ရှမ်းပြည် ဟိုပုံး မဲနယ်တောင်ဒေသ ရှိ မြေပြို‌thayဆုံးသူများကို သိန်း၅၅၀၀လှူခဲ့တဲ့ ခိုင်နှင်းဝေ

Celebrity Local News
ရှမ်းပြည် ဟိုပုံး မဲနယ်တောင်ဒေသ ရှိ မြေပြို‌thayဆုံးသူများကို
သိန်း၅၅၀၀လှူခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ရုပ်ရည်ရော အရည်အချင်းရောပြည့်စုံရုံတင်မက စိတ်ထားကောင်းတဲ့နေရာမှာလည်း သူမတူတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ လေးစားဂုဏ်ယူချစ်ခင်ရတဲ့ မင်းသမီး ခိုင်နှင်းဝေက အများအကျိုးသယ်ပိုးထမ်းရွက်တဲ့ ပရဟိတအလုပ်ကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာအလုပ်ထက် ပြည်သူလိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး ခိုင်နှင်းဝေပရဟိတ အသင်း နဲ့ ခိုင်မိသားစုဂေဟာတို့ကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါ တယ်။

ခိုင်မိသားစုဂေဟာမှာအကြောင်း အမျိုးမျိုးကြောင့် ခေါ်ယူ မွေးစားထားတဲ့ သားသားမီးမီးလေးတွေကို ခိုင်နှင်းဝေက မိခင်မေ တ္တာရော၊ ဖခင်မေတ္တာမျိုးနဲ့ပါ စေတနာထားပြီး ပြုစုစော င့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ ကလေး တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါပေ မယ့် ခိုင်းနှင်းဝေက ကလေးလေးတွေ အများကြီးကို ဝမ်းနဲ့လွယ်မေးထားတဲ့ မိခင်ပါမာ ချစ်ခင်စွာစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။

အခုတစ်ခါမှာလည်းရေဘေးအတွက် ဆက်တိုက်လှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေက ရေဘေးသင့်ရှမ်းပြည်အတွက် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ သွားလာရခက်ခဲပြီး လူအရောက်နည်းတဲ့ ရှမ်းပြည်နယ်၊ဟိုပုံးမြို့နယ်၊မဲနယ်တောင်ဒေသကို မေမေခိုင် က စက်တင်ဘာလ ၂၇ရက်နေ့ မှာ အိမ်ခြေ ၂၆၁ အိမ် အတွက် တစ်အိမ်ထောင် သိန်း ၂၀၊‌ေ-သဆုံး ၂၆ အိမ်အတွက် ထပ်မံ တစ်ဦး ၁၀သိန်း စုစုပေါင်း သိန်း ၅၅၀၀ ကို လှူဒါန်းခဲ့ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...