တစ်သက်နဲ့တစ်ကိုယ် မှန်တဲ့စကား ပထမဆုံးပြောလာတာကြောင့် ပရိတ်သတ်ချီးကျူးတာခံနေရတဲ့ အေမီဈာန်

Celebrity Local News
တစ်သက်နဲ့တစ်ကိုယ် မှန်တဲ့စကား ပထမဆုံးပြောလာတာကြောင့်
ပရိတ်သတ်ချီးကျူးတာခံနေရတဲ့ အေမီဈာန်

အနုပညာလောကထဲကို ခြေချချိန်ကနေ အခုအချိန်အထိ မှန်တဲ့ စကားတစ်လုံးပြောလာတဲ့ အေမီဈာန်ကတော့ လတ်တလောမှာ ပရိတ်သတ်ချီးကျူးတာကို ခံနေရတာလည်းဖြစ်ပါတယ်။အေမီဈာန်လို့ ပြောလိုက်တာနဲ့ ပေါက်ပန်းလေးဆယ်ပြောပြီး ပွဲရှာနေတဲ့ အနုပညာရှင်တစ်ယောက်လို့ ပရိတ်သတ်တွေက ထင်မြင်ခဲ့ကြမှာပါ။ချစ်စရာကောင်းပြီး ကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အေမီဈာန်က ပရိတ်သတ်ဝေဖန်တာခံနေရတာကလည်း သူ့ရဲ့အပြောအဆိုတွေကြောင့်ပါဘဲ။

အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပေမယ့် သာမာန်လောက်ရှိတဲ့ သူ့ရဲ့ အနုပညာက ပရိတ်သတ်တွေကြားတိုးမပေါက်ခဲ့ပါဘူးနော်။ရုပ်ချောပေမယ့် နာမည်မကြီးနိုင်ဖြစ်နေရတဲ့ အေမီဈာန်က Social media ကို အသုံးချပြီး အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။နဂါးပူရာကနေစပြီး ပေါက်ကတွေလုပ်လာခဲ့တာ မနေ့တနေ့ကထိပါဘဲ။အနုပညာအလုပ် မယ်မယ်ရရမလုပ်ပေမယ့်
ပေါက်ကရပြောရင်း နာမည်ကြီးလာတဲ့ အေမီဈာန်ကို ချစ်ကြတဲ့ ပရိတ်သတ်လည်းရှိပေမယ့် ဝေဖန်သူတွေက အများကြီးပါဘဲ။

ဝေဖန်မှုတွေများနေပေမယ့် ဆယ်လီဖြစ်ပြီးနောက်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေတောင် ရိုက်ကူးနေရပါပြီ။သူရဲ့ ပထမဆုံးဇာတ်ကားကတြော ဖုန်းရွှေဇာတ်ကားပါ။ဖုန်းရွှေဇာတ်ကားကို ပရိတ်သတ်တွေစိတ်ဝင်စားခဲ့ကြတာကလည်း အေမီဈာန်လို တလွဲပြောတတ်တဲ့ ဆယ်လီကြောင့်လည်း ပါသလို အမြဲတမ်းဆရာကြီးအထာနဲ့ ပရိတ်သတ်ဝေဖန်တာခံနေရတဲ့ ညိုမင်းလွင်ကြောင့်လည်းပါပါတယ်။ဒါရိုက်တာညိုမင်းလွင်က သူ့ရဲ့ ဇာတ်ကားကို လူစိတ်ဝင်စားမှုများအောင် Social media မှာ နာမည်ကြီးနေတဲ့ influencer တွေကိုထည့်သုံးခဲ့တာကြောင့် အေမီဈာန်ဇာတ်ကားရိုက်ကူးခွင့်တာပါ။

ဇာတ်ကား၂ကားလောက်ရိုက်ပြီး မင်းသမီးဖြစ်လာတဲ့ အေမီဈာန်က အခုတော့ မှန်တဲ့ စကားကို ပြောလာတာကြောင့် ပရိတ်သတ်တွေချီးကျူးတာခံနေရပါတယ်။အေမီဈာန်က လိုင်းပေါ်မှာ ဂရတ်ထနေတဲ့ ညိုမင်းလွင်ရဲ့ ဘုတ်ဘုတ်ဘုတ် ပြသာနာနဲ့ ပတ်သက်ပြီး စကားအမှန်တွေပြောလာခဲ့တာပါ။ဆရာကြီးအထာနဲ့ ပြောတတ်တဲ့ ညိုမင်းလွင်ရဲ့ ဘုတ်ဘုတ် ပြသာနာကို ပရိတ်သတ်လေးတို့သိကြမှာပါ။

မိတ်ကပ်လိမ်းတဲ့ မင်းသားတွေကိုလည်းကြည့်မရသလို ၊မင်းသမီးတွေ မိတ်ကပ်ပြင်ရင်တောင် ကြည့်မရချင်ဖြစ်နေတဲ့ ညိုမင်းလွင်က မိတ်ကပ်ပညာရှင်တွေကို ရင့်ရင့်သီးသီးပြောလာတဲ့ စကားကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်တာကို ခံနေရသလို LGBT တွေကြားမှာလည်း ဂရတ်တွေထနေတဲ့အထိပါဘဲ။Makeup artist တော်တော်များများက LGBT တွေများတာကြောင့် ညိုမင်းလွင်ရဲ့ ရင့်သီးတဲ့ အပြောတွေကို မခံနိုင်ကြဘဲ အားလုံးက အုံကြွလာခဲ့ကြတာပါ။အဲ့ဒီထဲမှာ မိတ်ကပ်ဆူးက ထိပ်ဆုံးကပါ။

ညိုမင်းလွင်ရဲ့ အပြောတွေကို မကြိုက်လို့ အချက်ကျကျပြောခဲ့တာကြောင့် နောက်ဆုံးဘာပြောရမှန်းမသိတော့တဲ့ ညိုမင်းလွင်က မီဒီယာကနေ တောင်းပန်ပြီး အရှုံးပေးခဲ့ရပါတယ်။
အဲ့ဒီ့ဘုတ်ဘုတ်နဲ့ ပတ်သက်ပြီး မင်းသမီးတွေ နဲ့ LGBT တွေမှန်တယ်ဆိုပြီး အေမီဈာန်က ထောက်ခံလာခဲ့ပါပြီ။ကိုယ်တိုင်က ဇာတ်ကား ၂ကားလောက်ရိုက်ပြီး မင်းသမီးဖြစ်လာသူမို့ မင်းသမီးနဲ့ ဝင်ခံစားကြည့်လို့ရတယ်လို့ဆိုပါတယ်။ပေ၄၀ကျော်ပိတ်ကားပေါ်မှာ ရုပ်ရှင်ပြတာ ရုပ်ဆိုးမှာကို ဘယ်သူကမှ မလိုချင်သလို၊ချွေးသံတရွှဲရွှဲ နဲ့ ဘယ်မင်းသမီးကမှ ရိုက်မှာမဟုတ်တာကို သူ့အနေနဲ့ ကိုယ်ချင်းစာနေခဲ့ပါတယ်။အေမီဈာန်ကိုယ်တိုင်ကလည်း ရိုက်ကွင်းပေါ်မှာ အမြဲလှပနေချင်သလို သူ့နောက်လိုက်တဲ့ မိတ်ကပ်ပညာရှင်ကိုလည်း သူ့ကိုဂရုစိုက်ပြီး သူ့နောက်လိုက်မှ ကြိုက်သူပါ။

ကိုယ်တိုင်ကလည်း အမြဲလှချင်ပြီး ဂရုစိုက်တဲ့ မိတိကပ်ဆရာကို ပိုကြိုက်တာကြောင့် မိတ်ကပ်ဆရာတွေ အားနေ ဘုတ်ဘုတ် လာလုပ်တာအမှားမဟုတ်ဘူးဆိုပြီး သူရဲ့ ထင်မြင်ချက်ကိုပြောလာပါတယ်။မိတ်ကပ်ဆရာတွေနဲ့ မင်းသမီးတွေလုပ်နေပုံကအပြည့်အဝမှန်သလို တစ်ဖက်ကကြည့်ရင်လည်း သူ့အကြောင်းနဲ့ သူမှန်နေပြန်တယ်လို့ဆိုပါတယ်။ဒါရိုက်တာက mood ပျက်မှာဆိုးလို့ အားတိုင်းအလှမပြင်စေချင်ပေမယ့် သဘာဝမင်းသားသာရှိမယ် သဘာဝမင်းသမီးဆိုတာမရှိဘူးဆိုပြီး မိတ်ကပ်လိမ်းတာမှန်ကြောင်းပြောလာခဲ့ပါတယ်။

ပရိတ်သတ်တွေသူ့ကို ချီးကျူးတာကလည်း တခဏပါဘဲ။မှန်တဲ့ ဘက်ကပြောလာတာကြောင့် ချီးကျူးခံနေရပေမယ့် သဘာဝမင်းသားရှိပြီး သဘာဝမင်းသမီးမရှိဘူးဆိုတာကြောင့် သူ့ရဲ့ အပြောအောက်မှာ အားလုံးက ဝိုင်းဟားနေကြပါပြီ။အနုပညာလောကထဲ ဝင်လာပြီး သဘာဝမင်းသမီးတောင်မသိ‌တဲ့ အေမီဈာန်တစ်ယောက်အခုအချိန်မှာ ချီးကျူးခံနေရတာထက် အလှောင်ခံနေရတာက ပိုများနေခဲ့ပြီလည်းဖြစ်ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...