ရေဘေးသင့်ရွာလေးတွေကို သွားရောက်ကူညီခဲ့ပုံများကို ဝေမျှပေးလာခဲ့တဲ့သရုပ်ဆောင်ခိုင်နှင်းဝေ

Celebrity Local News
ရေဘေးသင့်ရွာလေးတွေကို သွားရောက်ကူညီခဲ့ပုံများကို
ဝေမျှပေးလာခဲ့တဲ့သရုပ်ဆောင်ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ရုပ်ရည်ရော အရည်အချင်းအရ ပြည့်စုံရုံတင်မက စိတ်ထားကောင်းတဲ့နေရာမှာလည်း သူမတူတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ လေးစားဂုဏ်ယူချစ်ခင်ရတဲ့ မင်းသမီး ခိုင်နှင်းဝေက အများအကျိုးသယ်ပိုးထမ်းရွက်တဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာအလုပ်တွေထက် ပြည်သူလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ခိုင်နှင်းဝေပရဟိတ အသင်း နဲ့ ခိုင်မိသားစုဂေဟာတို့ကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါ တယ်။

ရွာ(၇) ရွာလုံး သာရေး နာရေးအတွက် အသုံးပြုရသော သုံးဘီး နှင့် အအေးခေါင်းများ ပျက်စီးသွားသော ကြောင့် ကား(၁) စီး နှင့် လိုအပ်သော ပစ္စည်းများ ဝယ်ယူရန် သိန်း (၂၀၀) ကျပ်တို့ကို ရွာလူကြီး နှင့် ရွာသူ၊ရွာသားများ လက်ထဲ သို့ လှုဒါန်းပေးခဲ့ပါတယ်ရှင်..လိုအပ်သော ကျန်နေရာများသို့ လဲ ဆက်လက် ကူညီ မျှဝေသွားပါဦးမယ်.

နေစရာ အိမ် မရှိတော့ သော အိမ်ခြေ (၄၀)လရင့် ကိုယ်ဝန်ဆောင် (၃၀ ) ဦး
စုစုပေါင်း (၇၀) တို့အား တစ်ဦးလျှင် သိန်း (၂၀) ကျပ်တို့ အတွက် သိန်း (၁၄၀၀) ၊
တစ်အိမ်ထောင်လျှင် တစ်သိန်းနှုန်းဖြင့် အိမ်ခြေ (၂၀၀) အတွက် သိန်း (၂၀၀) ….
စုစုပေါင်း ငွေသား သိန်း (၁၆၀၀) နှင့် လိုအပ်သော ပစ္စည်းများ အိမ်ခြေ (၆၀၀) စာ တို့ကို ကူညီ မျှဝေပေးခဲ့ပါတယ်ရှင်….အားလုံးပဲ ပီတိ ကုသိုလ်လေးများ ရရှိနိုင်ကြပါစေရှင်..လို့ ဆိုပြီးသရုပ်ဆောင်ခိုင်နှင်းဝေ က ဝေမျှပေးလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...