ရေဘေးဖြစ်နေချိန်မှာ အရမ်းပျော်ရွှင်‌နေတဲ့သူရဲ့ပုံစံကြောင့် ဝေဖန်ခံနေရတဲ့အပေါ်ဖြေရှင်းလာတဲ့ ဖြိုးဝေစိုး

Celebrity Local News
ရေဘေးဖြစ်နေချိန်မှာ အရမ်းပျော်ရွှင်‌နေတဲ့သူရဲ့ပုံစံကြောင့်
ဝေဖန်ခံနေရတဲ့အပေါ်ဖြေရှင်းလာတဲ့ ဖြိုးဝေစိုး

မင်းသားတစ်ယောက်ဖြစ်ပေမယ့် တည်တည်ကြည်ကြည်မရှိဘဲ အမြဲတမ်းစနောက်ပြီး ရယ်မောနေတတ်တဲ့ ဖြိုးငွေစိုးကတော့ အခုအချိန်မှာ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကိုခံနေခဲ့ရပါပြီ။ဗွီဒီယိုခေတ်မှာ ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်အားပေးချစ်ခင်မှု တစ်ခဲနက်ရရှိထားသူပါ။အချစ်ဇာတ်ကားတွေနဲ့ Drama ဇာတ်လမ်းတွေကို အပီပြင်ဆုံးရိုက်ကူးနိုင်ခဲ့သလို သူအပိုင်နိုင်ဆုံးကာရိုက်တာကတော ဟာသပါဘဲ။ရုပ်တည်ကြီးနဲ့ ဟာသဇာတ်ကားတွေရိုက်ကူးနိုင်တာ သူ့ရဲ့ ပညာလို့ဆိုရမှာပါ။

အရပ်အမောင်း၊Body နဲ့ တည်ကြည်တဲ့ ဥပဓိရုပ်ကိုကြည့်ရင် ဟာသလုပ်နိုင်မယ်မထင်ရပေမယ့် ဇာတ်ကားတွေထဲမှာ ဟာသဇာတ်ရုပ်ကို အပိုင်နိုင်ဆုံးဖြစ်သလို လက်တွေ့အပြင်မှာလည်း ဟာသတွေပြောသလို အနုပညာရှင်အချင်းချင်းဆေးလိုက်ထိုးနေသူတစ်ယောက်ပါ။သူ့ရဲ့ ဒဏ်ကိုအခံရဆုံးကတော့ ဦးကျော်ထူးပါဘဲ။ဖြိုးငွေစိုးနဲ့ ဦးကျော်ထူးတို့နှစ်ယောက်ကတော့ ဇညတ်ကားတော်တော်များများမှာ တွဲဖက်ရိုက်ကူးရင်းကနေ ရင်းနှီးတဲ့ အနုပညာရှင်တွေဖြစ်လာခဲ့ကြတာပါ။အရမ်းရင်းနှီးတာတဲ့ သူတို့နှစ်ယောက်မှာတော့ ဦးကျော်ထူးတစ်ယောက် ဖြိုးငွေစိုးရဲ့ ဒဏ်ကိုအခံရဆုံးပါဘဲ။

တော်ရုံစတာမဟုတ်ဘဲ အရမ်းစနှောက်တာကြောင့် အမြဲတမ်းလိုလို ပြသာနာဖြစ်ခဲ့ရတဲ့အထိပါ။ဖြိုးငွေစိုးရဲ့ စနောက်ပြီး ပျော်ရွှင်တတ်တဲ့ အကျင့်က အခုအချိန်မှာ ပရိတ်သတ်တွေရဲ့ ဝေဖန်တာကို ခံနေခဲ့ရပြီလည်းဖြစ်ပါတယ်။အချိန်မရွေးပျော်ပျော်နေတတ်တာကို ပရိတ်သတ်တွေက ဂရုမစိုက်ပေမယ့် အခုလို လူတွေဒုက္ခရောက်နေချိန်မှာ ပျော်ရွှင်နေတာကိုတော့ ပရိတ်သတ်တွေက ကြည့်မရဖြစ်နေခဲ့ရတာပါ။ပြည်သူတွေပြသာနာမျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာ အနုပညာရှင်အများစုကို မသိချင်ယောင်ဆောင်နေတတ်ကြပေမယ့် အခုအချိန် ပြည်သူတွေရေဘေးဒုက္ခရောက်နေချိန်မှာ အနုပညာရှင်အများစုက လှူဒါန်းမှုမှာ ပါဝင်ခဲ့ကြပါတယ်။

ငွေအားနဲ့ လှူဒါန်းကြသလို တစ်ချို့အနုပညာရှင်တွေဆိုရင် ကယ်ဆယ်ရေးတွေမှာပါ ပါဝင်ကူညီခဲ့ကြတာကြောင့် ပရိတ်သတ်တွေက ပီတိဖြစ်ခဲ့ကြသလို တတ်နိုင်တဲ့ ဘက်က ပါဝင်ပေးကြတာကို အားလုံးကကျေနပ်ခဲ့ရပါတယ်။အနုပညာရှင်အများစုချီးကျူးခံနေရချိန်မှာ ပရိတ်သတ်ဝေဖန်တာခံနေရတဲ့ အနုပညာရှင်ကတော့ မင်းသားဖြိုးငွေစိုးပါဘဲ။ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဖြိုး‌ငွေစိုးကတော့ အခုလည်း သူ့ရဲ့ ပျော်ရွှင်တဲ့ ပုံစံကြောင့် ဘဲ ဝေဖန်တာကို ခံနေခဲ့ရတာလည်းဖြစ်ပါတယ်။

‌ဖြိုးငွေစိုးဝေဖန်ခံနေရတဲ့ အရာကတော့ .The mask singer မှာပါတဲ့ သူ့ရဲ့ ပျော်ရွှင်နေတဲ့ ပုံစံကြောင့်ပါဘဲ။The mask singer က အခုအချိန်မှာ ပရိတ်သတ်တွေကြားစိတ်ဝင်စားမှုမြင့်တတ်နေခဲ့တဲ့ အစီအစဉ်တစ်ခုပါ။နယ်ပယ်‌ပေါင်းစုံက
အနုပညာရှင်များစွာပါဝင်တဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး အဲ့ထဲမှာ ဖြိုးငွေစိုးက‌လည်းတစ်ယောက်အပါအဝင်ပါဘဲ။ဖြိုးငွေစိုးက ဘာဂါပုံစံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဟာသတွေပြောရင်း ပွဲကိုဖျော်ဖြေတင်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။ပွဲထဲမှာလည်းသူ့ရဲ့ ထုံးစံအတိုင်းပိုင်ဇေရဲထွန်းကိုပါ မိန်းမနဲ့ ရန်ဖြစ်အောင် ဆေးထိုးခဲ့တဲ့အထိပါဘဲ။

ပွဲက သူ့ကြောင့် မြိုင်ဆိုင်သွားပေမယ့် အချိန်မှားပြီး ပျော်ရွှင်ခဲ့တာကြောင့် ပရိတ်သတ်တွေကြားဝေဖန်မှုတွေမြင့်တတ်ခဲ့တဲ့အထိပါဘဲ။ပြည်သူတွေရေဘေးကြောင့်ကယ်ဆယ်ရေးတွေနဲ့ အလှုပ်တွေရှုပ်နေချိန်မှာ ပျော်နေတယ်ဆိုပြီး ပစ်တင်ပြောဆိုတာတွေများစွာကိုကြုံတွေခဲ့ကြရပါတယ်။တစ်ချို့ကတော့ စိတ်ညစ်နေချိန်မှာ သူ့ကြောင့်ရယ်မောပျော်ရွှင်ရတယ်ဆိုပြီးအကောင်းဘက်က ပြောပေးကြပေမယ့် တိုက်ခိုက်သူတွေကပိုများနေတာပရိတ်သတ်တို့မျက်မြင်ပါဘဲ။

ဖြိုးငွေစိုးကတော့ ဝေဖန်နေတဲ့ ပရိတ်သတ်တွေကြောင့် ငြိမ်နေလို့အဆင်မပြေတော့တာကြောင့် ဖြေရှင်းလို့လာပါပြီ။သူပါဝင်ရိုက်ကူးခဲ့တဲ့ The mask singer ဆိုတဲ့ အစီအစဉ်က တိုက်ရိုက် Live မဟုတ်ဘဲ ကြိုတင်ရိုက်ကူးထားတာတွေပြန်ပြပေးတဲ့ အစီအစဉ်တစ်ခုပါ။Channel ကနေ အချိန်မှန်တင်ဆက်နေပေမယ့် သူရိုက်ကူးခဲ့တာက လွန်ခဲ့တဲ့ ၄လလောက်က ရိုက်ကူးထားခဲ့တာလို့ဆိုပါတယ်။Channel လိုင်းကသာ အချိန်အခါမကြည့် ဘဲ တင်မြဲတိုင်းတင်နေတာဖြစ်ပြီး သူ့အနေနဲ့တမင်ရွေးပြီး ရိုက်ကူး‌နေတာမဟုတ်ကြောင်းရှင်းပြလာခဲ့ပါတယ်။

 

ဖြိုးငွေစိုးကတော့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပြည်သူထဲက ပြည်သူတစ်ယောက်မို့ သူတတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးဖို့ ပြင်ဆင်နေပါတယ်ဆိုပြီး သူ့ကိုအလိုက်ကန်းဆိုးမသိဘူးဆိုပြီး အထင်လွဲနေတဲ့ ပရိတ်သတ်‌တွေကိုဖြေရှင်းလာခဲ့ပါတယ်။ယုတ်တိရှိတဲ့ သူ့ရဲ့ ဖြေရှင်းချက်ကို နားလည်တဲ့ ပရိတ်သတ်တွေကများပေမယ့် အခုအချိန်ထိနားမလည်ဘဲ လူမှုရေးမရှိဘဲ ပျော်ရွှင်‌နေတယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတုန်းပါဘဲ။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...