ပရဟိတ ဆေးကုစားပြီး သိန်းထောင်ချီ အလှူတွေ လုပ်နိုင်ရတဲ့ ဆရာထူးခန့်ကျော်

Celebrity Local News
ပရဟိတ ဆေးကုစားပြီး သိန်းထောင်ချီ အလှူတွေ
လုပ်နိုင်ရတဲ့ ဆရာထူးခန့်ကျော်

မင်းသားကြီးထူးခန့်ကျော်ကတော့ အနုပညာအလုပ်တွေမလုပ်တော့ဘဲ ပရဟိတဆေးကုသတဲ့အလုပ်ကိုရွေးချယ်ခဲ့ပြီးမှ ကားအကောင်းစားကြီးဝယ်စီး ၊အလှူအတန်းတွေမကြာခဏလုပ်လာနိုင်တာအားလုံးအသိပါပဲ။ထူးခန့်ကျော်ရဲ့ပရဟိတဆေးကုသခြင်းက ဒီလောက်ထိချမ်းသာစေဖို့မဖြစ်နိုင်ဘူးလိူ့ တွေးနေကြသူတွေရှိသလို ပရဟိတအလုပ်ကိုလည်းမယုံကြည်သူတွေရှိလာပါတယ်။

ဒီလိုထင်ရတာကလည်း ဆရာထူးခန့်ကျော်ဆီမှာ ဆေးကုသခြင်းအပြင် တခြားသောကျောထောက်နောက်ခံစီးပွါးရေးတွေမရှိလို့ပါပဲ။တခြားစီးပွါးရေးတစ်ခုကို အချိန်ပေးမလုပ်နိုင်တဲ့အထိ ဆရာထူးခန့်ကျော်က သူ့ရဲ့ဆေးခန်းမှာတစ်နေ့ကို လူနာထောင်နဲ့ချီပိုဆေးကုသပေးနေရသူပါ။သူ့ရဲ့နေ့စဉ်ကုသိုလ်ယူနေတဲ့ဆေးကုသခြင်းအလုပ်ကိုပဲ မိန်းမနဲ့သားတွေသမီးတွေက ဝိုင်းဝန်းပါရမီဖြည့်ပေးနေကြတာကြောင့် ထူးခန့်ကျော်တို့မိသားစုတစ်ခုလုံးက ဒီအလုပ်မှာပဲနစ်မြှပ်ထားရပါတယ်။

ထူးခန့်ကျော်ကို ဆေးကုစားတယ်ဆိုပြီး အထင်မကြီးကြပေမယ့် ထူးခန့်ကျော်က အမျိုးသမီးရဲ့မွေးနေ့မှာ သိန်း၂၂၀တန် မြေကွက်ကို”ထူးမြတ်ရတနာ”သီလရှင်ကျောင်းတိုက်အတွက် လှူဒါန်းလိုက်ပါတယ်။ဒီအလှူက ထူးခန့်ကျော်ကို ဝေဖန်ချင်တဲ့ပရိတ်သတ်တွေအတွက်တော့မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
ဒီမြေကွက်မှာ သီလရှင်ဆရာလေးတွေရဲ့ပရိယတ္တိစာသင်တိုက်တည်ဆောက်သွားမှာဖြစ်ပြီး သာသနာအတွက်အကျိုးရှိတဲ့လှူဒါန်းမှုတစ်ခုပါပဲ။

မွေးနေ့မှာသူများတွေက အိုးအိမ်ယာဉ် တိုက်တာ ကားအများကြီးပေးကြပေမယ့် ဆရာထူးခန့်ကျော်ကတော့ သူ့ရဲ့ပါရမီဲဖြည့်ဖက်ကို ကုသိုလ်အလှူတစ်ခုပေးဖို့ဆန္ဒရှိခဲ့ပါတယ်။ဒါ့ကြောင့်ပဲ ဒီလို သိန်း၂၂၀တန် မြေကွက်ကို ဝယ်ယူထားခဲ့ပြီး မွေးနေ့အလှူအဖြစ် ပါရမီဖြည့်ဖက်ဇနီးကောင်းကို အလှူလက်ဆောင်ပေးခဲ့တာပါ။

ထူးခန့်ကျော်က သူကိူယ်တိုင်ထက် သူ့ရဲ့အမျိူးသမီးကိုပိုလေးစားပြီး အခုလိုသာသနာပြုနိုင်အောင်လည်း အမျိုးသမီးကပါရမီဖြည့်ပေးနေတာကြောင့်အတော်လေးကျေးဇူးတင်နေပါတယ်။ထူးခန့်ကျော်ရဲ့ ဇနီးကလည်း ဘာနဲ့မှမတူတဲ့ဒီလို ကုသိုလ်ကိုပေးလို့ အတိုင်းအဆမရှိပျော်နေပါတယ်။

ထူးခန့်ကျော်က ဒီအလှုမတိုင်ခင်မှာလည်း တခြားသော ရေဘေးအလှူတွေကို လိုအပ်တဲ့နေရာတွေမှာ သိန်းထောင်ချီပြုလုပ်ထားပါသေးတယ်။ဒါ့ကြောင့် ပရိတ်
သတ်တွေက ထူးခန့်ကျော်တစ်ယောက်ပရဟိတဆေးကုတာကိုအမည်ခံပြီး စီးပွါးဖြစ်လုပ်လာတာလားဆိုပြီးတွေးနေကြရပါတယ်။အမှန်တကယ်တော့ ထူးခန့်ကျော်က မရှိတဲ့သူတွေအတွက် ကုသိုလ်ဖြစ် ဆေးကုပေးနေပေမယ့် ပိုက်ဆံရှိအသိုင်းအဝိုင်းက ချမ်းသာကြွယ်ဝသူတွေကတော့ ဆရာထူးခန့်ကျော်ကို ကျေးဇူးသိတတ်ပြီး အလှူငွေတွေရက်ရက်ရောရောကန်တော့တတ်ကြပါတယ်။

ထူးခန့်ကျော်က အသက်တစ်ချောင်းအပြင် တစ်သတ်လုံးရောဂါတစ်ခုကြောင့် စိတ်ဒုက္ခရောက်နေရသူတွေကို အချိန်တိုအတွင်းပျောက်ကင်းအောင် ကုသပေးနိုင်တာကြောင့် ဆေးကုသသူအပေါင်းကကျေးဇူးတင်နေကြပါတယ်။ဒါ့ကြောင့် ချမ်းသာသူတွေက ချမ်းသာသလို သိန်းဆယ်နဲ့ချီ ၊ရာနဲ့ချီ ကန်တော့ကြသလို ရတနာပစ္စည်းတွေ လက်ဝတ်ရတနာတွေလည်း လှုဒါန်းလာကြပါတယ်။ဒီငွေကြေးပစ္စည်းဥစ္စာတွေကို ထူးန့်ကျော်က လိုအပ်တဲ့နေရာတွေမှာ ရက်ရက်ရောရော ပြန်လှုတတ်လည်း အားလုံးတွေ့မြင်နေရပါတယ်။

ထူးခန့်ကျော်ရဲ့စေတနာ ၊မေတ္တာတွေကို လူမမာတွေအပြင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးကပါတွေ့မြင်နေရပါတယ်။ဒါ့ကြောင့် ထူးခန့်ကျော်ရဲ့ဆေးခန်းမှာတစ်နေ့တစ်နေ့ကို တုံကင်ယူပြီးစောင့်နေကြတဲ့လူနာပေါင်းထောင်နဲ့ချီကာရှိနေပါတယ်။ဆရာထူးခန့်ကျော်ကလည်း ဒီလိုလူမမာတွေအတွက်အိပ်ချိန်တောင်မယူဘဲ အလုပ်တွေလုပ်ပေးနေတဲ့သူပါ။လူနာတစ်ယောက်ကို စျေးတစ်ခုသတ်မှတ်ပြီးဆေးကုသပေးနေတဲ့သူဆိုရင်တောင်ဆရာထူးခန့်ကျော်ရဲ့တစ်ရက်စာဝင်ငွေကမနည်းလှပါဘူး။

သို့ပေမယ့် ထူးခန့်ကျော်ကတော့ သူ့ဆီရောက်လာတဲ့လူနညတွေ လှုဒါန်းကန်တော့သလောက်ကိုသာယူပြီး မပြေလည်တဲ့လူမမာတွေကိုဆိုရင်တော့ သူကိုယ်တိုင်ကတောင်ပြန်ကန်တော့လိုက်ပါသေးတယ်။ဒီလိုစေတနာမှန်လို့ လည်း အကျိုးပေးမှန်နေတာလည်းဖြစ်ပါလိမ့်ယ်။ဆရာထူးခန့်ကျော်ရဲ့ ဆေးဝါးကုသနည်းစနစ်တွေ က ခေတ်မီဆေးပညာရပ်နဲ့ကြည့်ရင် လက်မခံနိုင်စရာတွေရှိပေမယ့် သူ့ရဲ့စေတနာ ၊ မေတ္တာ၊သီလ ၊သမာဓိနဲ့ ကုသပေးတာက လူမမာတွေအပေါ်ကောင်းသောသက်ရောက် မှုတွေဖြစ်စေပါတယ်။

ဒါတွေကြောင့် ထူးခန့်ကျော်ရဲ့ဆေးခန်းက မပြည့်စုံတဲ့ လူနာတွေ ၊ရောဂါရှိသူတွေအတွက်တော့ အားကိုးရာတစ်ခုဖြစ်လို့နေပါတယ်။ဆရာထူးခန့်ကျော်ရဲ့ပတ်ဝန်းကျင်မှာလည်း အဆင်မပြေတဲ့ မိသားစုတွေ ရောဂါသည်တွေများစွာကိုတွေ့ရပြီး သူ့ရဲ့ဆေးခန်းမှာ အလှူခံပုဂ္ဂိုလ်တွေများစွာကိုတွေ့မြင်ရမှာပါ။

ဆရာထူးခန့်ကျော်ကို ပါရမီဖြည့်ပေးချင်သူတွေကလည်း ဒီဆေးခန်းမှာပဲ အာဟာရဒါနတွေ ၊ကုသိုလ်တွေများစွာကိုလာလုပ်ပေးကြပါတယ်။ဆရာထူးခန့်ကျော်ကလည်း ခုနှစ်ရက်သားသီးတွေရဲ့ကိုယ်စားရလာတဲ့ ငွေကြေးတွေကို ကိုယ်ကျိုးထက် သာသနာပြုလုပ်ငန်းတွေမှာ သုံးနေတာကြောင့်ပရိတ်သတ်တွေလည်း သာဓုခေါ်ခွင့်ရနေကြရပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...