အန်တီအရွယ်ရောက်နေပေမယ့် အခုအချိန်ထိ အရမ်းအချစ်ခံနေရတယ်ဆိုပြီးကြူးလို့ကောင်းနေတဲ့ နန်းစုရတီစိုး

Celebrity Local News
အန်တီအရွယ်ရောက်နေပေမယ့် အခုအချိန်ထိ
အရမ်းအချစ်ခံနေရတယ်ဆိုပြီးကြူးလို့ကောင်းနေတဲ့ နန်းစုရတီစိုး

အသက်ကြီးပေမယ့် နုပျိုနေဆဲဆိုပြီး လူတွေပြောနေကြတဲ့ နန်းစုရတီစိုးကတော့ နုပျိုမှုကို ကာဗာလုပ်ပြီး အခုအချိန်ထိ အပျိုကြီးဘဝနဲ့ ကောင်လေးတွေကိုစားသုံးနေဆဲပါ။အနုပညာလောကထဲကို အသက်ငယ်ငယ်နဲ့ရောက်လာပေမယ့် အခုအချိန်ထိ အောင်မြင်တဲ့ မင်းသမီးတစ်လတ်မဖြစ်ခဲ့ပါဘူးနော်။

မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေများစွာလုပ်ခဲ့ဖူးသလို ၊မင်းသမီးတစ်ယောက်အနေနဲ့လည်းဇာတ်ကားတွေရိုက်ခဲ့ဖူးပြီး၊အဆိုတော်တစ်ယောက်အဖြစ်ပါ သီချင်းတွေသီဆိုခဲ့ဖူးပါတယ်။

စွယ်စုံရ မင်းသမီးတစ်ယောက်လိုမျိုး ဟိုစပ်စပ် ဒီစပ်စပ်လုပ်ခဲ့ပေမယ့် ထူးချွန်တာမျိုးမဟုတ်ဘဲသာမာန်အ‌ဆင့်လောက်သာရှိတဲ့ သူ့ရဲ့ အနုပညာအရည်အချင်းကြောင့် အားပေးသူပရိတ်သတ်တွေက ထင်သလောက်မများခဲ့ပါဘူး။အောင်မြင်မှုတွေသိပ်မရတဲ့ နန်းစုရတီစိုးက အောင်မြင်နေတဲ့ အဆိုတော်တွေကို ကပ်ပြီး လူသိများလာခဲ့တဲ့အပေါ်မှာတော့ ပရိတ်သတ်တွေက ဝေဖန်နေခဲ့ကြတာအခုအချိန်ထိပါဘဲ။Gfatt နဲ့ချစ်သူတွေဖြစ်ပြီး ပရိတ်သတ်ရဲ့ အားပေးချစ်ခင်မှုကိုရပြီး အနုပညာလောကမှာ နေရာတစ်ခုပြန်ရခဲ့သလို Gfatt နဲ့ပြတ်သွားတဲ့အချိန်မှာလည်း အဆိုတော်လွှမ်းပိုင်နဲ့ ပလူးပလဲလုပ်ရင်း ပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပြန်ပါတယ်။

အသက်ကြီးပေမယ့် အချစ်ကိုအတည်တကျမရှာသေးဘဲ တွေ့တိုင်း၊မြင်တိုင်းရင်ခုန်ပြောင်းလဲတတ်တဲ့ စိတ်ကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်ပစ်တင်မှုတွေကို ခံနေရတာလည်းဖြစ်ပါတယ်။Gfatt နဲ့ပြတ်ပြီး လတ်တလောမှာ အချစ်ရေးကို တရားဝင်မချပြသေးပေမယ့် ချစ်သူရှိပြီး အချစ်ခံနေရကြောင်းကို အမြဲပြောတတ်သူပါ။အရမ်းတွေအချစ်ခံနေရတဲ့ နန်းစုကိုတော့ ပရိတ်သတ်တွေက အဆိုတော်လွှမ်းပိုင်နဲ့ ထင်ကြေးပေးနေကြပါတယ်။

ထင်ကြေးပေးတယ်ဆိုတယ်ကလည်း သူတို့နှစ်ယောက် ကဝန်မခံသေးတာကြောင့်ထင်ကြေးပေးခံနေရပေမယ့် နှစ်ယောက်သားအနေအထိုင် ၊အပြုအမှုတွေက ချစ်သူတွေဖြစ်နေပြီဆိုတာကို ပြသနေပါပြီ။အခုအချိန်မှာ နန်းစုနဲ့ လွှမ်းပိုင်ကတော့ ချစ်သူတွေဖြစ်နေကြတာကို ဝန်မခံသေးပေမယ့် ဆိုင်သူတွေကိုယ်စီရှိနေကြပြီး လက်ထပ်ဖို့အထိပါ ရည်ရွယ်နေခဲ့ကြတာလည်းဖြစ်ပါတယ်။နှစ်ယောက်လုံးကတော့ အသက်၃၀‌ကျော်ဝန်းကျင်ရှိခဲ့ပြီးအရင် Relationship တွေနဲ့ တုန်းက လက်ထပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့တာကြောင့်ပေါ့ပေါ့ပါးပါးနေခဲ့ကြပေမယ့် အခုအချိန်မှာတော့ အလုပ်တွေကြိုးစားလို့နေခဲ့ပါပြီ။

နန်းစုကတော့ အနုပညာ‌လုပ်ငန်းတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရသလို ၊စီးပွားရေးလုပ်ငန်းမှာလည်း နိုင်ငံတကာအထိ ထိုးဖောက်အောင်မြင်နေတဲ့ CEO တစ်ယောက်ဖြစ်လို့နေပါပြီ။အသက်ကြီးနေပေမယ့် ရုပ်ရည်လည်းချောမောသလို၊စီးပွားရေးလောကမှာပါအောင်မြင်တဲ့ နန်းစုကိုတော့ ပရိတ်သတ်တွေက အပျိုကြီးဘဝနဲ့ အရိုးထုတ်တော့မှာလားဆိုပြီး မေးမြန်းတာတွေရှိနေပါပြီ။

အသက် ၃၇နှစ်ဆိုတာ ငယ်တော့တယ်အရွယ်တော့တာကြောင့် မေးမြန်းတာတွေရှိနေကြတာပါ။အပျိုကြီးလုပ်ဖို့ ကြေညာထားတာမရှိဘဲ အချိန်တန်ရင် ယူဖို့ပြောနေသလို ၊ချစ်သူ‌က အဆက်မပြတ်ရှိနေတာကြောင့် သူ့ရဲ့အချစ်ရေး၊အိမ်ထောင်ရေးကိုပရိတ်သတ်တွေကစိတ်ဝင်စားခဲ့ကြတာပါ။သူမကို‌တော့
အိမ်ထောင်ပြုစေချင်တဲ့ ပရိတ်သတ်တွေလည်း ရှိသလို၊အပျိုကြီးဘဝနဲ့တစ်ယောက်တည်း အေးဆေးဘဲ မြင်ချင်တဲ့ပရိတ်သတ်တွေရှိပေမယ့် နန်းစုကတော့ အိမ်ထောင်ပြုဖို့ရည်ရွယ်ချက်ရှိလို့နေပါတယ်။

ဘဝကိုပျင်းစရာကောင်းအောင်တစ်ယောက်တည်းမနေဘဲ ပျော်ရွှင်စရာမိသားစုဘဝလေးတည်ထောင်ချင်တဲ့ စိတ်ကူးရှိလို့နေပါတယ်။အိမ်ထောင်ပြုဖို့သာစိတ်ကူးရှိပေမယ့် ချစ်သူကို အခုအချိန်ထိ Official ချမပြနိုင်သေးဘဲ လျှို့ဝှက်ထားဆဲပါဘဲ။အရွယ်နဲ့ မလိုက်အောင် ရုပ်ရည်နုပျိုနေပေမယ့် မကြာခင်နှစ်တွေမှာ အသက် ၄၀ကိုရောက်တော့မှာလည်းဖြစ်ပါတယ်။နန်းစုကတော့ ကိုယ့်အသက်ကို မေ့နေလားတောင်ထင်ရပါတယ်။

ဘယ်အချိန်မေးမေး ကိုယ်တိုင်ကလည်း အရမ်းချစ်တတ်သလို အရမ်းအချစ်ခံနေရကြောင်းအမြဲကြူးတတ်သူပါ။အခုလည်း သူ့ရဲ့ Omo product ပွဲမှာ မဆီမဆိုင် အရမ်းအချစ်ခံနေရတဲ့ အကြောင်းကို ပြောလာပြန်ပါပြီ။နန်းစုကတော့ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အရမ်းအချစ်ခံနေရပါတယ်ရှင်ဆိုပြီး ပျော်ရွှင်ပြီး ပြောလာခဲ့ပြန်ပါတယ်။

သူ့ရဲ့ အချစ်ရေးကိုတော့ ပရိတ်သတ်တွေက အားမကျဘဲ အသက်ကြီးမှာ အရမ်းအချစ်ခံနေရကြောင်းအားတိုင်းပြောနေတာမို့ ဝေဖန်မှုတွေမြင့်တတ်နေပြီလည်းဖြစ်ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...