဒီလိုစာပေကိုလည်းမချစ်သလို စာပေနဲ့လည်းကင်းကွာနေတဲ့ ထက်ထက်ထွန်းက မယ်မင်းဘုံကိုတောင် စာရေးဆရာမ မှန်းမသိခဲ့ပါဘူး။မယ်မင်းဘုံနဲ့ ဇာတ်ကား
တွေအတူရိုက်နေချိန်မှာတောင် ဒါရိုက်တာတစ်ယောက်လို့ပဲ ထင်ခဲ့တဲ့သူပါ။မယ်မင်းဘုံကိုတောင် စာဆရးဆရာမှန်းမသိခဲ့တဲ့ ထက်ထက်ထွန်းက မယ်မင်းဘုံနဲ့ပြိုင်ပြီး စကားနိုင်လုနိုင်တဲ့အထိ စကားတတ်တဲ့သူပါ။စကားပြောတတ်ဆိုတတ်တဲ့အရည်အချင်းရှိတဲ့ထက်ထက်ထွန်းက စာမဖတ်ဘဲ စကားပြောတတ်ဆိုတတ်တဲ့သူ့အတွက်သူ အတော်လေးဂုဏ်ယူနေပါတယ်။

စာမဖတ်ဘဲ စကားပြောတတ်ဆိုတတ်တယ်ဆိုပြီး လူတွေအထင်ကြီးလာအောင်လည်း သူစာလုံးဝမဖတ်တဲ့အကြောင်းကိုသာ ထပ်တလဲလဲပြောလာပါတယ်။အခုလို စာတွေမဖတ်ဘဲ စကားအပြောကောင်းတယ်ဆိုတဲ့ ထက်ထက်ထွန်းက အရင်ဘဝကပါရမီပါလာလို့ ဒါမှမဟုတ် အရင်ဘဝကစာတွေအများကြီးဖတ်ခဲ့လို့ဖြစ်
မယ်ဆိုပြီး ထူးခြားတဲ့အရည်အသွေးတစ်ခုကို ရှာကြံဖော်ထုတ်လာပါသေးတယ်။သူပြောလိုက်တဲ့စကားတိုင်းက ရင်ထဲကလာတဲ့စကားတွေဖြစ်တာကြောင့်လည်း ထိမိတဲ့စကားတွေဖြစ်နေရတာလို့ဆိုပါတယ်။

“ပရိတ်သတ်တစ်ယောက်က ထက်ရဲ့ဝတ္ထုတွေလည်းအားပေးနေပါတယ်။စာတွေလည်းအားပေးနေပါတယ်။သရုပ်ဆောင်တာတွေလည်းအားပေးနေပါတယ်။”လို့ပြောလာတဲ့အချိန်မှာ ထက်ထက်ထွန်းကိုယ်တိုင်က သူနဲ့နာမည်တူစာရေးဆရာမရှိနေကြောင်း မသိတဲ့အထိ စာပေနဲ့ကင်းကွာနေတဲ့သူပါ။ထက်ထက်ထွန်းက “ဝတ္ထုရေးဖို့မပြောနဲ့ ဝတ္ထုတောင်တစ်ခါမှမဖတ်ဖူးဘူး။ဆောင်းပါးလောက်ရှည်သွားရင်တောင်မဖတ်ဘူး။စာဆိူရင် မိုးသောက်ပန်းတို့ရွှေသွေးတို့လောက်ပဲဖတ်တာ “ဆိုပြီး စာဖတ်ပရိတ်သတ်မဟုတ်တဲ့ကြောင်း ရယ်မောပျော်ရွှင်စွာပြောလာခဲ့ပါတယ်။

ဒီစကားက အလှမယ်တစ်ယောက်ဖြစ်ခဲ့ဖူးသလို Public Figureတစ်ယောက်လည်းဖြစ်နေတဲ့ ထက်ထက်ထွန်းအတွက် မပြောသင့်တဲ့စကားပါပဲ။စာဖတ်ပရိတ်သတ်တွေ ၊ စာပေချစ်မြတ်နိုးသူတွေကိုအချိန်ပိုနေလို့ ငပေါအလုပ်တွေလုပ်နေသူတွေလိုဖြစ်စေပြီး လူငယ်တွေကိုစာမဖတ်လည်း ရတယ်ဆိုပြီး လမ်းပြနေသလိုပါပဲ။လူတစ်ယောက်က ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အစာစားရသလို ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်တော့ စာအုပ်တွေဖတ်ရပါမယ်။

မြန်မာနိုင်ငံမှာ ခေတ်ကာလအလိုက် လူငယ်တွေဟာ စာပေထက် Social Media ကိုစွဲလမ်းလာတာကြောင့်မတိုးတက်သင့်သလောက် မတိုးတက်ဘဲ မဖြစ်သင့်တဲ့အရာတွေဖြစ်လာရပါတယ်။ဒီလိုတွေစာပေကိုအလေးမပေးလာတာကြောင့်လည်း ပညာရှိတွေချောင်ထိုးခံးပြီး မဟုတ်တာတွေပြောပြလုပ်ပြနေသူတွေက ဆယ်လီတွေဖြစ်လာပြီး စင်ပေါ်မှာ မြှောက်စားခံနေရပါတယ်။ဒီအတိုင်းသာ စာပေကို နှိမ့်ချပြီး အသိပညာနည်းပါးသူတွေကိုသာ ဆရာတင်နေမယ်ဆိုရင် နိုင်ငံကလည်းဒီ့ထပ်ပိုပြီးပျက်စီးလာမှာအမှန်ပါပဲ။

ဒါ့ကြောင့် ပရိတ်သတ်ကိုလွှမ်းမိုးနိုင်တဲ့ အနုပညာရှင်တစ်ယောက်က ပပရိတ်သတ်တွေအတုယူမမှားအောင် ရှေ့ဆောင်လမ်းပြသင့်သလို စာပေနဲ့ပတ်သတ်လာရင်လည်း ထက်ထက်ထွန်းလို public figure တစ်ယောက်က သတိပြုပြောဆိုသင့်ပါတယ်။

ရေးသားသူ –

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...