အသနားခံဘဝကနေ အခုအချိန်မှာ ဝေဖန်ခံဘဝကိုပြန်ရောက်သွားတဲ့ ဖြူဖြူထွေးရဲ့ကြေညာတစ်ပုဒ်

Celebrity Local News
အသနားခံဘဝကနေ အခုအချိန်မှာ ဝေဖန်ခံဘဝကိုပြန်ရောက်သွားတဲ့
ဖြူဖြူထွေးရဲ့ကြေညာတစ်ပုဒ်


မကြာသေးခင်က Social media မှာ သနားစရာအကောင်းဆုံးအနုပညာရှင်ကိုပြပါဆိုရင် ဖြူဖြူထွေးကိုသာ လက်ညှိုးထိုးရမှာပါ။အရင်က ပေါက်ကရတွေလုပ်ပြီး နာမည်ကြီးလာတဲ့ မင်းသမီးဆိုပြီး ပရိတ်သတ်တွေအမြင်ကတ်တာခံခဲ့ရတဲ့ ဖြူဖြူထွေးကတော့ ထိုင်းနိုင်ငံက ကိစ္စကြောင့် ပရိတ်သတ်တွေ သနားဂရုဏာသက်တာကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။အနုပညာလောကထဲကို ရရာနေရာကနေ ကုတ်ခြစ်ဝင်လာခဲ့ပေမယ့် အအောင်မြင်ဆုံး ဆယ်လီတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။

ပေါ်ပင်မှာ အောင်မြင်လာတဲ့ ဆယ်လီတစ်ယောက်ဖြစ်ပေမယ့် အခုအချိန်ထိ ပျောက်ကွယ်မသွားသေးတာကတော့ သူ့ရဲ့ ကံနဲ့ စန်းကြောင့်ပါဘဲ။ပေါက်ကရတွေလုပ်ရင်းဆယ်လီတစ်‌ယောက်ဖြစ်လာတဲ့ ဖြူဖြူထွေးက အနုပညာနဲ့ ပတ်သက်ရင် ဝါသနာရော၊ပါရမီရောပါတာကြောင့် ဇာတ်လမ်းတိုတွေရိုက်ကူးတဲ့နေရာမှာ Creation ကောင်းကောင်းဖန်တီးနိုင်တာကြောင့် ပရိတ်သတ်တွေအကြိုက်တွေခဲ့ပါသေးတယ်။

ကိုယ်တိုင်ကလည်း အလုပ်တွေကြိုးစားခဲ့သလို မိသားစုအပေါ််ကိုလည်း သိတတ်တဲ့ သမီးတစ်ယောက်မို့ သူ့ကိုအားပေးတဲ့ ပရိတ်သတ်တွေက လူကြီးတွေပါ ပါကြပါတယ်။
အားပေးတဲ့ ပရိတ်သတ်အခိုင်အမာရှိထားတဲ့ ဖြူဖြူထွေးရဲ့ လူချစ်လူခင်ပေါတဲ့ အချိန်က ခဏတာပါဘဲ။အရင်က ရိုးရိုးအေးအေးပုံစံနေထိုင်ပေမယ့် နောက်ပိုင်းမှာ ခွဲစိတ်ပြုပြင်မှုတွေလုပ်ကိုင်ခဲ့သလို ကလပ်တတ်တတ် အဝတ်အစားတွေနဲ့ ပေါက်ကရပုံစံတွေ လုပ်ပြခဲ့တာကြောင့် ပရိတ်သတ်တွေကြားမှာ ဝေဖန်မူတွေ မြင့်တတ်လို့လာခဲ့ပါတယ်။အားပေးတဲ့ ပရိတ်သတ်တွေကြောင့် အလှူပွဲတိုင်းမပါမဖြစ် ဖျော်ဖြေရတဲ့ ဖြူဖြူထွေးက စကပ်အတိုတွေဝတ်ပြီး ကခုန်တာတွေလုပ်ပြတတ်သလို ဂျွမ်းပါထိုးပြခဲ့တာကြောင့် အောက်စလွတ်သွားခဲ့ပြီး ပရိတ်သတ်တွေရဲ့ ဝေဖန်တာကို များစွာခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဝေဖန်မှုတွေနဲ့ ယှဉ်တွဲနေထိုင်ခဲ့တဲ့ ဖြူဖြူထွေးက မကြာသေးခင်က ငိုပွဲစင်ခဲ့တဲ့ ကိစ္စကြောင့် ပုရိတ်သတ်‌တွေ သနားဂရုဏာသက်ခဲ့ကြပါတယ်။အရင်က ကြည့်မရ‌လို့‌ဝေဖန်နေတဲ့ လူတွေတောင် ဖြူဖြူထွေးဘက်ကနေ နေပေးတဲ့အထိပါဘဲ။တစ်ခုခုဆို သနားတတ်တာက မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ပါ။ကိုယ့်ရဲ့ ရန်သူဖြစ်ရင်တောင် သနားစိတ်ဝင်တတ်ကြတဲ့အထိ ကြင်နာတဲ့ အစိတ်အပြည့်ရှိတာကြောင့် ဖြူဖြူထွေးရဲ့ ကိစ္စမှာလည်း တတိုင်းပြည်လုံးနည်းပါ သနားခဲ့တဲ့အထိပါဘဲ။

ဖြူဖြူထွေးဆိုတာနဲ့ ပျော်ရွှင်တတ်တဲ့ ကောင်မလေးတစ်ယောက်အနေနဲ့အမြဲမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ဝေဖန်မှုတွေဘယ်လောက်ဘဲ များနေပါစေ အမြဲအပြုံးမပျက်ခဲ့တဲ့ ဖြူဖြူထွေးက ထိုင်းနိုင်ငံက ပွဲတစ်ခုမှာ အားငယ်ပြီးငိုကြွေးခဲ့တာကြောင့် ပရိတ်သတ်တွေက စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဖြူဖြူထွေးက Social influencer တစ်ယောက်အနေနဲ့ ပွဲတတ်ခဲ့ရသလို ပွဲမှာ မဲနှိုက်ပေးခဲ့တဲ့ အခါမှာလည်း မဲပေါက်တဲ့ လူက သူ့ကို မနှုတ်ဘဲ အလှမယ် သဲသဲကို ပွေ့ဖက် နှုတ်ဆက်ခဲ့တာကြောင့် ဖြူဖြူထွေးတစ်ယောက် ဟန်မဆောင်နိုင်တဲ့အထိဖြစ်ခဲ့ရပါတယ်။

တော်ရုံဆိုရင် ဟန်ဆောင်တတ်ပေမယ့် သိမ်ငယ်မှုတွေများစွာနဲ့ ကြုံတွေ့ရချိန်မှာတော့ စိတ်ကိုတင်းမထားနိုင်တော့ဘဲ ပွဲမှာ ငိုကြွေးမိတဲ့ အဖြစ်ပါဘဲ။တိုင်းတစ်ပါးမှာ သနားစရာကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ ပုံစံကြောင့် ပရိတ်သတ်တွေအပြင်၊အနုပညာရှင်တွေကပါ သူ့ဘက်ကနေ ဝိုင်းပြီး ဝန်းရံပေးခဲ့ကြတဲ့အထိပါဘဲ။အားလုံးရဲ့ အချစ်တော်ဖြစ်ခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက်အခုအချိန်မှာ ကြေညာတစ်ပုဒ်ကြောင့် ဝေဖန်မှုတွေ မြင့်တတ်နေခဲ့ပါတယ်။

ဖြူဖြူထွေးက အခုနောက်ပိုင်း ဇာတ်လမ်းတိုတွေ၊commercial ရိုက်ကူးနေရပြီး အခုလည်း ကြောညာတစ်ပုဒ်ကို ဆန်းသစ်ပြီး ရိုက်ကူးခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်တာကို စတင်ခံနေရပါပြီ။ကြေညာကို အသစ်ရိုက်ကူးတာမဟုတ်ဘဲ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ စိန်နဲ့မြမွေ့ရာကြေညာကို ဆန်းသစ်တီထွင်ပြီး ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။စိန်နဲ့ မြမွေ့ရာဆိုတာနဲ့ ပါရာရာလားလားဘုံ ဆိုတဲ့ စာသားလေးနဲ့အတူ မင်းသမီးချောအိန္ဒြာကျော်ဇင်ကို တွဲမြင်ကြမှာပါ။ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ရိုက်ကူးခဲ့တဲ့ အိန္ဒြာကျော်ဇင်နေရာကို ဖြူဖြူထွေးက ဝင်ရောက်ခဲ့တာပါ။

ညအိပ်ဝတ်စုံဂါဝန်တွေ နဲ့ ခေတ်ပေါ်အကတွေနဲ့ မွေ့ရာကြေညာခဲ့တာကြောင့် ပရိတ်သတ်တွေက အိန္ဒြာကျော်ဇင်ရိုက်တဲ့ ကြေညာကို ရိုက်ရမလားဆိုပြီးဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။တစ်ယောက်ဆိုတစ်ယောက်သာချစ်တဲ့ ပရိတ်သတ်တွေက သူတို့ရဲ့ မင်းသမီးနေရာကို ဝင်ယူတာကြောင့် ဝေဖန်မှုတွေက အခုအချိန်ထိ ပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...