ရေဘေးသင့်ဒေသများအတွက် ဂုဏ်မဖော်ဘဲ သိန်း ၆၀၀ လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

Celebrity Local News
ရေဘေးသင့်ဒေသများအတွက် ဂုဏ်မဖော်ဘဲ သိန်း ၆၀၀ လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

အနုပညာလောကထဲကို မော်ဒယ်အဖြစ် စတင်ဝင်ရောက်လာခဲ့သူကတော့ စမိုင်းလ် ပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ကြော်ညာလေးတွေရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှု့ကို ရရှိခဲ့ပါတယ်။သူမက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့သရုပ် ဆောင်တစ်ဦးအနေနဲ့ ရိုက်ကူးခဲ့ပြီး ထူးခြားတဲ့ရုပ်ရှင်ကြောင့် ပရိသတ်သတိထားမိခဲ့ပြန်ပါတယ်။ဒီလိုအောင်မြင်မှုရရှိခဲ့တဲ့ သူမကအနုပညာလှုပ်ရှားမှုကို ဆက်လက်မ လုပ်ကိုင်တော့ဘဲ ချစ်ရတဲ့ချစ်သူနဲ့ လက်ထက်ခဲ့ပြီး နိုင်ငံရပ် ခြားကိုထွက်သွားခဲ့ပါတယ်။

သူမတို့ဇနီးမောင်နှံဟာ နိုင်ငံရပ်ခြားမှာ အတူတကွကြိုးစားခဲ့ ပီးနောက် လက်ရှိမှာတော့ လူချမ်းသာစာရင်းဝင်တဲ့အထိအောင်မြင်ခဲ့ပါတယ်။စမိုင်းလ် တို့မိသားစု ဟာ အမေရိကန်နိုင်ငံ မှာ နာမည်ကြီး Youtuber တစ်ဦးရဲ့ စံအိမ်ကြီးကို တန်ဖိုး ကြီးပေးပြီး ဝယ်ယူနိုင်ခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ နာမည် ကြီးမဂ္ဂဇင်းတစ်ခုမှာ မြန်မာနိုင်ငံသားအနေနဲ့ ပထမဆုံးအင်တာဗျူးဖော်ပြခြင်း ခံလိုက်ရတာကြောင့်လဲ ဂုဏ်ယူခဲ့ရပါသေး တယ်။

အခုတစ်ခါမှာတော့ ရေဘေးသင့်ဒေသတွေအတွက် နောက်ကွယ်ကလှူဒါန်းပေးခဲ့တာကို ချပြလာပါတယ်။အလှူအတန်းဆို လက်မနှေးတဲ့ သူဌေးမကြီး စမိုင်းလ်ကတော့ ခိုင်နှင်းဝေဖောင်ဒေးရှင်းအတွက် ငွေ သိန်းသုံးရာနဲ့ နာရေးကူညီမှုအသင်းအတွက် ငွေသိန်း ၃၀၀ လှူဒါန်းပေးခဲ့ပေမဲ့လည်း သူ့အလှူကို ဂုဏ်မဆာဘဲ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့တာကြောင့် လူအများဆီကနေ ချီးကျူးခံနေရခဲ့တာပဲ ဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...