နှလုံးသားနဲ့ရင်းပြီးတည်ဆောက်ခဲ့တဲ့ သဘင်ခြံကြီးကိုရောင်းချဖို့ ရင်နာနာနဲ့ ပြောလာတဲ့ ဖိုးချစ်ကြောင့် လူအ‌များစိတ်မကောင်းဖြစ်နေကြ

Celebrity Local News
နှလုံးသားနဲ့ရင်းပြီးတည်ဆောက်ခဲ့တဲ့ သဘင်ခြံကြီးကိုရောင်းချဖို့
ရင်နာနာနဲ့ ပြောလာတဲ့ ဖိုးချစ်ကြောင့် လူအ‌များစိတ်မကောင်းဖြစ်နေကြ

ဖိုးချစ်ကတော့ အသက်ငယ်ပေမယ့် လူအများရဲ့ လေးစားခံပုဂ္ဂိုလ်တစ်ယောက်ပါ။ဇာတ်သဘင်လောကမှာ နာမည်ကြီးပြီး ‌ဝင်ငွေအများဆုံးဇာတ်မင်းသားတစ်လတ်လည်းဖြစ်ပါတယ်။အကအလှတွေက တစ်ခြားဇာတ်မင်းသားတွေနဲ့ မတူဘဲ တမူထူးခြားနေတာကြောင့် အားပေးတဲ့ ပရိတ်သတ်အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ချောမောလှပတဲ့ ရုပ်ရည်ရှိသလို ၊သူရဲ့အကအလှတွေကို ဘယ်သူကမှ မတုနိုင်ခဲ့သလို ပရိတ်သတ်သဘောကျရဲ့ နောက်တစ်ချက်ကတော့ ပရိတ်သတ်အပေါ်စေတနာထားတာပါဘဲ။

အောင်မြင်ပြီး လူကြိုက်များတဲ့ မင်းသားတစ်လတ်ဖြစ်ပေမယ့် မာနမကြီးသလို အလုပ်ကို မခိုမကပ်လုပ်တတ်သူတစ်ယောက်ပါ။ဇာတ်ပွဲတော်တော်များများ ၅နာရီလောက်သိမ်းပေမယ့် ဖိုးချစ်ကတော့ မနက် ၇နာရီလောက်ထိ ပရိတ်သတ်တွေကို ဖျော်ဖြေပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့ ပရိတ်သတ်အပေါ်ထားတဲ့ စိတ်ဓာတ်ကြောင့် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရသလို သဘင်သည်တွေလေးစားရတဲ့ မင်းသားတစ်လတ်လည်းဖြစ်ပါတယ်။

ဖိုးချစ်က အသက်ငယ်‌ပေမယ့် ဇာတ်သဘင်အပေါ်မှာတာဝန်ကျေပွန်သူတစ်ယောက်ပါ။အသက်ငယ်ပေမယ့် သဘင် ဥက္ကဌရာထူးကို ရယူထားပြီး ဇာတ်သဘင်လောကကို အကျိုးပြုနေခဲ့တာလည်းဖြစ်ပါတယ်။ငွေကုန်ကြေးကျခံပြီး သဘင်ခြံကို ဆောက်လုပ်ကာ ဇာတ်သဘင်သားတွေကိုတစ်စုတစ်ဝေးထဲထားကာ စောင့်ရှောက်ပေးနေခဲ့တာလည်းဖြစ်ပါတယ်။သူ့ကိုမှီခိုနေတဲ့ လက်အောက်ငယ်သားတွေအတွက် ဖိုးချစ်က လေးစားစရာ လူတစ်ယောက်ပါဘဲ။အသက်ငယ်ပေမယ့် လူကြီးဆန်တဲ့ အတွေးအခေါ်တွေနဲ့ အနစ်နာ ခံတတ်တဲ့ စိတ်ကြောင့် လူအများရဲ့ ချစ်ခင်မှုကို ရရှိနေခဲ့တာလည်းဖြစ်ပါတယ်။covid တွေကြောင့် အလုပ်အကိုင်တွေရှားပါးနေတဲ့အချိန်မျိုးမှာတောင် သဘင်ကလူတွေကို ကြည့်ရှု့စောင့်ရှောက်ခဲ့သူပါ။ဇာတ်သဘင်ကလူတွေနဲ့ သူ့ရဲ့မိသားစုဝင်တွေအတွက် စားဝတ်နေရေးအတွက် အစစအရာရာထောက်ပံ့ပေးခဲ့တာ အားလုံးအသိပါဘဲ။အလုပ်တွေမလုပ်ရပေမယ့် သူ့မှာရှိတဲ့ ငွေနဲ့ ထောက်ပံ့ပေးနေခဲ့တာကြောင့် ပရိတ်သတ်တွေအပြင် အနုပညာရှင်တွေကပါ လေးစားခဲ့ရတဲ့အထိပါဘဲ။

COVID ကြောင့် အလုပ်တွေနားခဲ့ရသလို COVID ကြီးမပြီးခင်မှာ နိုင်ငံရေးရထဖြစ်ခဲ့တာကြောင့် အားလုံးအလုပ်နားခဲ့ရတာ အခုဆို ၅နှစ်တာကာလကိုရောက်နေခဲ့ပါပြီ။အလုပ်မရှိလို့ မထောက်ပံ့လည်း သူ့ကိုအပစ်ပြောမယ့်သူမရှိပေမယ့် အားလုံးအပေါ်မှာ စေတနာထားပြီး တတ်စွမ်းသလောက်ထောက်ပံ့ပေးခဲ့တာလည်းဖြစ်ပါတယ်။အခုတော့ သူ့ရဲ့ကူညီထောက်ပံ့မှုတွေက မဖြစ်မနေရပ်တန့်ရမယ့် အခြေအနေတစ်ခုကို ရောက်လာခဲ့ပါပြီ။

လက်အောက်ငယ်သားတွေကို ထောက်ပံ့ခဲ့တာနှစ်ချီရှိခဲ့ပြီး အလုပ်အကိုင်လည်း ရပ်နားထားရ‌တော့မို့ သူ့ရဲ့ သဘင်ခြံကြီးကို ရောင်းချရတော့မယ့် အခြေအနေကိုရောက်ခဲ့ပါပြီ။ဖိုးချစ်ကတော့ နှလုံးသားထဲက ကျွန်တော့်ဘဝ ကျွန်တော်ကြိုးစားထုဆစ်တန်ဖိုးထားတဲ့ သဘင်ခြံကြီးကိုရောင်းချရတော့မယ့်အကြောင်းသတိပေးကြေညာခဲ့ပါတယ်။

ဖိုးချစ်ကတော့ ဘယ်တော့မှ လူတွေကိုကူညီပေးတာနဲ့ ပတ်သက်ပြီး ဂုဏ်မဆာဖူးသလို ၊ရှိကြောင်းမရှိကြောင်းလည်း တစ်ခါမှာ မညီးညူဘူးသူပါ။အစစအရာရာ တစ်ယောက်တည်းကြိတ်ပြီးဖြေရှင်းခဲ့ပေမယ့် မတတ်သာတဲ့ အဆုံးမှသာ အားလုံးကိုထုတ်ပြောခဲ့တာပါ။သဘင်ခြံကြီးက ဖိုးချစ်ရဲ့ ဘဝဖြစ်သလို သဘင်မိသားစုတွေရဲ့နားခိုရာဆိုလည်းမမှားပါဘူးနော်။အခုတော့ အားလုံးရဲ့ နားခိုရာဖြစ်တဲ့ သဘင်ခြံကို ကြွေးမှီတွေဆပ်ဖို့ ရောင်းချရတော့မှာပါ။ဖိုးချစ်က သဘင်ခြံကို CB bank မှာ အပေါင်ထားပြီး ငွေချေးယူထားခဲ့တာပါ။

ငွေချေးယူပြီး အတိုးတွေသာတတ်နေပေမယ့် အလုပ်တွေက ပြန်မလုပ်ရတာကြောင့် အကြွေးမဆပ်နိုင်ဖြစ်နေခဲ့တာပါ။အဲ့ဒီ့ကြွေးမှီတွေကိုဆပ်ဖို့ အတွက် အောင်ချမ်းသာလမ်းမကြီး၊ကြူစမ်းရပ်ကွက်၊မဂ်လာဒုံမြို့နယ်မှာ ရှိတဲ့ သဘင်ခြံကို ရောင်းချတော့မှာလည်းဖြစ်ပါတယ်။ဖိုးချစ်ရဲ့သဘင်ခြံကြီးက ကြီးကျယ်ခမ်းနားလှပါတယ်။အကျယ်အဝန်း ၁.၁၉ ဧက ရှိတဲ့ ခြံထဲမှာ ပေ၅၀/၆၀ ရှိတဲ့ ၃ထပ်တိုက် အဆောက်အဦးရယ်၊Recirding တစ်ခု၊ပေ၈၀/၁၀၀ရှိတဲ့ ဇာတ်ရုံတစ်ခု၊၂ထပ်ခွဲလူနေတိုက်၊ဘန်ဂလိုတစ်လုံး၊ပေ ၁၁၀/၆၀ ရှိတဲ့ ဖူဆယ်ဘောလုံးကွင်းနဲ့ ပါဝါမီတာ ရိုးရိုးမီတာ ၁လုံးစီပါရှိပါတယ်။

ဖိုးချစ်ရဲ့ သဘင်ခြံကြီးက နှစ်၆၀ဂရမ်လည်းပါပါတယ်။ဖိုးချစ်က CB bank ကိုအကြွေးဆပ်ဖို့ ကတိမဖြတ်ချင်တာကြောင့် ခြံကြီးကို အားချင်းရောင်းဖို့ စီစဉ်နေရတာပါ။အမြန်ရောင်းပြီး ‌အကြွေးဆပ်ချင်တာမို့ ကာလပေါက်ဈေးထက်လျှော့ယူပြီး အမြန်ရောင်းချဖို့ပြောလာခဲ့ပါတယ်။ဖိုးချစ်ရဲ့ သဘင်ခြံကြီးရောင်းမယ့်သတင်းကြောင့် အနုပညာရှင်တွေလည်း စိတ်မကောင်းဖြစ်ရသလို ပရိတ်သတ်တွေကလည်း ဝမ်းနည်းခဲ့ရပါတယ်။ဖိုးချစ်တစ်ယောက် အမြတ်တနိုးတန်ဖိုးထားတဲ့ ခြံကြီးကိုမရောင်းချစေချင်တာအားလုံးရဲ့ ဆန္ဒ ပါဘဲ။

ပရိတ်သတ်တွေကတော့ ကူညီပေးမယ့်လူတွေ ပေါ်လာဖို့သာ ဝိုင်းဝန်း‌ဆုတောင်းပေးနေကြပါတယ်။အားလုံးအပါ်စိတ်ကောင်းထားပြီး ပျော်ရွှင်အောင်လုပ်ပေးခဲ့သလို သူချစ်ရတဲ့သဘင်ခြံနဲ့ မခွဲရဖို့ ကူညီပေးနိုင်မယ့် လူနဲ့ အမြန်တွေ့ပြီး အခက်အခဲတွေကျော်လွှားဖို့ ဆုတောင်းပေးလိုက်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...