ပြင်သစ်နိုင်ငံမှာ တာဝန်ကျရဲအရာရှိတွေရဲ့ ချစ်ခင်နှစ်သက်မှုကိုလည်း ရရှိထားတဲ့ မင်းသားကြီး ဂျက်ကီချမ်း

Celebrity International News
ပြင်သစ်နိုင်ငံမှာ တာဝန်ကျရဲအရာရှိတွေရဲ့ ချစ်ခင်နှစ်သက်မှုကိုလည်း
ရရှိထားတဲ့ မင်းသားကြီး ဂျက်ကီချမ်း

ဟောင်ကောင်မင်းသားကြီး ဂျက်ကီချမ်းဟာ အသက် ၇၀ ရှိနေပြီဖြစ်ပေမဲ့ ကမ္ဘာတစ်ဝှမ်းမှာ အသိအမှတ်ပြုခံရဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်နေတုန်းပါပဲ။ သူဟာ ပြင်သစ်နိုင်ငံက ရဲအရာရှိတွေကိုတောင် သူ့ရဲ့ပရိသတ်ဖြစ်အောင် လုပ်နိုင်ခဲ့တာပါ။


ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့က Paralympics ဖွင့်ပွဲအတွက် မီးရှူးတိုင်သယ်ဆောင်သူတွေထဲက တစ်ယောက်အဖြစ် ဂျက်ကီချမ်းက ပါရီမြို့မှာ ရှိနေခဲ့တာပါ။ အဲ့ဒီမှာ တာဝန်ကျနေတဲ့ ရဲအရာရှိ ၂ ဦးက ဂျက်ကီချမ်းနဲ့ဓာတ်ပုံတွဲရိုက်ဖို့ ခွင့်တောင်းခဲ့တဲ့ ဗီဒီယိုတွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာပါ။


အင်တာနက်အသုံးပြုသူတွေက ဂျက်ကီချမ်းကို ပရိသတ်တွေနဲ့အတူ နေ့ရောညရောဓာတ်ပုံရိုက်နေတာမြင်တွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။ ပရိသတ်တစ်ဦးကလည်း Police Story က အပြင်မှာတကယ်ဖြစ်လာပြီလို့လည်း ရေးသားခဲ့ပါတယ်။ ဂျက်ကီချမ်း မီးရှုးတိုင်သယ်ဆောင်လာစဉ် သူ့နာမည်ပါတဲ့အင်္ကျီဝတ်ဆင်ပြီး အားပေးနေတဲ့ပရိသတ်တွေလည်းရှိခဲ့ပါတယ်။ တချို့ဆို “Kung Fu Legend” ဆိုတဲ့စာသားပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတာလည်း မြင်တွေ့ခဲ့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...