ထွန်းထွန်းနဲ့‌မှ အချစ်ဒုက္ခကို ရှာဖွေတွေ့ရှိခဲ့တဲ့ စိုးမိုးကြည်ရဲ့အဖြစ်

Celebrity Local News
ထွန်းထွန်းနဲ့‌မှ အချစ်ဒုက္ခကို ရှာဖွေတွေ့ရှိခဲ့တဲ့ စိုးမိုးကြည်ရဲ့အဖြစ်

Drama မင်းသမီးတစ်ယောက်အဖြစ်လူသိများအောင်မြင်ခဲ့သူကတော့ မင်းသမီးကြီး စိုးမိုးကြည်ပါ။အနုပညာနယ်ပယ်မှာ ကျင်လည်ခဲ့တာကြာခဲ့ပေမယ့် ပျောက်ကွယ်မသွားဘဲ အခုအချိန်ထိ အောင်မြင်မှုတွေနဲ့ရပ်တည်နေနိုင်တုန်းပါဘဲ။အသက်အရွယ်ငယ်ချိန်မှာ ချောမောလှပတဲ့ သူမရဲ့ ရုပ်ရည်ကြောင့် ပရိတ်သတ်တွေကြားမှာ ထင်ရှားပေါ်လွင်ခဲ့သလို အခုအချိန်အသက် ၅၀ကျော်နေပေမယ့်လည်း လှပနုပျိုနေတုန်းပါဘဲ။နုပျိုမှုကိုထိန်းသိမ်းထားနိုင်သလို အောင်မြင်တဲ့ မင်းသမီးကြီးတစ်လတ်အနေနဲ့ အနုပညာအလုပ်တွေအောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တာကလည်း သူ့ရဲ့ကံပါဘဲနော်။

ငယ်ရွယ်ချိန်မှာ မင်းသမီးတစ်‌ယောက်အနေနဲ့ ရိုက်ကူးခဲ့ရပေမယ့် အခုအချိန်မှာ ဇာတ်ပို့ ဇာတ်ရံနေရာကသာ ပါဝင်ခွင့်ရရှိခဲ့တာပါ။အသက်အရွယ်တစ်ခုကြောင့် လုပ်ရတဲ့ နေရာနဲ့ ကာရိုက်တာချိန်းသွားပေမယ့် အိုက်တင်တွေ လျှော့မသွားခဲ့သလို ပရိတ်သတ်အားပေးမှုကလည်းတစ်ခဲနက်ပါဘဲ။သင့်တော်တဲ့ နေရာကနေ ရိုက်ကူးခွင့်ရခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေဇာတ်လမ်းတွဲတွေမှာပါ နေရာတစ်နေရာ ရလာခဲ့ပါတယ်။ပရိတ်သတ်တွေကို သူ့ကိုအားပေးခဲ့တဲ့ ကာရိုက်တာက ရင်ဖွင့်ပြချင်သည်ဇာတ်လမ်းတွဲထဲက မေမေကြီးကာရိုက်တာနဲ့ပါ။

ရင်ဖွင့်ပြချင်သည်ဇာတ်လမ်းတွဲက လတ်တလော ပရိတ်သတ်တွေကြားမှာနာမည်ကြီးပြီး လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။စိုးမိုးကြည်က မေမေကြီးဆိုတဲ့နေရာကနေ သရုပ်ဆောင်ခဲ့ရပြီး ပရိတ်သတ်အားပေးမှုကို တခဲနက်ရရှိထားတာလည်းဖြစ်ပါတယ်။စိုးမိုးကြည်က အနုပညာသက်တမ်းတစ်လျှောက်မှာ Drama တွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးတစ်လတ်‌အဖြစ် ပရိတ်သတ်တွေက အသိအမှတ်ပြုခဲ့ကြပေမယ့် အခုတော့ ဟာသပါပိုင်နိုင်တဲ့ မင်းသမီးကြီးအနေနဲ့ မြင်တွေ့ခွင့်ရတော့မှာပါ။

Drama တစ်မျိူးတည်းပိုင်နိုင်တယ်လို့ထင်ခဲ့ကြပေမယ့် စွယ်စုံရမင်းသမီးဖြစ်နေတာကလည်း စိုးမိုးကြည်ရဲ့ပါရမီပါဘဲ။ဟာသ‌တွေ ပြောတတ်ပေမယ့် ဟာသဇာတ်ကား ရိုက်တာသူ့အနေနဲ့ ပထမဆုံးအကြိမ်ပါ။စိုးမိုးကြည်ကတော့ သူ့ရဲ့ ပွဲဦးထွက် ဟာသကားကတော့ ရှယ်ပဲဇာတ်လမ်းတွဲဖြစ်ပါတယ်။အသက် ၅၀ကျော်မှာ ဟာသတွေလုပ်ခဲ့ရပေမယ့် သူ့အတွက်တော့ မစိမ်းပါဘူးနော်။အပေါင်းအသင်းတွေကြားမှာ အမြဲလိုလို ဟာသတွေပြောတတ်တာမို့ ဇာတ်ကားရိုက်ကူးရတာလွယ်ကူနေခဲ့ပါတယ်။

စိုးမိုးကြည်က အသက် ၅၀ကျော်မှာ ဟာသကားရိုက်နေရသလို ငယ်မူပြန်ပြီး အချစ်ကို ရှာဖွေတွေ့နေရပါပြီ။အသက်ကြီးမှ အချစ်ဒုက္ခတွေကို ခံစားနေရတာ ထွန်းထွန်းကြောင့်ပါဘဲ။စိုးမိုးကြည်က အသက်အရွယ်ကွာတဲ့ ထွန်းထွန်းနဲ့ အရင်က သားအမိခန်းတွေရိုက်ကူးခဲ့ရပေမယ့် အခုတော့လင်မယားနေရာကနေ ပထမဆုံးအကြိမ်ရိုက်ကူးခဲ့ရတာကြောင့် သူ့အနေနဲ့ အသက်ကြီးမှာ အချစ်တွေမွေးဖွား‌‌နေရတာလည်းဖြစ်ပါတယ်။သြဂုတ်လ၂၆ရက်နေ့က မိတ်ဆက်ပွဲလုပ်ခဲ့တဲ့ ရှယ်ပဲ ဇာတ်လမ်းတွဲမှာ ထွန်းထွန်းနဲ့ လင်မယားခန်းတွေရိုက်ကူးရမှာပါ။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ‌အမေခန်းကနေ ပါဝင်ရိုက်ကူးခဲ့တဲ့ စိုးမိုးကြည်က ဒီတစ်ခါမှာ အမေခန်းဆိုတာထက် ငယ်မူပြန်တဲ့နေရာကနေ ပါဝင်ရမှာမို့ ရှက်နေခဲ့သလို ထွန်းထွန်းကို အားနာနေရတာအလုပ်တစ်ခုလိုပါဘဲ။

စိုးမိုးကြည်က ရှယ်ပဲရုပ်သံဇာတ်လမ်းတွဲမှာ ဒေါ်စံပယ်ဆိုတဲ့ သမီးတစ်ယောက်အမေနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပါ။အဲ့ဒီ့ဇာတ်လမ်းတွဲထဲမှာတော့ ထွန်းထွန်း၊ဂျိုကာ၊မေမီကိုကိုတို့နဲ့ အတူ Chemistry မိမိ သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။စိုးမိုးကြည်က အစပိုင်းမှာ ဂျိုကာနဲ့ အတွဲဖြစ်ပေမယ့် နောက်ပိုင်းမှာ ထွန်းထွန်းနဲ့ လင်မယားတွေအဖြစ်တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။လူငယ်နှစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းနဲ့ မေမီကိုကို တို့နှစ်‌ယောက်ရဲ့ အပြိုင်အဆိုင်အနိုင်လိုစိတ်တွေကြောင့် ပြောင်းပြန်တွေညားပြီး ငယ်မူပြန်နေရတဲ့အထိပါဘဲ။အဲ့ဒီ့ဇာတ်လမ်းတွဲမှာ တစ်ချိန်လုံးထွန်းထွန်းကို ယောက်ျားရေလုပ်နေရတာကြောင့် ရူတင်နားတာ‌နဲ့ သားရေ Sorry နော်ဆိုပြီးပြောနေရတဲ့အထိပါဘဲ။

စိုးမိုးကြည်တစ်ယောက် အသက်ကြီးမှ ဟာသကားတွေရိုက်နေရသလို သားအရွယ်လေးကို ယောက်ျားရေခေါ်ပြီး ဘယ်လောက်တောင်ကဲထားမလဲဆိုတာကို စိတ်ဝင်စားနေကြတဲ့ ပရိတ်သတ်တွေကတော့ ဇာတ်လမ်းတွဲစောင့်ကြည့်ပြီးရယ်ဖို့ပြင်ဆင်နေကြပါပြီနော်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...