အမှားတွေအပေါ် နားလည်ပေးတဲ့ ပရိသတ်တွေကြောင့် သီချင်းတွေဆက်ဆိုနေမယ့် Anonimus…

Celebrity Local News
အမှားတွေအပေါ် နားလည်ပေးတဲ့ ပရိသတ်တွေကြောင့်
သီချင်းတွေဆက်ဆိုနေမယ့် Anonimus…

ပရိတ်သတ်ကြီးရေ .. Anonimus ကတော့ “ထားလိုက်ပါ” သီချင်းနဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီး အနုပညာလောကမှာ အချိန် တိုအတွင်းအောင်မြင်မှုရရှိခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ် ပါတယ်..အခုဆိုရင်သူကိုယ်တိုင်ရေးပြီးဆိုခဲ့တဲ့ သီးတွေများစွာ ရရှိပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်.. မကြာသေးခင်က Anominus ကသူရဲ့ ငယ်ချစ်ဦးနဲ့ လက်ထပ်ခဲ့တယ်လို့ သိခဲ့ရပြီး အခုတစ်ခါ မှာတော့ အိမ်ထောင်ရေးအဆင်မပြေလို့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အသိပေးလာခဲ့ပါတယ်..

အခုတစ်ခါမှာတော့ ပရိသတ်တွေရဲ့အားပေးမှုကြောင့် အနုပညာအလုပ်တွေဆက်လုပ်သွားမဲ့အကြောင်းသူ့ကိုချစ်တဲ့ ပရိသတ်ကြီးသိအောင်ပြောပြလာတာပဲဖြစ်ပါတယ်။“လမ်းစ ပျောက်နေတဲ့ လူငယ်တစ်ယောက်ကနေ တိုးတက်လာတဲ့သူဖြစ်လာပြီ။ကြားထဲမှာ အမှားတွေ ဘယ်လိုလုပ်လုပ် ခွင့်လွှတ်ပေးတဲ့ ပတ်ဝန်းကျင်ရှိခဲ့တယ်။ဘဝ က တိုတိုလေး ဆိုပေမယ့် စိတ်ညစ်မူးနောက်နေအောင်ခံရတာတွေရှိတယ်။လူဆိုတာ အမှားလုပ်လို့ရပေမယ့် အမှားထဲမှာ မသာယာနဲ့။ဦးနှောက် နဲ့ ဆုံးဖြတ်တာ နှလုံးသား နဲ့ ဆုံးဖြတ်တာ မှားတာတွေရှိနိုင်မယ်။”

“ပရိသတ်ကိုအကောင်းဆုံးချပြချင်တာမို့ Vocal ပိုင်း ပြန်လေ့ကျင့်နေတာမျိုးရှိတယ်။ လူတိုင်းမှားဖူးပေမယ့် ကျွန်တော့်အမှားတွေအပေါ်နားလည်ပေးခဲ့အတွက်ကျွန်တော့်ပရိသတ်တွေအပေါ်ကျေးဇူးတင်တယ်။လူတိုင်းခက်ခဲ့နေတဲ့အချိန် ကျွန်တော့်သီချင်းလေးတွေနားထောင်ပြီးဘဝအမောပြေနိုင်အောင်ကြိုးစားသွားမှာပါ။”

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...