နေမကောင်းချိန်မှာ ဘယ်သူကမှ ဖေးမအားပေးခြင်းမရှိပေမယ့် သူငယ်ချင်း ခင်လေးနွယ်ကအိမ်ထိရောက်လာပေးလို့ ဝမ်းနည်းပြီးငိုခဲ့မိတဲ့ သက်မွန်

Celebrity Local News
နေမကောင်းချိန်မှာ ဘယ်သူကမှ ဖေးမအားပေးခြင်းမရှိပေမယ့် သူငယ်ချင်း
ခင်လေးနွယ်ကအိမ်ထိရောက်လာပေးလို့ ဝမ်းနည်းပြီးငိုခဲ့မိတဲ့ သက်မွန်

မင်းသမီးသက်မွန်ကတော့ အရေပြားလေးဘက်နာရောဂါကိုခံစားနေရတာကြောင့် အနုပညာအလုပ်တွေမလုပ်နိုင်ဘဲ အိမ်ထဲမှာသာနေနေရပါတယ်။အရေပြားလေးဘက်နာရောဂါက နေရောင်ခြည်နဲ့ထိတွေ့လို့မရတဲ့ရောဂါဖြစ်တာကြောင့် သက်မွန်က လပေါင်းများစွာအိမ်ထဲမှာပဲနေနေခဲ့ရပြီး ဘယ်သူနဲ့မှလည်းမတွေ့ဖြစ်ပါဘူး။ နေမကောင်းဖြစ်ချိန်မှာ လူအတော်များများက စိတ်အားငယ်တတ်ကြတာ သဘာဝပါပဲ။သက်မွန်ကလည်း နှစ်အနည်းငယ်ကြာတဲ့အထိ အနုပညာအသိုင်းအဝိုင်းနဲ့လဲ အဆက်အသွယ်ပြတ်ခဲ့ပြီး အတော်လေးအထီးကျန်အားငယ်နေခဲ့ပါတယ်။

လက်ရှိမှာတော့ သက်မွန်က သူ့မိသားစုနဲ့အတူ (ထိုင်း)နိုင်ငံမှာ သွားရောက်နေထိုင်နေပြီးယောက်ျားဖြစ်သူနဲ့ကလေးတွေကိုသာအဖော်လုပ်နေထိုင်နေရပါတယ်။ဒီလို စိတ်အားငယ်နေတဲ့သက်မွန်ဆီကို သူငယ်ချင်းအရင်းဖြစ်တဲ့ သရုပ်ဆောင်ခင်လေးနွယ်နဲ့ ဒီဇိုင်နာမပုံ့တို့Surprisedရောက်သွားချိန်မှာတော့ သက်မွန်တစ်ယောက်မျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။သက်မွန်က သူငယ်ချင်းဖြစ်သူသရုပ်ဆောင်
ခင်လေးနွယ်ကိုတွေ့တဲ့အချိန်မှာ အချိန်အတော်ကြာ ကလေးတစ်ယောက်လိုဖက်ပြီးငိုနေခဲ့ပါတယ်။

ဒါကိုကြည့်ရင် သက်မွန်တစ်ယောက်နေမကောင်းနေတဲ့အချိန်မှာ ဘယ်လောက်ထိစိတ်အားငယ်နေမလဲ သိနိုင်ပါတယ်။ဒါ့အပြင်သက်မွန်ကအပြင်မှာလည်းစကားပြောပွင့်လင်းပြီး ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းသူပါ။

ဒါကြောင့်လည်းသက်မွန်က သူနေတဲ့နေရာအထိသူငယ်ချင်းတွေရောက်လာလို့ဝမ်းသာခဲ့ပြီး ခံစားချက်တွေထိန်းမနိုင်ဖြစ်ခဲ့ရပါတယ်။ခင်လေးနွယ်နဲ့မင်းသမီးသက်မွန်တို့ကတိုင်းရင်းသူတွေပီပီ ရိုးသားပွင့်လင်းမှုရှိကြပြီး အပြင်မှာလည်းအတော်ချစ်ကြတဲ့သူငယ်ချင်းတွေပါ။သက်မွန်နေကောင်းချိန်မှာ ခင်လေးနွယ်၊ မိုးပြည့်ပြည့်မောင် ၊ ယုသန္တာတင် ၊ ဒီဇိုင်နာမပုံ့ တို့က နိုင်ငံခြားခရီးတွေများစွာအတူသွားခဲ့ပြီး အတော်လေးအတွဲညီခဲ့ကြပါတယ်။အခုလိုသက်မွန်နေမကောင်းချိန်မှာတော့ သက်မွန်ဘေးကို ဒီသူငယ်ချင်းနှစ်ယောက်ပဲရောက်လာနိုင်ခဲ့ပါတယ်။

သက်မွန်တစ်ယောက်သူငယ်ချင်းဖြစ်သူရောက်လာလို့ဝမ်းနည်းပြီးငိုခဲ့တဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီး ပရိတ်သတ်တွေလည်းအတော်လေးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဒါ့အပြင် သက်မွန်တစ်ယောက် နေမကောင်းချိန်မှာ အားပေးမှုတွေ ၊ဖေးမမှူတွေလိုအပ်နေတာကိုလည်း အားလုံးတွေ့မြင်ခဲ့ရပါတယ်။

ဒါ့ကြောင့် သက်မွန်နဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေများစွာအတူတွဲရိုက်ခဲ့တဲ့ မင်းသားနေတိုးကလည်း သက်မွန်နဲ့အရင်လိုမတွေ့ဖြစ်တာကြောင့် သတိတရရှိနေကြောင်းပြောလာပါတယ်။အရင်လိုဇာတ်ကားတွေလည်းအတူတူဆုံပြီးပြန်ရိုက်ချင်ပါသေးတယ်ဆိုပြီးပြောလာပါတယ်။သက်မွန်ကတော့ အနုပညာအလုပ်တွေမလုပ်တာနှစ်အနည်းငယ်တောင်ကြာခဲ့ပြီဖြစ်ပြီး ဆိုရှယ်မီဒီယာကိုတောင်မှ မကြာသေးခင်ကမှပြန်သုံးလာခဲ့ပြီး သူ့ရဲ့နေ့စဉ်ဘဝကို ပရိတ်သတ်တွေကို ချပြလာခဲ့ပါတယ်။

ဒီအခြေအနေမှာတော့သက်မွန်ကမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ဦးပီပီိ သူ့ရဲ့ဘယ်လိုပုံစံလေးကိုပဲချပြလာပါစေ ပရိတ်သတ်တွေကချစ်နေကြပ့ီးအားပေးနေကြတုန်းပါပဲ။အနုပညာလောကသားအချင်းချင်းကတော့ နာမည်ကြီးအနုပညာရှင်တစ်ယောက်အခုလို ကျန်းမာရေးကြောင့်အနုပညာအလုပ်တွေရပ်နားထားချိန်မှာ သတင်းမေးဖော်တောင်မရကြပေမယ့် သက်မွန်ရဲ့ပရိတ်သတ်တွေကတော့ သူ့ကိုအတော်လေးသတိတရရှိနေကြတုန်းပါပဲ။ဒါ့ကြောင့် သက်မွန်ကိုယ်တိုင်ဆိုရှယ်မီယာပြန်သုံးလာတာနဲ့ဆင် ပရိတ်သတ်တွေအတော်လေးအလွမ်းပြေနေကြပါပြီ။

သက်မွန်က ရောဂါကြောင့်အရင်လို လှလှပပမရှိတာကြောင့်လည်းပရိတ်သတ်ရှေ့ထွက်ဖို့ယုံကြည်မှုအားနည်းနေတာဖြစ်နေနိုင်ပါတယ်။သက်မွန်ရဲ့အနုပညာအလုပ်တွေရပ်နားထားပြီးနောက်ပုံတွေဟာ အရင်ကထက်အတော်လေးဝနေပြီး အရင်လိုမလှတော့တာအမှန်ပါပဲ။ဒါကိုလည်း ပရိတ်သတ်အချို့ကသက်မွန်ကိုခန္ဓာကိုယ်မထိန်းသိမ်းဘူးဆိုကာပြစ်တင်ပြောဆိုခဲ့ကြပါတယ်။မင်းသမီးတွေဆိုရင်အမြဲလှနေမှရမယ်လို့တွေးထားတဲ့ မြန်မာနိုင်ငံရဲ့အမြင်မှာတော့ သက်မွန်ကအရင်လိုမလှတော့လို့အနုပညာအလုပ်တွေ ရပ်နားလိုက်တာလားလို့ထင်နေမယ့်သူတွေလည်းရှိပါတယ်။

သက်မွန်ကတော့ ဒီအတွက်အထွေအထူးဖြေရှင်းခြင်းမလုပ်တော့ဘဲ ပရိတ်သတ်တွေရှေ့သာပေါ်မလာဘဲ အချိန်အတော်ကြာအောင်နေခဲ့ပါတယ်။အရင်ထဲကသက်မွန်ကချောလွန်းလှလွန်းတဲ့မင်းသမီးစာရင်းထဲမပါခဲ့ပေမယ့် ချစ်မွှေးပါတဲ့မင်းသမီးတစ်ယောက်ပါ။အခုလို လူကဲ့ရဲ့စရာဖြစ်အောင်ဝနေတာတောင် သက်မွန်ကို ချစ်တဲ့သူတွေများနေဆဲဖြစ်ပြီး သူ့ရဲ့live တွေမှာလည်း ကြည့်ရှုသူထောင်နဲ့ချီရှိနေဆဲပါပဲ။သက်မွန်ရဲ့ခန္ဓာကိုယ်က ဝိတ်မထိန်းနိုင်ဖြစ်နေရခြင်းကလည်း သက်မွန်ဖြစ်နေတဲ့ရောဂါက ဝိတ်ထိန်းမရတဲ့ရောဂါတစ်မျိးဖြစ်ပြီး ဆေးတွေလည်း သောက်နေရလို့ပါပဲ။ အရင်လို ရောဂါတွေသက်သာသွားရင်တော့ သက်မွန်တစ်ယောက်အကယ်ဒမီဆုတွေထပ်ယူဖို့ ရုပ်ရှင်တွေပြန်ရိုက်လာဦးမှာပါ။

အခုတော့ သက်မွန်က ယောက်ျားရလို့ကလေး၂ယောက်ရနေပေမယ့်လည်း ယောက်ျားကိုအဖေလိုပဲသဘောထားပြီး ကလေးတစ်ယောက်လို ချွဲနေတုန်းပါပဲ။အခုလိုနေမကောင်းဖြစ်နေချိန်မှာ အနုပညာလောကသားအချင်းချင်းတောင် သက်
မွန်ကို ဖေးမအားပေးမယ့်သူတွေမရှိပေမယ့် ယောက်ျားဖြစ်သူကပဲပြုစုစောင့်ရှောက်ပေးပြီးစိတ်ပျော်အောင်ထားပေးပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...