ဟန်ဆောင်မှုကင်းတဲ့ သူ့ရဲ့အပြောကို လူတွေဝေဖန်နေပေမယ့် ချစ်သူကသဘောကျတယ်ဆိုပြီးဂုဏ်ဆာပြလိုက်တဲ့ မေမီကိုကို

Celebrity Local News
ဟန်ဆောင်မှုကင်းတဲ့ သူ့ရဲ့အပြောကို လူတွေဝေဖန်နေပေမယ့်
ချစ်သူကသဘောကျတယ်ဆိုပြီးဂုဏ်ဆာပြလိုက်တဲ့ မေမီကိုကို

မေမီကိုကိုကတော့ အနုပညာမှာရော၊အချစ်ရေးမှာပါ ဝေဖန်တိုက်ခိုက်ခံနေရတဲ့ သူတစ်ယောက်ပါ။သရုပ်ဆောင်ပီပြင်ပေမယ့် မင်းသမီးဖြစ်ရင် ရုပ်ချောရမယ်ဆိုတဲ့ ဆောင်ပုဒ်ကိုင်ဆောင်ထားတဲ့ ပရိတ်သတ်တစ်ချို့‌ကြောင့်သူ့ရဲ့ဖြစ်တည်မှုက ပြောစရာဖြစ်နေရတာပါ။‌မေမီကိုကိုကMRTV 4နဲ့ လက်တွဲပြီး ဇာတ်လမ်းတွဲများစွာရိုက်ကူးရင်း အောင်မြင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွဲကတော့ ပျားရည်အိုင်ဇာတ်လမ်းတွဲထဲက မြိုင်ဆိုတဲ့ ကာရိုက်တာနဲ့ပါ။မြိုင်ဆိုတဲ့ကာရိုက်တာနဲ့ အောင်မြင်မှုတွေရခဲ့တဲ့ မေမီကတော့ နောက်ပိုင်းမှာ သူ့ရဲ့ အောင်မြင်မှုက တရှိန်ထိုးတတ်လာခဲ့တာ အံ့ဩစရာတစ်ခုပါဘဲ။
သရုပ်ဆောင်ချက်တွေလည်း တဖြည်းဖြည်းတိုးတတ်ပြောင်းလဲခဲ့တာကြောင့် အနုပညာရှင်တွေကြားမှာရော၊ပရိတ်သတ်တွေဆီကပါ ချီးကျူးသံ‌တွေထွက်ပေါ်လာခဲ့ပါတယ်။

သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲမှာ အားလုံးရဲ့ ချီးကျူးတာကို ခံခဲ့ရတဲ့ ဇာတ်ကားကတော့ မကြာသေးခင်က ပရိတ်သတ်တွေကြားပျံ့နှံ့ခဲ့တဲ့ သဘင်သည်မြနှင်းဆီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။မြိုင်ဆိုတဲ့ ကာရိုက်တာကို Version ပြောင်းလာတယ်ဆိုပြီး ကောင်းမွန်လာတဲ့ သူ့ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် အားလုံးက ချီးကျူးခဲ့ကြတာလည်းဖြစ်ပါတယ်။

ပရိတ်သတ်တွေချီးကျူးရလောက်အောင် မေမီရဲ့ ကာရိုက်တာတွေပီပြင်နေတာက ငြင်းမရခဲ့ပါဘူးနော်။မာန်ပါပါနဲ့ပြောလာတဲ့စကားတွေ၊အကြည့်တွေနဲ့ ဇာတ်အပေါ်စီးမြောခဲ့တဲ့ သူမရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေကတော့ မေမီ့ ကိုအကယ်ဒမီမှန်းနေကြပါပြီ။တစ်ခြားဇာတ်ကားတွေကိုကျော်ပြီး ‌မေမီကိုကိုရဲ့ ဇာတ်ရုပ်က ပရိတ်သတ်တွေကြားမှာ ရေပန်းစားပြီး အားလုံးရဲ့ ချီးကျူးတာကို ခံနေရသလို ချစ်သူကောင်လေးကပါ အသိအမှတ်ပြုပြီး ချီးကျူးနေခဲ့ပါတယ်။

မေမီကတော့ သူ့ရဲ့ဖြစ်တည်မှုကြောင့် ပရိတ်သတ်တွေဝေဖန်တာခံနေရပေမယ့် အချစ်ရေးမှာတော့ ကံကောင်းသူတစ်ယောက်ပါ။ဥစ္စာပေါ၊ရုပ်ချော၊ပညာတတ်တဲ့ ကောင်လေးကို ပိုင်ဆိုင်ထားတာမို့ အမျိုးသမီး အများစုရဲ့ မနာလိုအားကျတာကို ခံနေရသူလည်းဖြစ်ပါတယ်။အမျိုးသမီးထုကြီးအားကျရင်လည်း အားကျချင်စရာပါဘဲ။မေမီရဲ့ချစ်သူ‌ကျော်ဇောဟိန်းက အမေရိကန်နိုင်ငံ လက်ထောက်ဆရာဝန်တစ်ယောက်အနေနဲ့ ဝာာဝန်ထမ်းဆောင်နေတဲ့ ပညာတတ်တစ်ယောက်ပါ။ပညာတတ်သလို ရုပ်လည်းချောတဲ့ ကျော်ဇောဟိန်းက မေမီရဲ့ဖြစ်တည်မှုတိုင်းကိို သဘောကျလက်ခံပေးပြီး ချစ်ပေးနေတာကြောင့် လူအများရဲ့မနာလိုအားကျခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။

‌သူတို့နှစ်ယောက်က LDRS တွေဖြစ်ပေမယ့် တစ်ယောက်ကိုယ်တစ်ယောက် နားလည်မှုတွေနဲ့ရှေ့ဆက်နေခဲ့ကြတာပါ။မေမီ့ ကိုလည်း ချုပ်ခြယ်တာမျိုးမရှိဘဲ လွတ်လပ်ခွင့်အပြည့်ပေးထားတာလည်းဖြစ်ပါတယ်။မင်းသမီးနဲ့ ချစ်သူဖြစ်ရတဲ့ လူတစ်ယောက်က တော်ရုံနားလည်မှုမပေးရင် အဲ့အတွဲက ရေရှည်လက်တွဲဖို့ မဖြစ်နိုင်တာ အားလုံးလည်းသိမှာပါ။ကျော်ဇောဟိန်းကတော့ချစ်သူကိုလည်း လွတ်လပ်ခွင့်ပေးထားသလို မေမီ့ရဲ့လိုအပ်ချက်တစ်ချို့ကိုပါ ပြုပြင်ပေးတတ်သူလည်းဖြစ်ပါတယ်။

မေမီက သရုပ်ဆောင်ကောင်းပေမယ့် Fashion ပိုင်းမှာ ဂွမ်းနေတာကြောင့် သူ့ရဲ့ အားနည်းချက်ကို လူတွေက ဝေဖန်နေတာမပြီးဆုံးနိုင်အောင်ပါဘဲ။မင်းသမီးဖြစ်ပြီး ဖရိုဖရဲနေတယ်ဆိုပြီးပြောဆိုဝေဖန်တဲ့ အပေါ်မှာလည်း Fashion ကိုပြောင်းပြီးဝတ်ဖို့ အကြံပေးခဲ့တာကလည်း ချစ်သူ‌ကျော်ဇောဟိန်းပါဘဲ။အခုလည်း ကျွန်တော် ကျွန်တော် ဆိုပြီးပြောတတ်တဲ့ မေမီရဲ့ အပြောတွေကို ကြည့်မရသူတွေက ဝေဖန်နေကြပြန်ပါပြီ။အနုပညာရှင်အများစုက စကားပြောရင် သူတို့နာမည်လေးတွေကို အဖျားစွတ်ပြီး ပြောတတ်ပေမယ့် မေမီကတော့ ကျားကျားယားယားပါဘဲ။

မိန်းမသားမဆန်တဲ့ သူ့ရဲ့အပြောကို ပရိတ်သတ်တစ်ချို့က မကြိုက်တာကြောင့် ဝေဖန်နေကြတဲ့အပေါ်မှာ သူ့အနေနဲ့ ပြောင်းလဲဖို့လုပ်ခဲ့ပါသေးတယ်။ကျွန်တော်ဆိုတဲ့ နာမ်စား အစား မေမီကလေဆိုပြီးပြောင်းပြောပေမယ့် သူအတွက် ခက်ခဲတာကြောင့် ပြောင်းလဲမရဖြစ်နေခဲ့တာပါ။မေမီဆိုတဲ့ အသုံးအနှုန်းက သူ့အတွက် ချွဲချွဲနွဲ့နွဲ့ဖြစ်နေတာကြောင့် ကျွန်တော်ဆိုတဲ့ ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းတာကိုဘဲ သုံးနှုန်းဖြစ်တာလည်းဖြစ်ပါတယ်။ကျွန်တော်ဆိုပြီးသုံးနှုန်းတာကို လူတွေကသာ ဝေဖန်နေပေမယ့် ချစ်သူကောင်လေးကတော့ သူဘယ်လိုပြောပြောသဘောကျတယ်လို့ဆိုပါတယ်။

သူတို့နှစ်ယောက်က ကိုကိုနဲ့ ကလေးဆိုတဲ့ အသုံးအနှုန်းသုံးနေပေမယ့် မေမီရဲ့ ကျွန်တော်ဆိုတာကိုလည်း သဘောကျလက်ခံတဲ့သူမျိုးပါ။စတွေ့ကတည်းက မေမီရဲ့အသုံးအနှုန်းက ပွင့်ပွင့်လင်းလင်းဖြစ်ပြီး ယောက်ျားဆန်ပေမယ့် သူ့ရဲ့ဖြစ်တည်မှုကို ချစ်သူက သဘောကျတယ်ဆိုပြီး အချစ်ရတဲ့အကြောင်းကို ဂုဏ်ဆာပြီးပြောလာခဲ့ပါတယ်။သူများတွေတစ်ခုပြီးတစ်ခုအပြစ်ပြောလည်း အပစ်မမြင်နိုင်တာကတော့ မေမီရဲ့ချစ်သူပါဘဲ။မေမီကတော့ အစစအရာရာပြည့်စုံပြီး သူ့အပေါ်ချစ်ခင်တန်ဖိုးထားတဲ့ အမျိုးကောင်းသားလေးကို ရထားတာ ကံကောင်းမှုတစ်ခုပါဘဲနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...