ရေဘေးသင့်ပြည်သူများကို ငွေကျပ်သိန်း (၁၀၀) ဖိုး လှူဒါန်းသွားမယ့် ထူးခန့်ကျော်

Celebrity Local News
ရေဘေးသင့်ပြည်သူများကို ငွေကျပ်သိန်း (၁၀၀) ဖိုး လှူဒါန်းသွားမယ့် ထူးခန့်ကျော်

သရုပ်ဆောင်ထူးခန့်ကျော်ဟာ တိုင်းရင်းဆေး ပညာနဲ့ အကြောညှပ်၊ အကြောပြင်၊ လေဖြန်း၊ လေဖြတ်၊ ကျီးပေါင်းဝေဒနာတွေကို ဆေးကု သမှုပေးနေတာဖြစ်ပြီး”ပရဟိတထူးချွန်တံခွန်” ဘွဲ့တံဆိပ်နှင့်ဆုကို ပေးအပ်ခြင်းခံရတာဖြစ်ပါတယ်။

ဆေးကုသပေးရင်းနဲ့ ကျေးဇူးသိတတ်တဲ့ လူနာရှင်တွေကြောင့် နေ့ချင်းညချင်းချမ်းချမ်းသာသာနေနိုင်လာတာလည်းဖြစ်ပါတယ်။ အခုချိန်မှာဆိုရင် တိုက်ကောင်းကောင်းနဲ့ အကောင်းစားကားကြီးတွေနဲ့ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ မြန်မာနိုင်ငံအနှံ့အပြားမှာဖြစ်ပေါ်နေတဲ့ ရေဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေရတဲ့ရေဘေးသင့်ပြည်သူတွေကို ဆရာထူးခန့်ကျော်က ကူညီသွားမဲ့အကြောင်းပြောပြလာတာပဲဖြစ်ပါတယ်။

“နေပြည်တော်တပ်ကုန်းနှင့် အနီးတဝိုက် ရေဘေးသင့်အမျိုးအပေါင်း သူတော်ကောင်းများအတွက် သိန်း (၁၀၀) တန်ဖိုးရှိအဝတ်အထည်များ၊ စားသောက်စရာများ၊ ရေသန့်ဗူးများအား ပါရမီဖြည့် လှူဒါန်းသွားမှာဖြစ်ပါတယ်ခင်ဗျာ။ လာမည့်အပတ် (၉) လပိုင်း၊ (၂၁) ရက်နေ့၊ စနေနေ့မှာ သွားရောက်လှူဒါန်းမှာဖြစ်ပါသည်။ ဤကောင်းမှု့သည် အမျိုးများအားလုံး၏ ကောင်းမှု့ကုသိုလ်ပင်ဖြစ်ပေသည်။” ဆိုပြီးဝေမျှပေးလာတာပဲဖြစ်ပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...