အနုပညာလောကကနေ ကွယ်ပျောက်ခဲ့ရတဲ့အကြောင်းကို ပရိတ်သတ်‌တွေ မမေးဘဲဖြေလာတဲ့ နေဒွေး

Celebrity Local News
အနုပညာလောကကနေ ကွယ်ပျောက်ခဲ့ရတဲ့အကြောင်းကို
ပရိတ်သတ်‌တွေ မမေးဘဲဖြေလာတဲ့ နေဒွေး

မင်းသားနေဒွေးကတော့ အခုအချိန်အနုပညာလောကကနေ ကွယ်ပျောက်ခဲ့တာ နှစ်အနညး်ငယ်ကြာခဲ့ပါပြီ။နေဒွေးတစ်ယောက် အနုပညာအလုပ်တွေ မလုပ်တော့တာကို ပရိတ်သတ်တွေက သတိတောင်မထားမိဘူးလို့ဆိုလည်းရပါတယ်။အရင်ကပြည်သူချစ်တဲ့ မင်းသားတစ်လတ်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ယောင်္ကျားတစ်ယောက်ဖြစ်ပေမယ့် ယုတ်ညံ့တဲ့ လုပ်ရက်တွေ၊အပြောအဆိုတွေကြောင့် ပရိတ်သတ်တွေ မုန်းတာ ခံခဲ့ရသလို ပြည်သူချဉ်ဖတ်လို‌ဖြစ်နေပါပြီ။

နေဒွေးကိုပရိတ်သတ်တွေမုန်းရတာလည်းအကြောင်းအရင်းတွေများစွာရှိပါတယ်။နေဒွေးက အရင်က ပြည်သူချစ်မင်းသားတစ်လတ်ပါ။ချောမောတဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိတ်သတ်လက်ခံအားပေးမှုကို များစွာရရှိခဲ့သူပါ။ဇာတ်ကားများစွာမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ များစွာရိုက်ကူးခဲ့ရပြီး နာမည်ကျော်ကြားခဲ့သူလည်းဖြစ်ပါတယ်။

ပျိုတိုင်းကြိုက်နှင်းဆီခိုင် ဖြစ်တဲ့ သူ့ရဲ့ဘေးမှာတော့ အားပေးချစ်ခင်တဲ့ မိန်းကလေးတွေက ဝိုင်းဝိုင်းလည်ပါဘဲ။အဲ့ဒါကလည်း သူ့အကြောင်း အပေါ်ယံသိခဲ့တဲ့ အချိန်ကပါ။နေဒွေးက မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတစ်ယောက်ဆိုတာကို သံစဉ်မောင်နဲ့ပြသာနာတွေတတ်ချိန်မှသာ ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။အရင်က အမေချစ်သား၊ယဉ်ကျေးတဲ့ မင်းသားတစ်ယောက်လို့ထင်မှတ်ပြီး အားလုံးက ဝိုင်းပြီး အားပေးခဲ့မယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ လုပ်ရက်ကြောင့်လူမုန်းများခဲ့ပါတယ်။

နေဒွေးနဲ့ သံစဉ်မောင်တို့နှစ်ယောက်က ချစ်သူတွေဖြစ်ချိန်မှာ ဘယ်သူမှ မသိခဲ့ဘဲ လမ်းခွဲပြီးပြသာနာတတ်ချိန်မှသာ ပရိတ်သတ်တွေသိခဲ့ရတာလည်းဖြစ်ပါတယ်။ပြသာနာဖြစ်တဲ့ ဇာတ်လမ်းစခဲ့တာကလည်း မင်းသားနေဒွေးပါဘဲ။အေးဆေးမနေဘဲ အရင် EX ဖြစ်တဲ့ သံစဉ်မောင်ရဲ့ မကောင်းကြောင်းကို ပြောဆိုခဲ့သလို သံစဉ်မောင်
ဘက်ကလည်း သူအကြမ်းဖက်ခံထားရတဲ့ ပုံတွေကိုပရိတ်သတ်တွေကိုချပြလာခဲ့ပါတယ်။ဇာတ်လမ်းက အဲ့ဒီ့မှာတင်မပြီးဘဲ နေဒွေးကတော့ သံစဉ်မောင်ရဲ့ ကုတင်ပေါ်က ပုံတွေကို လိုင်းပေါ်မှာ ဖြန့်ပြီး ယုတ်မာခဲ့တာကြောင့် သံစဉ်မောင်ဘက် တရားစွဲဆိုမှုတွေလုပ်ခဲ့ပါတယ်။

ယောင်္ကျားတစ်ယောက်ဖြစ်ပြီး အောက်ဖဲလှန်တဲ့ လုပ်ရက်တွေလုပ်နေတာသူ့အတွက်ရှက်စရာလို့မမြင်ခဲ့ပါဘူး။သူတို့နှစ်ယောက် အပြန်အလှန်ပြသာနာတွေပြီးသွားချိန်မှာလည်း နေဒွေးက နောက်ထပ်ကောင်မလေးတစ်ယောက်ထားပြီး ပြတ်တာနဲ့ အောက်ဖဲလှန်တော့တာပါဘဲ။ပရိတ်သတ်တွေကတော့ နေဒွေးရဲ့လုပ်ရက်ကို ကြည့်မရတော့တာကြောင့် အားပေးတာသိပ်မရှိတော့ဘဲ ဝေဖန်မှုတွေသာ မြင့်တတ်လို့နေခဲ့ပါတယ်။နေဒွေးတစ်ယောက်ပြသာနာတတ်ပြီး နောက်ပိုင်းမှာ သူ့အနေနဲ့ ရေရှည်လုပ်စားလို့ရမယ့် စီးပွားရေးကို သာ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။

‌အနုပညာအလုပ်‌ဆိုတာ ပရိတ်သတ်ချစ်မှ ၊လက်ခံအားပေးမှ ရေရှည်လုပ်လို့ရမယ့် အလုပ်မျိုးပါ။နေဒွေးက ဘယ်ပရိတ်သတ်ကိုမှ ဂရုမစိုက်တတ်တဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး သူ့ကိုဝေဖန်တာနဲ့ ဆဲရေးတိုင်းထွာတတ်တာကြောင့် ပရိတ်သတ်တွေရွံမုန်းတာခံနေခဲ့ရတာလည်းဖြစ်ပါတယ်။အားပေးမှုတွေသိပ်မရှိတော့တာကို ကြိုသိနေတဲ့ နေဒွေးက နောက်ပိုင်းမှာ ကိုယ်ပိုင်စီးပွားရေးဘက်ကို ဦးတည်ပြီး အနုပညာအလုပ်တွေကိုရပ်နားခဲ့ပါတယ်။

ပထမအစမှာတော့ ဆန်လုပ်ငန်းလုပ်ခဲ့ပေမယ့် အခုအချိန်မှာ သူ့ရဲ့ စီးပွားရေးက ပိုတိုးလို့လာခဲ့ပါတယ်။‌နေဒွေးရဲ့ စီးပွားရေးကတော့ ဆန်လုပ်ငန်းအပြင်၊အေးဂျင့်လုပ်ငန်းတစ်ခုပါ လုပ်ကိုင်နေရတ‌ာကြောင့် သူ့အနေနဲ့ အနုပညာမလုပ်ဖြစ်ဖူးလို့ဆိုပါတယ်။သူကတော့ သူ့ခံယူချက်နဲ့ သူပါဘဲ။အနုပညာကို စွန့်လွှတ်ပြီး စီးပွားရေးလုပ်ခဲ့တာ မှန်ကန်တယ်ဆိုတာကို ကိုဗစ်တွေ ဖြစ်ချိန်မှာ သူ့အနေနဲ့ သိခဲ့ရတယ်လို့ဆိုပါတယ်။
ကိုဗစ်မှာ အနုပညာတော်တော်များများအခက်တွေ့နေရချိန်မှာ နေဒွေးကတော့ အေးဆေးပါဘဲ။လူတကာမစားမဖြစ် ဆန်ကို ရောင်းနေတာမို့ မရောင်းရတာ ၊ဆိုင်ပိတ်ရတာတွေမရှိဘဲ ရောင်းကောင်းနေဆဲဖြစ်ပါတယ်။

နေဒွေးကတော့ အခုအချိန်မှာ အနုပညာမလုပ်ဖြစ်တာက အလုပ်ကို အခြေကျအောင်လုပ်ချင်တာကြောင့် ကျန်တဲ့ အရာတွေကို စွန့်လွှတ်ထားတယ်လို့ဆိုပါတယ်။အခုအချိန်မှာ အနုပညာလည်းမလုပ်သလို ၊အိမ်ထောင်ပြုဖို့ လည်းစိတ်ကူးမရှိဘဲ မားမား boy တစ်ယောက်‌အနေနဲ့ရသမျှငွေအမေကို အပ်ပြီး အမေစိတ်ချမ်းသာအောင်လုပ်ကိုင်ပေးနေတာလည်းဖြစ်ပါတယ်။

နေဒွေးကတော့ ဇာတ်လမ်းတွဲတွေ၊ဇာတ်ကားတွေမရိုက်ကူးပေမယ့် သူ့ကိုအလုပ်လာအပ်ထားတဲ့ ဇာတ်လမ်းတိုကိုတော့ သူစိတ်ကူးပေါက်တဲ့ အချိန်ရိုက်ပြီး သူ့ရဲ့ Page မှာတင်ပေးနေခဲ့ပါတယ်။Social media ကနေ လုံးဝပျောက်ကွယ်သွားတာမဟုတ်ဘဲ သူအားတဲ့ အချိန်မှာ ဇာတ်လမ်းတိုရိုက်ရင်းပရိတ်သတ်တွေကိုတင်ဆက်ပေးနေခဲ့ပါတယ်။နေဒွေးကတော့ သူ့ကိုလွမ်းနေတဲ့ ပရိတ်သတ်တွေအတွက် ဇာတ်ကားပြန်ရိုက်ကူးဖို့အစီအစဉ်ရှိတဲ့အကြောင်းကိုပြောလာခဲ့ပါတယ်။

လက်ရှိမှာ စီးပွားရေးအခြေကျပြ‌ီး။အောင်မြင်အောင်လုပ်ကာ သူ့အသက် 40အရွယ်မှာ အနုပညာလောကထဲ ပြန်ဝင်မယ်ဆိုတဲ့အကြောင်း အသိပေးလာခဲ့ပါတယ်။ဘယ်သူကမျှော်နေမှန်းမသိပေမယ့် သူ့ရဲ့ Video အောက်မှာတော့ ဇာတ်ကားပြန်မရိုက်ဘဲ ဈေးရောင်းဖို့သာ တောင်းဆိုနေတဲ့ ပရိတ်သတ်တွေကတော့ များစွာရှိနေခဲ့ပါတယ်။နေဒွေးတစ်ယောက် အနုပညာလောကထဲပြန်မဝင်ခင် ပရိတ်သတ်တွေရဲ့ ဆန္ဒကိုမြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...