မြန်မာမှာ လူတိုင်းမစီးနိုင်တဲ့ Rolls Royce ကားကိုမှ ပိုင်ဆိုင်ထားတဲ့ ဆယ်လီများ

Celebrity Local News
မြန်မာမှာ လူတိုင်းမစီးနိုင်တဲ့ Rolls Royce ကားကိုမှ ပိုင်ဆိုင်ထားတဲ့ ဆယ်လီများ

ကားတွေထဲမှာမှ ထိပ်တန်းကားအမျိုးအစားဖြစ်ပြီး လက်ချိုးရေလို့ရနိုင်တဲ့ ကားတစ်စီးဖြစ်တဲ့ rolls royce ကားကိုမှပိုင်ဆိုင်ထားတဲ့ အနုပညာရှင်များအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ ဘယ်အနုပညာရှင်တွေက ဦးဆောင်ထားနိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ

(၁) သက်ရတနာကျော်ဝင်း

ပထမဆုံးပြောပြရမယ့်သူကတော့ g grace လို့ခေါ်တဲ့ သက်ရတနာကျော်ဝင်းပဲဖြစ်ပါတယ်။ သူမကတော့ ရွှေနန်းတော်လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းရွှေဆိုင်ကြီးကိုပိုင်ဆိုင်ထားတဲ့ ခရိုနီကြီးရဲ့ သမီးလေးပဲဖြစ်ပါတယ်။ သူမကို ပရိတ်သတ်အများစုကတော့ the voice myanmar ကနေစတင်သတိထားမိသွားခဲ့တာဖြစ်ပြီး သူမရဲ့ ကြိုးစားမှုတွေကြောင့်အခုနောက်ပိုင်းမှာနေရာတစ်နေရာစာရရှိနေခဲ့တာပါ။ သူမရဲ့ ပရိတ်သတ်တွေကတော့ သူမကို G လို့ပဲချစ်စနိုးခေါ်ဆိုကြတာဖြစ်ပါတယ်။

သူမရဲ့ မာတာမိခင်ကြီးကတော့ ရောင်စုံ ပြောင်းလဲရေးဆရာမကြီးဖြစ်တဲ့ ဒေါ်သက်သက်ခိုင်နဲ့ ရွှေနန်းတော်ပိုင်ရှင်ဒေါက်တာဦးအောင်ခိုင်ဝင်းတို့ပဲဖြစ်ကြပါတယ်။ Graceကတစ်ဦးတည်းသော သမီးလေးလည်းဖြစ်သလို သူမရဲ့အဒေါ်ဖြစ်သူကလည်းတစ်နိုင်ငံလည်းသိကြတဲ့ ထွန်းအိန္ဒြာဗိုလ်ပဲဖြစ်လို့နေတာဖြစ်ပါတယ်။ ဂျီကအဒေါ်ဖြစ်သူရဲ့ အနုပညာကိုတန်ဖိုးထားတဲ့သူတစ်ဦးဖြစ်တာကြောင့် the voice myanmar season-3 မှာလည်း အကောင်းဆုံးသီဆိုယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

သူမကိုလူတွေသိလာခဲ့တဲ့နောက်ပိုင်းမှာတော့ ဂျီဟာ သူမရဲ့ ရက်ရောလှတဲ့ ပရဟိတလုပ်ငန်းတွေကြောင့်နာမည်ကြီးလာခဲ့ကာ ရံဖန်ရံခါလည်းကြော်ငြာရိုက်ကူးမှုတွေကိုပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေရဲ့တစ်ဦးတည်းသောသမီးဖြစ်တဲ့အတွက်ကြောင့် ဂျီဟာ သိန်းတစ်သောင်းကျော်တဲ့ လူတိုင်းမှာမရှိတဲ့ ရိုးလပ်စ်ကားကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

(၂) နေရွှေသွေးအောင်

နေရွှေသွေးအောင်ကတော့ စီးပွါးရောလောကမှာ နံပါတ်တစ်တွေထဲက တစ်ယောက်ဖြစ်ပြီး ဉစ္စာပေါရုပ်ချော ဘောစိကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ဖိုးလပြည့်က ဘဘကြီးတွေရဲ့ အချစ်တော်ဖြစ်တဲ့အပြင် မြည်းလည်းဖြစ်တာကြောင့် ဘယ်သွားသွားဘာလုပ်လုပ်မှာ သူ့ကိုလူတိုင်းအားလုံးကသိရှိကြတာဖြစ်ပါတယ်။

ဒါတွေတင်မကသေးပဲ နေရွှေသွေးအောင်က မြန်မာနိုင်ငံရဲ့ထိပ်တန်းတစ်ဦးဖြစ်တဲ့အပြင် အနုပညာပိုးကိုလည်း ဝါသနာရှိသူပါ၊ သူက နိုင်ငံခြားသီချင်းတွေကို cover ပြန်လည်သီဆိုကာ အလန်းဇယား mtvသီချင်းတွေဖြစ်တဲ့Do You Know , Hero , Somebody me အစရှိတဲ့သီချင်းတွေကို နိုင်ငံခြားပုံစံမျိုးဆန်ဆန်အလန်းဇယားဖြစ်အောင်ရိုက်ကူးထားနိုင်ခဲတာဖြစ်ပါတယ်။

ဒါတွေကြောင့်ပဲနေရွှေသွေးအောင်ကို ပရိတ်သတ်တွေကပါသဘောကျလို့နေခဲ့တာဖြစ်ပြီး မကြိုက်တဲ့သူတွေကတော့ အဆဲပက်ကေ့စ်တွေဝယ်ထားသလို ရှယ်ကော်လ်ခံခဲ့ရတာဖြစ်ပါတယ်။ ခရိုနီအသိုင်းအဝိုင်းက ဆင်းသက်လာတဲ့ ကောင်ဆိုးလေးဖြစ်တာကြောင့်မို့ ငွေကိုရေလိုသုံးနိုင်တဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် ငယ်ရွယ်စဉ်တုန်းက ကိုနေရွှေသွေးအောင်ရဲ့ ရမ်/းကားမှုတွေကလည်းရှိလို့နေခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးအဖြစ်ပြောင်းလဲနေခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် အရင်ကလို ရှော်တီပေါင်းသောင်းခြောက်ထောင်နဲ့ ဘာညာသတင်းတွေကလည်း လုံးဝမထွက်ရှိတော့တဲ့ အထိလိမ္မာသွားခဲ့တာဖြစ်ပါတယ်။ အရင်ခေတ်က big playerတစ်ဦးဖြစ်လို့နေခဲ့တာကြောင့် ယခင်ခေတ်ကမင်းသမီးတွေတောင် နေရွှေသွေးအောင်ဆီကနေ စပွ/န်ဆာရရှိနေတဲ့သူတွေကလည်းမနည်းမနောပဲဖြစ်ပါတယ်။ သူဟာသူဘယ်လောက်ပဲဆို/းခဲ့ပါစေ rich kid လေးဖြစ်တာကြောင့်အားလုံးက မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြီးတော့ စီးပွါးရေးမှာလည်းထူးချွန်တဲ့အပြင် ငွေကလည်း ရှယ်ပေါနေခဲ့တာကြောင့် တော်ရုံလူတွေမစီးနိုငမတဲ့ roll royce ကားကိုစီးနိုင်တဲ့အပြင်တစ်ခြားသောတန်ဖိုးမြင့်ကားတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

(၃) Alice K

Alice K ကတော့ ဘယ်သွားသွားဘာလုပ်လုပ် live လွှင့်ကာစျေးရောင်းရင်းနာမည်ကြီးလာခဲ့သူပါ။ တစ်မူထူးခြားတဲ့ တော်ကီတွေနဲ့ ကာစတန်မာတွေကို ဖမ်းစားနိုင်ခဲ့တဲ့သူတစ်ဦးဖြစ်တာကြောင့် ပရိတ်သတ်တွေမသိမရှိတဲ့soical influencer တစ်ဦးပဲဖြစ်ပါတယ်။ ဒါတွေတင်မကသေးပဲ သူဟာခင်ပွန်းဖြစ်သည်အတွက် ရတန်ဖိုးကြီး ရိုးလပ်စ်ကားကိုတောင် လက်ဆောင်ပးခဲ့တာဖြစ်ပြီး အများအားကျအောင်ချေချပြခဲ့တာဖြစ်ပါတယ်။

ထက်မြတ်တဲ့အမျိုးသမီးဖြစ်တဲ့ alice k ဟာလက်ရှိမှာလည်းသူမရဲ့အလှကုန်တွေကို ရှယ်တီ/းပလန်နဲ့ဖြန့်လို့နေခဲ့တာဖြစ်ပြီးတော့ သူမရဲ့အားထုတ်မှုတွေကြောင့် ဝင်လာမဆဲတစ်သဲသဲဖြစ်လို့နေခဲ့တာဖြစ်ပါတယ်။ လူအများကြားမှာလည်း အလုပ်ကြိုးစားတဲ့သူအဖြစ်လူတွေကသိထားကြသလို သူမရဲ့ထုတ်ကုန်တွေကလည်း မိမိုက်လွန်းနေခဲ့တာကြောင့်အားလုံးကသဘောကျနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ကြိုးစားအားထုတ်မှုတွေကိုလည်းချီးကျုးတဲ့သူတွေကတောက်လျှောက်ရှိနေခဲ့တာဖြစ်ပါတယ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...