နိုင်ငံခြားမှာ နှစ်တွေအကြာကြီးအတူလိုက်နေခဲ့ပေမယ့် အိမ်ထောင်ရေး ပြိုကွဲသွားကြောင်း ကြေငြာလာတဲ့ MRTV-4 မင်းသမီးမေမီကျော်ကျော်

Celebrity Local News
နိုင်ငံခြားမှာ နှစ်တွေအကြာကြီးအတူလိုက်နေခဲ့ပေမယ့် အိမ်ထောင်ရေး
ပြိုကွဲသွားကြောင်း ကြေငြာလာတဲ့ MRTV-4 မင်းသမီးမေမီကျော်ကျော်

မင်းသမီးမေမီကျော်ကျော်က နိုင်ငံခြားက IT ပညာရှင်အမျိုးသားနဲ့ အိမ်ထောင်ကျခဲ့ပြီး နိုင်ငံခြားမှာနှစ်တွေအကြာကြီးလိုက်နေခဲ့ပေမယ့် လွန်ခဲ့တဲ့လအနည်းငယ်ခန့်မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။နိုင်ငံခြားမှာချစ်သူနဲ့အတူသွားနေပြီး အနုပညာအလုပ်တွေရပ်နားခဲ့တဲ့မေမီကျော်က နှစ်အနည်းငယ်ကြာမှမြန်မာနိုင်ငံကိုပြန်ရောက်လာတာကို အားလုံးကလည်းအံ့ဩနေကြပါတယ်။

မေမီကတော့ အမျိုးသားကအနုပညာအလုပ်တွေလုပ်ဖို့ခွင့်ပြုတာကြောင့် အရင်လို ဇာတ်လမ်းတွဲတွေပြန်ရိုက်သွားမယ်ဆိုပြီး ပြောလာပါတယ်။ဒီအချိန်ကတည်းက ယောက်ျားဖြစ်သူနဲ့တစ်နိုင်ငံစီခွဲနေပြီး အလုပ်လာပြန်လုပ်တဲ့မေမီ့ကို ပရိတ်သတ်တွေကစောင့်ကြည့်နေခဲ့ကြပါတယ်။

မေမီရဲ့အမျိုးသားက အမေရိကန် အစိုးရ မှာ Cyber Security နဲ့ ပတ်သက်ပြီး IT ပညာရှင် အလုပ်လုပ်နေသူပါ။ပရိတ်သတ်တွေက မေမီ့ရဲ့အမျိုးသားကိုနိုင်ငံခြားသားလို့ထင်နေကြပေမယ့် သူကမြန်မာ လူမျိုးပါပဲ။ ဆွေမျိုးသားချင်းတွေ ခင်မင်ရင်းကနေမေမီနဲ့ဆုံခဲ့ကြပြီး ချစ်ကြိုက်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့အိမ်
ထောင်ရေးကို အေးအေးဆေးဆေးရှိလွန်းတာကြောင့်အားလုံးက အားကျရတဲ့အိမ်ထောင်ရေးတသ်ခုဖြစ်လာခဲ့ပါတယ်။နိုင်ငံခြားမှာ အခြေတကျနေထိုင်နိုင်တဲ့ မေမီက ယောက်ျားနဲ့အတူမနေဘဲ မြန်မာနိုင်ငံပြန်ရောက်လာချိန်မှာတော့ အနုပညာအလုပ်ကိုလည်း ကိုယ်ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့အတွက် အမျိုးသားက အနုပညာဘက်ကို ခွင့်ပြုပေးထားတာကြောင့်ပြန်လုပ်ဖို့ဆိုပြီး ပြန်ရောက်လာခဲ့ပါတယ်။

အခုတော့မေမီက “8 years Relationship ပြီးဆုံးသွားပါပြီ “ဆိုပြီးသေချာသွားတာကြောင့်ထုတ်ပြောလာပါတယ်။မေမီက သူ့ရဲ့၈နှစ်တာဆက်ဆံရေးတစ်ခုကို အရင်လိုပြန်ဖြစ်လာအောင်အမျိုးမျိုးကြိုးစားခဲ့ပေမယ့် အရင်လိုပြန်အဆင်ပြေတော့မှာမဟုတ်ပါဘူး။မိန်းကလေးဘက်က အချိန်အကြာကြီးပေးပြီး ကြိုးစားဆုပ်ကိုင်ထားရပေမယ့် စိတ်ပိုင်းဆိုင်ရာအရရော ၊ရုပ်ပိုင်းဆိုင်ရာအရရော တော်တော်လေးလည်းနာကျင်နေပါပြီ။

ကိုယ်တစ်ယောက်ထဲဘယ်လိုပဲဆုပ်ကိုင်ထားပါစေ တစ်ဖက်မှာလည်း သက်တောင့်သက်သာမဖြစ်တော့တဲ့အခြေအနေမို့ လမ်းခွဲခဲ့တာပါဆိုပြီးအားတင်းပြောပြလာပါတယ်။
မေမီက စကားပြောအေးဆေးတည်ငြိမ်ပြီး မိန်းကလေးပီသတဲ့မင်းသမီးတစ်ယောက်ပါ။ဒါ့ကြောင့် အခုလိုlong term relationship တစ်ခုပျက်စီးသွားရတဲ့အပေါ်မှာအတော်လေးကြေကွဲဝမ်းနည်းနေပါတယ်။ဒါကြောင့်လည်း မေမီ့ကသူ့ရဲ့စကားတွေကိုအားတင်းပြီးပြောဆိုနေရပါတယ်။

မေမီကဒီအမျိုးသားနဲ့အိမ်ထောင်ကျသွားပြီးကတည်းက မြန်မာနိုင်ငံနဲ့နိုင်ငံခြားကိုသွားလိုက်လာလိုက်နဲ့ အချိန်ကုန်နေခဲ့ပြီး အနုပညာအလုပ်တွေတောင်ရပ်နားထားခဲ့ပါတယ်။၂၀၁၉ ကစပြီး မြန်မာနိုင်ငံပြန်မလာဖြစ်တော့ဘဲ နိုင်ငံခြားမှာပဲနေခဲ့ပေမယ့် ဒီနှစ်ထဲမှာ အခုလိုရုတ်တရက်ပြန်ရောက်လာတာဟာ သူ့ရဲ့အိမ်ထောင်ရေးညှိနှိုင်းမှုတွေကြောင့်ပါပဲ။ငယ်ရွယ်တဲ့အချိန်မှာတော့ အားလုံးဒီအတိုင်းပဲမပြောင်းမလဲပဲ ရှိနေမယ်ဆိုပြီးထင်ခဲ့တဲ့မေမီက အချိန်ကြာလာတာနဲ့အမျှပြောင်းလဲမှုတွေကလည်းမြန်ဆန်လာတဲ့အပေါ်မှာ လက်ခံတတ်ဖို့အတော်လေးကြိုးစားနေရပါတယ်။

သူ့ရဲ့နှစ်ရှည်လများတည်ထောင်လာတဲ့အိမ်ထောင်ရေးကိုလည်း အရင်လိုပြန်အဆင်ပြေအောင်နည်းအမျိုးမျိုးနဲ့ကြိုးစားခဲ့မှန်းအရမ်းသိသာပါတယ်။နောက်ဆုံးလုံးဝအဆင်မပြေနိုင်တော့တဲ့အချိန်ရောက်မှသာ လက်လွှတ်ခဲ့ရတာကြောင့် မေမီ့ကိုမိန်းကလေးတစ်ယောက်အနေနဲ့ကိုယ်ချင်းစာသနားနေကြရပါတယ်။

မေမီက MRTV -4 မင်းသမီးတစ်လက်ဖြစ်ပြီး MRTV4 ရဲ့အစောဆုံးဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့မင်းသမီးတစ်လက်ပါ။ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုအချိန်
အတော်ကြာရပ်နားထားခဲ့ပေမယ့်လည်း Comeback ပြန်လာချိန်မှာ ပရိတ်သတ်တွေက ဝမ်းသာအားရကြိုဆိုကြပါတယ်။မေမီကျော်ကျော်က သူ့ရဲ့comeback ဇာတ်လမ်းတွဲဖြစ်တဲ့ “ကုထုံးမဲ့ချစ်ခြင်း “ဇာတ်လမ်းတွဲနဲ့ပရိတ်သတ်တွေရဲ့အားပေးမှုကိုပြန်အရယူခဲ့ပါတယ်။မေမီကျော်ကျော်ပါဝင်ခဲ့တဲ့ “ထာဝရမန္တလေး ၊ ဝိဉာဉရှိုက်သံ ၊ ပန်းနုသွေး ၊လူရည်ချွန် “စတဲ့ဇာတ်လမ်းတွဲတွေကလည်း MRTV 4 ရဲ့အအောင်မြင်ဆုံးဇာတ်လမ်းတွဲတွေပါပဲ။ဒီထဲက ထာဝရမန္တလေး ဇာတ်လမ်းတွဲကတော့ လူကြီးလူငယ်တွေကြိုက်ကြတဲ့ အနုပညာ ရသမြောက်တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့ပြီး မေမီ့ရဲ့အေးဆေးတည်ငြိမ်တဲ့အလှတရားတွေကို ပရိတ်သတ်တွေတဝကြီးခံစားခဲ့ကြရမှာပါ။

အနေအထိုင်တည်ငြိမ်ပြီး မိန်းကလေးဆန်ဆန် လှတဲ့မေမီ့ကို ပရိတ်သတ်အတော်များများကလည်း သဘောကျကြပါတယ်။မေမီတစ်ယောက် အခုလို single ပြန်ဖြစ်သွားချိန်မှာလည်း ပျော်ရွှင်တောက်ပစွာနေထိုင်ဖို့ပရိတ်သတ်တွေကအားပေးနေကြပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...