ထိုင်းနာမည်ကြီးမင်းသားthayဆုံးတဲ့အပေါ် ပရိသတ်အများအပြား ဝမ်းနည်းပူဆွေးခဲ့ရ

Celebrity International News
ထိုင်းနာမည်ကြီးမင်းသားthayဆုံးတဲ့အပေါ် ပရိသတ်အများအပြား
ဝမ်းနည်းပူဆွေးခဲ့ရ

ထိုင်းရုပ်သံလိုင်း Channel 7 ရဲ့မင်းသားချော Akkaphan ဟာ အသက် ၃၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ thayဆုံးသွားပြီလို့ ကြေညာခဲ့တဲ့ Channel 7 ရဲ့ ဖေ့စ်ဘုတ်ခ်ပေ့ချ်မှာ ပရိသတ်တော်တော်များများက ဝမ်းနည်းပူဆွေးရကြောင်း ထုတ်ပြခဲ့ကြပါတယ်။ မင်းသားအတွက် စိတ်မကောင်းဖြစ်တဲ့ ပရိသတ်ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။

Akkaphanဟာ စက်တင်ဘာလ ၂၂ ရက်နေ့မနက်ပိုင်းမှာ နှလုံးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။ သူက ဒီရောဂါရှိတယ်ဆိုတာ ၂၀၂၂ ခုနှစ်မှာ သိခဲ့ရပြီး၊ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ခွဲစိတ်ကုသမှုခံယူခဲ့ပါသေးတယ်။

မင်းသား Akkaphan ဟာ Channel 7 နဲ့စာချုပ်မချုပ်ခင် Channel 3 နဲ့ သူ့ရဲ့သရုပ်ဆောင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာပါ။ သူဟာ “Phra Chan Lai Phayak” ဇာတ်လမ်းတွဲနဲ့ Golden TV Award ရဲ့ အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ “Hitech maid”၊ “Thaviphop” (Dual-verses)၊ “Beloved Navy” အပါအဝင် ဇာတ်လမ်းတွဲများစွာမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ရပါတယ်။ “Thaviphop” ဇာတ်လမ်းတွဲက သူ့ကို နာမည်ကြီးလာစေခဲ့တာပါ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...