အနုပညာလုပ်ငန်းမှာ‌ရော၊စီးပွားရေးမှာပါထူးချွန်သူ နန်းခင်ဇေယျာရဲ့ဘဝအကြောင်း

Celebrity Local News
အနုပညာလုပ်ငန်းမှာ‌ရော၊စီးပွားရေးမှာပါထူးချွန်သူ
နန်းခင်ဇေယျာရဲ့ဘဝအကြောင်း

အခုတင်ဆက်ပေးသွားမှာကတော့ အဘက်ဘက်ကနေ ထူးချွန်ပြီး ပြည့်စုံနေတဲ့ နန်းခင်ဇေယျာအကြောင်းကို တင်ဆက်ပေးသွားမှာပါ။မင်းသမီးချောနန်းခင်ဇေယျာကိုတော့ ၁၉၈၈၊ မတ်လ ၊၄ရက်နေ့က ရှမ်းပြည်နယ်၊တောင်ကြီးမြို့မှာ မွေးဖွားခဲ့ပါတယ်။ ပအိုဝ်းတိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့နန်းခင်က တောင်ကြီးတက္ကသိုလ်က ‌ေန ဉပဒေဘွဲ့ရခဲ့ပြီး ငယ်စဉ်က အမှတ်၄ ၊အခြေခံပညာအထက်တန်းကျောင်း ၊တောင်ကြီးမှာပညာသင်ကြားခဲ့ပါတယ်။ဉပဒေဘွဲ့ရခဲ့ပေမယ့် တတ်ထားတဲ့ ပညာနဲ့ စီးပွားမရှာခဲ့ဘဲ Touris guide လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အချိန်တစ်ခုထိ ခရီးသွားလမ်းညွန်အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။

သူမအနေနဲ့ အလုပ်လည်း လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း တိုးတတ်ရာတိုးတတ်ကြောင်း ဘာသာစကားသင်တန်းတတ်ရောက်ခဲ့ပါသေးတယ်။နန်းခင်ကတော့ English ဘာသာစကားနဲ့ ဂျာမာန်ဘာသာစကားကို ကောင်းစွာပြောဆိုနိုင်ခဲ့ပါတယ်။သူမအနေနဲ့ နောက်ပိုင်းမှာတော့ သူမဝါသနာကိုအကောင်အထည်ဖော်ဖို့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ ၂၀၁၁ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာပါ။

Miss တစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားခဲ့ပေမယ် မော်ဒယ်တစ်ယောက်အနေနဲ့ အလုပ်များစွာလုပ်ကိုင်ခဲ့ပါသေးတယ်။မဂ္ဂဇင်း၊ ဂျာနယ်နဲ့မော်ဒယ်လ် ဝဘ်ဆိုဒ်များစွာ အတွက် photo model တစ်ယောက်အနေနဲ့ ရိုက်ကူးရေးများစွာလုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှသာ Pageant လောကထဲကို ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။၂၀၁၂ခုနှစ် မတ်လ၊၂၅ရက်နေ့က MCC ခန်းမမှာကျင်း ပခဲ့တဲ့ Miss Myanmar ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။အဲ့ဒီ့ပြိုင်ပွဲမှာ သူ့အနေနဲ့ Miss Yangon title ဆုအပြင် ၊Miss Myanmar 2012 title ဆုကိုရရှိခဲ့ပြီး Miss လောကမှာ နာမည်ရလာခဲ့ပါတယ်။

သူမကို Miss တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေတခဲနက်အားပေးသဘောကျခဲ့ရတဲ့ ပွဲကတော့ ဂျပန်နိုင်ငံ အိုကီနာဝါမှာ ကျင်းပခဲ့တဲ့ ပြုင်ပွဲမှာပါ။အဲ့ဒီ့ပြိုင်ပွဲကို ပရိတ်သတ်တွေကတခဲနက်အားပေးခဲ့ရတာကလည်း ၁၉၆၂ခုနှစ်ကတညး်က Miss international ပွဲကို နိုင်ငံခြားမှာ သွားရောက်ယှဉ်ပြိုင်တာနန်းခင်က ပထမဆုံးမို့လို့ပါဘဲ။သူသွားပြိုင်တဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ Social media သိပ်ပြီး အားမကောင်းသေးသလို လူတွေရဲ့ အမြင်ကလည်း သိပ်မတွင်ကျယ်ကြသေးတ‌ဲ့အချိန်ပါ။

swim suit ဝတ်ပြီး ပြိုင်ပွဲပြိုင်ချိန်မှာ ဝေဖန်ပြောဆိုတာတွေရှိခဲ့ပေမယ့် နန်းခင်ရဲ့ ကြိုးစားမှုကြောင့် ဆုရရှိချိန်မှာတော့ အားပေးတဲ့ ပရိတ်သတ်များစွာရရှိခဲ့ပါတယ်။နန်းခင်ကတော့ Miss international 2012 ပြိုင်ပွဲမှာ people choice ဆုနဲ့ Miss internet ဆုကို ရရှိခဲ့ပါတယ်။နန်းခင်က ဆုရပြီးတဲ့ နောက်မှာ miss လောကမှာ အအောင်မြင်ဆုံးMiss တစ်ယောက်ဖြစ်လာခဲ့သလို နောက်ပိုင်းမှာတော့ သရုပ်ဆောင်နယ်ပယ်ထဲကို ကူးပြောင်းလာခဲ့ပါတယ်။

Miss တစ်ယောက်ဖြစ်ပေမယ့် သရုပ်ဆောင်တဲ့ နေရာမှာလည်းမစိမ်းသူမို့ဇာတ်ကားများစွာမှာ ပါဝင်ရိုက်ကူးခွင့်ရရှိခဲ့ပါတယ်။နန်းခင်က ‌ေတာ့ အနုပညာ‌လောကမှာ သူမတတ်တာမရှိရလေအောင်ကြိုးစားနေသူတစ်ယောက်ပါ။မော်ဒယ်၊miss၊ သရုပ်ဆောင်တစ်ယောက်အပြင် အဆိုတော်တစ်ယောက်အနေနဲ့ ပါ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူလည်းဖြစ်ပါတယ်။ပွဲတွေဖိတ်လို့ သွားဆိုရင် ကိုယ်ပိုင်သီချင်းမရှိတာကြောင့် သူ့အနေနဲ့ ကိုယ်ပိုင်သီချင်း ၄ပုဒ်လောက်ထွက်ခဲ့ပေမယ့် လူစိတ်ဝင်စားမှုအနည်းငယ်သာရရှိခဲ့ပါတယ်။

Miss တစ်ယောက်အနေနဲ့ အောင်မြင်ခဲ့တဲ့ နန်းခင်ဇေယျာက သူ မလုပ်တတ်တာဘာမှမရှိသလောက်ပါဘဲ။ပညာရေးမှာဆိုရင်လည်း ရှေ့နေဘွဲ့ရခဲ့သလို၊အသက်မွေးဝမ်းကြောင်းအနေနဲ့ လည်းTourist guide တစ်ယောက်အနေနဲ့ လည်း အတော်ကြာလုပ်ကိုင်ခဲ့ဖူးပါတယ်။နန်းခင်ကတော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ မိဘတွေက မွေးဖွားလာတာကြောင့် စီးပွားရေးနဲ့ပတ်သက်ရင်တော့ ပြောစရာမလိုအောင်ပါဘဲ ။

အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေပေမယ့် စီးပွားရေးလုပ်ငန်းတွေကိုပါ ‌တဲွဖက်လုပ်ကိုင်လာခဲ့ပါတယ်။Miss တစ်ယောက်အနေနဲ့ အောင်မြင်လာချိန်နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေရပေမယ့် နန်းခင်ကတော့ သူ့ရဲ့ ဘဝကို အနုပညာအလုပ်တစ်ခုတည်းနဲ့ မရပ်တည်ဘဲ စီးပွားရေးလုပ်ငန်းတွေပါ တွဲဖက်လုပ်ကိုင်နေခဲ့တာပါ။

မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် Express ‌ကားတွေ ထောင်ပြီး ငွေရှာခဲ့သလို ၊တခြားအလုပ်များစွာကိုလည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။သူ့အနေနဲ့ အခုအချိန်ထိ တစ်စိုက်မတ်မတ် လုပ်နေတဲ့ အလုပ်ကတော့ မာလာရှမ‌်းကောဆိုင်ဖွင့်ထားတာပါဘဲ။မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း သူ့လုပ်တတ်တဲ့ အရာတွေကိုလုပ်ကိုင်ပြီး ငွေကိုရှာဖွေစုဆောင်းနေတာလည်းဖြစ်ပါတယ်။

ဉစ္စာပေါ၊ရုပ်ချောဖြစ်တဲ့ နန်းခင်ကတော့ အသက် ၃၆နှစ်အရွယ်ရောက်နေပေမယ့် အခုအချိန်ထိ အပျိုကြီးတစ်ယောက်အနေနဲ့သာ ရပ်တည်နေဆဲပါ။လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေပေမယ့် အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးဘူးလို့ဆိုပါတယ်။နန်းခင်က အသက် ၃၈နှစ်မှာ ကလေးမမွေးရင် ကလေးမရနိုင်တော့တာကြောင့် ဒီတစ်နှစ်အတွင်းမယူဖြစ်ရင် အိမ်ထောင်ပြုဖို့ မစဉ်းစားတော့ဘူးဆိုပြီး သူမအချစ်ရေးကိုပြောကြားခဲ့ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...