အသက်၄၀ကျော်တစ်ခုလတ်ဖြစ်နေပေမယ့် မောင်လေးတွေလာကြိုက်နေလို့ ရှောင်ပြေးနေရတဲ့ဘဝမှာ ပျော်မွေ့နေတဲ့ မယ်လိုဒီ

Celebrity Local News
အသက်၄၀ကျော်တစ်ခုလတ်ဖြစ်နေပေမယ့် မောင်လေးတွေလာကြိုက်နေလို့
ရှောင်ပြေးနေရတဲ့ဘဝမှာ ပျော်မွေ့နေတဲ့ မယ်လိုဒီ

မယ်လိုဒီကတော့ ကလေးတစ်ယောက်အမေဖြစ်ပေမယ့် အခုအချိန်ထိ လှပနုပျိုနေဆဲအမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။တစ်ချိန်က Video ခေတ်မှာ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်နေတဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်အားပေးမှုကို တခဲနက်ရရှိခဲ့သူတစ်ယောက်ပါ။တောင့်တင်းပြီးလှပတဲ့ body ကြောင့် အမျိုးသားထုကြီးရဲ့ အချစ်တော် မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် အားလုံးရဲ့ အသဲကို ခွဲပြီး အိမ်ထောင်ပြုသွားခဲ့တာလည်းဖြစ်ပါတယ်။

အနုပညာလောကမှာ ဇာတ်ကားများစွာရိုက်ကူးရင်းနာမည်ရလာခဲ့သလို၊ အကယ်ဒမီဆုကြီးကိုပါ ပိုင်ဆိုင်ထားပေမယ့် အိမ်ထောင်ပြုပြီးနောက်မှာ အနုပညာလောကနဲ့ ကင်းကွာခဲ့ပါတယ်။မယ်လိုဒီက အိမ်ထောင်ကျပြီး သိပ်မကြာခင်မှာဘဲ သားဖြစ်သူကို မွေးဖွားခဲ့ပြီး အိမ်ထောင်မှုကို ထိန်းသိမ်းရင်းအလုပ်တွေရှုပ်နေခဲ့ရပါတယ်။အနုပညာလောကနဲ့ ကင်းကွာရတာအိမ်ထောင်ကြောင့်လည်း ပါပေမယ့် ပရိတ်သတ်တွေရဲ့ ဝေဖန်သံတစ်ချို့ကြောင့်ဆိုလည်းမမှားပါဘူး။အကယ်ဒမီဆုကြီးရပြီးချိန်မှာမထိုက်တန်ဘူးဆိုတဲ့ အပြောတွေနဲ့ ဝေဖန်သံတွေက အခုအချိန်ထိ ရှိတုန်းပါဘဲ။

အကြောင်းအမျိုးမျိုးကြောင့် အနုပညာလောက‌နဲ့ ကင်းကွာခဲ့ရပေမယ့် အိမ်ထောင်ကွဲပြီးနောက်မှာ အနုပညာလောကထဲကို နောက်တစ်ကြိမ်ပြန်ဝင်လို့လာခဲ့ချိန်မှာ ဝေဖန်သူတွေထက် အားပေးချစ်ခင်သူတွေ များပြားလာခဲ့ပါတယ်။ပွင့်လင်းတဲ့ အပြောအဆိုတွေကြောင့် ဝေဖန်မှုနည်းပြီးအားပေးတဲ့ ပရိတ်သတ်များခဲ့ပြီး အနုပညာလောကမှာ တဖန်အောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။မယ်လိုဒီက အိမ်ထောင်ကျပြီး ကလေးမွေးထားလည်း မပျက်စီးတဲ့ body နဲ့ရုပ်ရည်ကြောင့် အားပေးတဲ့ ပရိတ်သတ်တွေအပြင် လိုချင်သူတွေကလည်း ဝိုင်းဝိုင်းလည်နေဆဲပါဘဲ။မကြာခင်ရက်ပိုင်းက အသက် ၄၂နှစ်ပြည့်ခဲ့တဲ့ မယ်လိုဒီကတော့ ချစ်ခင်ကြတဲ့ပရိတ်သတ်တွေရဲ့ မွေးနေ့ Suprise ကြောင့်ပျော်ရွှင်နေတာ ကလေးတစ်ယောက်လိုပါဘဲ။အရင်က မွေးနေ့ပွဲကို သူငယ်ချင်းအပေါင်းအသင်း၊မိသားစုတွေနဲ့ ကျင်းပခဲ့ပေမယ့် အခုနှစ်မွေးနေ့ပွဲမှာတော့ သူမကိုချစ်တဲ့ Fan တွေနဲ့ ကျင်းပခဲ့တာပါ။

မယ်လိုဒီကတော့ သူ့ရဲ့ မွေးနေ့ပွဲမှာ လက်ဆောင်အပြိုင်ပေးကြတဲ့ ပရိတ်သတ်တွေကြောင့် ပါးစပ်မစိနိုင်အောင်ပျော်ရွှင်နေရပါပြီနော်။လက်စွပ်တွေလည်းမွေးနေ့ လက်ဆောင်ပေးကြသလို ၊တန်ဖိုးကြီးရေမွှေးတွေ ၊ငွေသားမုန့်ဖိုးတွေနဲ့ တခြားသောလက်ဆောင်တွေကလည်း အများကြီးပါဘဲ။အိမ်ထောင်ရေးမှာသာ ကံမကောင်းလို့ တစ်ခုလတ်ဖြစ်ခဲ့ရပေမယ့် ကျန်တဲ့ ကံတွေ၊စန်းတွေကတော့ သူမအတွက်ကောင်းနေဆဲပါ။၅၂၈ မေတ္တာမှာတော့ အမျိုးသားတွေရော၊အမျိုးသမီးတွေဆီကပါ အပြည့်အဝရထားတာကြောင့် သူ့ရဲ့ကံကောင်းမှုကို ကျေနပ်ပီတိဖြစ်နေပါတယ်။

၅၂၈မေတ္တာရေးမှာ ကံကောင်းမှုတွေနဲ့ပြည့်နှက်နေပေမယ့် ၁၅၀၀ ကတော့ ထင်သလောက်မဟုတ်ခဲ့ပါဘူးနော်။အရင်ကချစ်ကြိုက်ခဲ့တဲ့ နေမင်းတုန်းကလည်း တဏှာကြီးတဲ့ မိန်းမဆိုပြီး လိုက်ဖွတာကြောင့် တိုင်းသိပြည်သိအရှက်ကွဲခဲ့ရသလို ၊အိမ်ထောင်ရေးမှာလည်း တစ်ခုလတ်ဘဝကို ရောက်ခဲ့ရပါတယ်။အိမ်ထောင်ကွဲပြီးချိန်မှာလည်း ရေဗက္ကာဝင်းအမျိုးသားနဲ့ဖောက်ပြန်ခဲ့တဲ့ ပုံတွေထွက်ပေါ်ခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ်အရှက်ကွဲခဲ့ရတဲ့အဖြစ်ပါဘဲ။မယ်လိုဒီကတော့ အရှက်တွေကွဲပြီး ၁၅၀၀အချစ်မှာကံမကောင်းဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမရဲ့ အချစ်ရေးက‌တော့တိတ်ဆိတ်နေခဲ့ပါတယ်။

ချစ်ရသူရှိပေမယ့် အချစ်ရေးအကြောင်းထုတ်မပြောတော့ဘဲ ငြိမ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ အချစ်ရေးအကြောင်းပြောလာခဲ့ပြီလည်းဖြစ်ပါတယ်။မယ်လိုဒီကတော့ အခုလို အသက် ၄၂နှစ်အရွယ်ရောက်နေပေမယ့် လာကြိုက်တဲ့ လူတွေက ဝိုင်းဝိုင်းလည်နေတုန်းပါဘဲ။လာကြိုက်တဲ့ အမျိုးသားတွေက အရွယ်စုံ၊ဆိုဒ်စုံရှိသလို ကလေးလေး‌တွေဆီကပါ ချစ်ရေးဆိုတာကို ခံနေရသူပါ။ကိုယ်တိုင်ကလည်း မမကြီးတစ်ယောက်အရွယ်မှာ မောင်လေးတွေကိုကြိုက်ပေမယ့် သူ့သားလောက်ရှိတဲ့ ကလေးအရွယ်တွေကိုတော့ မကြိုက်တဲ့ အကြောင်းထုတ်ပြောလာခဲ့ပါတယ်။

အသက် ၃၀ကျော်အရွယ်မောင်လေးတွေကိုကြိုက်ပေမယ့် အသက် ၂၀အောက်မောင်လေးတွေက သူနဲ့မဖြစ်နိုင်တဲ့ အနေအထားပါဘဲ။၁၉နှစ်အရွယ်ကောင်လေးတွေရဲ့ ချစ်ရေးဆိုတာကို ခံနေရပေမယ့် မစားကောင်းတဲ့ အသီးမို့ ပတ်ရှောင်နေတာလည်းဖြစ်ပါတယ်။မယ်လိုဒီကတော့ အချစ်ရေးမှာ သားလောက်လေးတွေမကြိုက်ပေမယ့် နည်းနည်းငယ်တဲ့ မောင်လေးတွေကိုကြိုက်တဲ့ အကြောင်းပွင့်ပွင့်လင်းလင်းပြောလာခဲ့ပါတယ်။အသက်ကြီးပေမယ့် မပျက်စီးသေတဲ့ ပုံစံကြောင့် လိုချင်သူတွေများလို့ စိတ်ညစ်နေရတဲ့ အခြေအနေကိုရောက်နေခဲ့ရတာလည်းဖြစ်ပါတယ်။ပရိတ်သတ်လေးတို့လဲ အသက်ကြီးပေမယ့် လိုချင်တာရနိုင်သေးတဲ့ မယ်လိုဒီရဲ့ အချစ်ရေးကို အားကျနေပြီလားဆိုတာပြောပေးသွားကြပါအုံးနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...