အနောနီးမက်စ်နဲ့သူ့မိဘတွေရဲ့ တာဝန်မဲ့မှုကြောင့်တစ်ခုလပ်ဖြစ်ခဲ့ရတဲ့အပြင် လူအများရဲ့ အပြောအဆိုပါခံနေရတဲ့ ထက်အဥ္ဇလီ

Celebrity Local News
အနောနီးမက်စ်နဲ့သူ့မိဘတွေရဲ့ တာဝန်မဲ့မှုကြောင့်တစ်ခုလပ်ဖြစ်ခဲ့ရတဲ့အပြင်
လူအများရဲ့ အပြောအဆိုပါခံနေရတဲ့ ထက်အဥ္ဇလီ

အနောနီးမက်စ်ရဲ့လက်ထပ်ပြီးလပိုင်းလောက်အကြာမှာဖြစ်ပေါ်လာတဲ့ကွာရှင်းမှုကို ပရိတ်သတ်အတော်များများက မေးခွန်းတွေထုတ်နေကြသလို ကာယကံရှင်မိန်းကလေးကလည်း ဘုမသိ ဘဝမသိ ပြစ်တင်ပြောဆိုခံနေရပါတယ်။အောင်သွယ်တော်လမင်းကြီးသီချင်းနဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေရဲ့အချစ်တော်ဖြစ်ခဲ့ရတဲ့အနောနီးမက်စ်က အရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက်အဖြစ် လူပေါင်းများစွာရဲ့ချီးမြှင့်မြှောက်စားခြင်းကို ခံခဲ့ရပါတယ်။ဒီကနေစလို့ အနောနီးမက်စ် ဘာလုပ်လုပ် အပြစ်မမြင်ကြတော့တဲ့ပရိတ်သတ်တွေက အနောနီးမက်စ်တစ်ယောက် အိမ်ထောင်ပြုပြီး လပိုင်းလောက်နဲ့ မိန်းကလေးတစ်ယောက်ကိုကွာရှင်းတာကိုတောင်အားပေးအားမြှောက်လုပ်လာကြပါတယ်။

ဒါ့အပြင်အနောနီးမက်စ်ရဲ့အိမ်ထောင်ပြုခဲ့တဲ့တစ်ဖက်ကမိန်းကလေးကိုလည်း ကိုယ်ချင်းမစာမနာဝိုင်းပြောလာကြတာကြောင့် တစ်ဖက်မိန်းကလေးမှာနစ်နာမှုတွေများစွာဖြစ်နေရပါတယ်။

အနောနီးမက်စ်ရဲ့ မိန်းမဖြစ်သူ မထက်အဥ္ဇလီကို အနောနီးမက်စ်fan တွေက အရင်ကအိမ်ထောင်ကျခဲ့ဖူးသူ ၊ခိုးရာလိုက်ခဲ့ဖူးသူ၊ အရင်အိမ်ထောင်နဲ့ပြန်ပေါင်းနေသူဆိုပြီး အရှက်ရအောင်အမျိုးမျိုးပြောဆိုလာကြပါတယ်။ဒီအတွက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့တစ်ခုလပ်တစ်လင်ကွာဖြစ်ခဲ့ရတဲ့ ထက်အဥ္ဇလီက လူပေါင်းများသွာရဲ့ အပြောအဆိုတွေကိုပါ ခံလာရပါတယ်။

အနောနီးမက်စ်ရဲ့ဖန်တွေက ဒီမိန်းကလေးက အနောနီးမက်စ်အောင်မြင်နေတဲ့အချိန်မှာ အနောနီးမက်စ်ကိုအရယူခဲ့ပြီး နာမည်ကျသွားချိန်မှာတော့ အနောနီးမက်စ်ကိုစွန့်ခွါခဲ့တယ်လိုပြောလာကြပေမယ့် အနောနီးမက်စ်ကဒီမိန်းကလေးကိုလက်ထပ်ချိန်မှာတောင် တင်တောင်းခဲ့ခြင်းမရှိသလို ကွာရှင်းတဲ့အချိန်မှာလည်း လျော်ကြေးဆိုပြီး မိန်းကလေးဘက်က တောင်းယူခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင်အနောနီးမက်စ်ရဲ့fan တွေကသာအနောနီးမက်စ်ကို နိုင်ငံနဲ့ချီအောင်မြင်နေတဲ့သူလို့ထင်နေကြပေမယ့် လက်တွေ့မှာတောင်အရည်အသွေးမမီတဲ့အနောနီးမက်သီချင်းဖွင့်ဖို့တောင် ရှက်မိတဲ့ပရိတ်သတ်ကပိုများပါတယ်။ဒါ့ကြောင့် မိန်းကလေးတစ်ယောက်အနေနဲ့ သူ့ရဲ့ဂုဏ်သိက္ခာနဲ့လဲပြီး အနောနီးမက်စ်လိုလူကို လက်ထက်ပြီး အကျိုးအမြတ်ယူစရာမရှိပါဘူး။ထက်အဥ္ဇလီကလည်း အနောနီးမက်စ်လိုလူကို မိဘတွေပြောဆိုနေတဲ့ကြားထဲက အချစ်တစ်ခုထဲနဲ့ပဲ လက်ထပ်ခဲ့ရပြီး ဘာအခွင့်အရေးမှလည်း မရခဲ့ပါဘူး။

အနောနီးမက်စ်က ထက်အဥ္ဇလီကိုမိသားဖသားပီပီ တောင်းရမ်းခြင်းမရှိဘဲ ဖြူးမြို့မှာတိတ်တ်ိတ်ကလေးလက်ထပ်ခဲ့ပါတယ်။မင်္ဂလာပွဲကို အနောနီးမက်ရဲ့မိဘတွေတက်ရောက်ခြင်းမရှိခဲ့ဘဲ အနောနီးမက်စ်ရဲ့ဦးလေးနှစ်ယောက်သာတက်ရောက်ခဲ့ပါတယ်။ဒါ့ကြောင့် ဒီမင်္ဂလာပွဲကို မိန်းကလေးရှင်ဘက်ကဆွေမျိုးသားချင်းတွေကပဲ ကူညီဝိုင်းဝန်းပြီးအကောင်းဆုံးဖြစ်အောင်လုပ်ပေးခဲ့ရတာပါ။

ကွာရှင်းချိန်မှာတောင် အနောနီးမက်စ်က ကွာရှင်းစာချုပ်ကိုရန်ကုန်ကနေလက်မှတ်ထိုးပေးလိုက်ပြီး ကားဆရာနဲ့သာထည့်ပေးခဲ့ပါတယ်။နေမကောင်း မကျန်းမာဘုးဆိူပြီး ယူထားတဲ့မိန်းကလေးကိုရှောင်နေခဲ့ပြီးမှ ကွာရှင်းစာချုပ်ထည့်ပေးလိုက်တာကြောင့် ထက်အဥ္ဇလီကလည်း လက်မှတ်ထိုးပေးပြီး ကွာရှင်းစာချုပ်ကိုပြန်ပို့ပေးလိုက်ရပါတယ်။

အခုအခါမှာလည်း အိမ်ထောင်ရေးမှာကာယကံရှင်နှစ်ဦးထက် ဝင်ရောက်စွက်ဖက်သူတွေများလာတာကြောင့်နှစ်ဦးသဘောတူ ရှေ့ဆက်ဖို့အဆင်မပြေတော့လို့ လမ်းခွဲလိုက်တာပဲပါဆိုပြီး မိန်းကလေးဘက်က ပြန်ဖြေရှင်းလာရပါတယ်။

ထက်အဥ္ဇလီကတော့ ဒီလိုအဖြစ်အပျက်တွေကြောင့်တသက်တာစိတ်ဒဏ်ရာရသွားပါပြီ။ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကွဲဖြစ်ခဲ့ရတဲ့အပြင် နှမသားချင်းမစာမနာပြောဆိုလာတဲ့သူတွေကြောင့် ဒီမိန်းကလေးမှာနစ်နာခဲ့ရတာတွေ ၊နာကျင်ခံစားခဲ့ရတာတွေအများကြီးပါပဲ။

အနောနီးမက်စ်က ထက်အဥ္ဇလီနဲ့လက်မထပ်ခင်ကလည်း ယောက်ျားလေးရှင်ဖက်ကတာဝန်ဝတ္တရားတွေပျက်ကွက်ခဲ့ပြီး ယူပြီးချိန်မှာလည်းတာဝန်မယူနိုင်ခဲ့ပါဘူး။
ငယ်ရွယ်တဲ့အချိန်မှာ ကိုယ့်သဘောဆန္ဒတစ်ခုထဲနဲ့အိမ်ထောင်ပြုခဲ့တဲ့ အနောနီးမက်စ်က အိမ်ထောင်ရေးအဆင်မပြေမှုတွေကိုလည်း မကိုင်တွယ်မဖြေရှင်းဘဲ နောက်ဆုံးမှာအလွယ်တကူသာ မိန်းမနဲ့ကွာရှင်းခဲ့ပါတယ်။အနောနီးမက်စ်လို မိန်းမသာယူတတ်ပြီး တာဝန်မယူတတ်တဲ့ လူတစ်ယောက်ကို ပရိတ်သတ်အမည်ခံပြီး ကာကွယ်ပေးနေသူတွေလည်း အများကြီးပါပဲ။ဒီလိုလူတစ်ယောက်ကြောင့် တစ်ဖက်က မိန်းကလေးရဲ့ဘဝပျက်ရသလို စိတ်ဒဏ်ရာတွေလည်းအများကြီးရခဲ့မှာအသေအချာပါပဲ။

အခုအချိန်ထိလည်း ထက်အဥ္ဇလီရဲ့ နာကျင်မှုတွေ ၊မျက်ရည်တွေကမကုန်ခမ်းသေးပါဘူး။အခုမှကောက်ကာငင်ကာထယူခဲ့တဲ့ ချစ်သူတွေမဟုတ်ဘဲ အချိန်များစွာ အတူဖြတ်သန်းခဲ့ကြတာကြောင့် ဒီလိုဖြစ်လာမယ်လို့လည်းတွေးထားမှာမဟုတ်ပါဘူး။အနောနီးမက်စ်က မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုတော်ကြီးနေရာကိုမရောက်ခင် လူသိလာတဲ့အခြေအနေလေးကို အောင်မြင်မှုလို့ထင်ပြီးအောက်ခြေလွတ်ဘဝင်မြင့်လာတာလည်း အားလုံးအသိပါပဲ။အနောနီးမက်စ်အပြင် အနောနီူမက်စ်ရဲ့ မိသားစုကပါတစ်ဖက်မိန်းကလေးကို မတူမတန်သလို ဆက်ဆံလာတာကြောင့်လည်း သူတိူ့နှစ်ဦဲ့အိမ်ထောင်ရေးက မမြဲကြတော့တာပဲဖြစ်လိမ့်မယ်လို့ ပရိတ်သတ်တွေကပြောလာကြပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...