ရေဘေးသင့်နေတဲ့ ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်ကို တိုက်ရိုက် ဖြည့်ဆည်းပေးလိုက်တဲ့ ပရဟိတ မိခင်ကြီး ခိုင်နှင်းဝေ

Celebrity Local News
ရေဘေးသင့်နေတဲ့ ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်ကို တိုက်ရိုက်
ဖြည့်ဆည်းပေးလိုက်တဲ့ ပရဟိတ မိခင်ကြီး ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ရုပ်ရည်ရော အရည်အချင်းအရ ပြည့်စုံရုံတင်မက စိတ်ထားကောင်းတဲ့နေရာမှာလည်း သူမတူတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ လေးစားဂုဏ်ယူချစ်ခင်ရတဲ့ မင်းသမီး ခိုင်နှင်းဝေက အများအကျိုးသယ်ပိုးထမ်းရွက်တဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာအလုပ်တွေထက် ပြည်သူလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ခိုင်နှင်းဝေပရဟိတ အသင်း နဲ့ ခိုင်မိသားစုဂေဟာတို့ကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါ တယ်။

အခုတစ်ခါမှာလည်း မြန်မာပြည်အနှံ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေဘေးကြီးအတွက် ရေဘေးသင့်ဒေသတွေကို လိုက်လံလှူဒါန်းခဲ့တာကိုလည်းတွေ့ရပါတယ်။

ပရဟိတ မိခင်ကြီး ခိုင်နှင်းဝေကတော့ ရေဘေးသင့် ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်ကို အလျင်မြန်ဆုံး ဖြည့်ဆည်းပေးလိုက်ပြီ ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။

“ရွာ (၂) ရွာ ပေါင်း အိမ်လုံးဝ ပြိုသွားသော အိမ်ခြေ (၂၅) အိမ် အတွက် တအိမ်ထောင်လျှင် သိန်း (၂၀) စုစုပေါင်း သိန်း (၅၀၀) ၊ အိမ်ထောင်စု (၁၀၀) အတွက် တအိမ်ထောင် (၁) သိန်း ဖြင့် သိန်း (၆၀၀) နှင့် အိမ်သုံးပစ္စည်းများ တို့ကို စတင် ကူညီ ဝေမျှပေးခဲ့ပါတယ်။ အားလုံးပဲ ပီတိ ကုသိုလ်လေးများ ပွား များနိုင်ကြပါစေရှင်”

လက်ရှိရေဘေးမှာ အလှူငွေ အများဆုံး လက်ခံရရှိနေတဲ့ ပရဟိတမိခင်ကြီး ခိုင်နှင်းဝေဟာ လှူဒါန်းမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...