အိမ်ထောင်ပြုပြီးမှ အနုပညာလောကကနေ ပျောက်ကွယ်ခဲ့တဲ့ အနုပညာရှင်များ

အိမ်ထောင်ပြုပြီးမှ အနုပညာလောကကနေ ပျောက်ကွယ်ခဲ့တဲ့ အနုပညာရှင်များ

Celebrity Local News
အိမ်ထောင်ပြုပြီးမှ အနုပညာလောကကနေ ပျောက်ကွယ်ခဲ့တဲ့ အနုပညာရှင်များ

အခုတင်ဆက် ပေးသွားမှာက‌တော့
အနုပညာ‌အလုပ်တွေကို ဝါသနာပါလို့ လုပ်ကိုင်ခဲ့တဲ့ အနုပညာရှင်တွေဖြစ်ကြပေမယ့် အိမ်‌ထောင်ပြုပြီးနောက်မှာ အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ကြတဲ့ အနုပညာရှင်တွေအကြောင်းတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဘယ်သူတွေဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါအုံးနော်။

ချမ်းမီမီကို

လကမ္ဘာထိ ဟန်းနီးမွန်းထွက်မယ်ဆိုပြီးကြွေးကြော်ခဲ့တဲ့ ချမ်းမီမီကိုရဲ့ မင်္ဂလာသတင်းကိုတော့ ပရိတ်သတ်လေးတို့သိကြမှာပါ။ချမ်းမီမီကိုက ပရိတ်သတ်အားပေးမှုကို ရရှိခဲ့တဲ့ မင်းသမီးတစ်လတ်ပါ။အောင်မြင်တဲ့ မင်းသမီးတစ်လတ်အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေချိန်မှာဘဲ ရုတ်တရက် ယောက်ျားယူသွားတာကြောင့် ပရိတ်သတ်တွေ နှမြောခဲ့ရပါတယ်။

အနုပညာအလုပ်တွေလုပ်ကောင်းနေဆဲအချိန် အသက် ၂၂နှစ်မှာ သူဌေးကြီးတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး အနုပညာအလုပ်တွေရပ်နားခဲ့ပြီး လကမ္ဘာထိ သွားဖို့ ကြံစည်ခဲ့ကြတာလည်းဖြစ်ပါတယ်။သူဌေးကြီးနဲ့ ညားပြီး အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် အိမ်ထောင်ကွဲချိန်မှာ အနုပညာလောကထဲကို ဝင်ဖို့ ပြန်ကြိုးစားခဲ့ပေမယ့် သရုပ်ဆောင်စွမ်းရည်ကျသွားခဲ့သလို လိုက်မမှီနိုင်တော့တာကြောင့် မတိုးနိုင်ဖြစ်နေခဲ့ပါတယ်။

ချစ်စနိုးဦး

သရုပ်ဆောင်ရော၊အဆိုပိုင်းမှာပါ ကျွမ်းကျင်တဲ့ ချစ်စနိုးဦးကတော့ ချစ်သူ ဖိုးသားနဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေရပ်နားခဲ့ဝာာပါ။အနေအေးပြီး ချစ်စရာကောင်းတဲ့ အမူအရာကို ပိုင်ဆိုင်ထားတာကြောင့် ပရိတ်သတ်ချစ်ခင်နေခဲ့ရတာလည်းဖြစ်ပါတယ်။သရုပ်‌ဆောင်ပိုင်းမှာအားပေးတဲ့ ပရိတ်သတ်အများအပြားရှိသလို သူမဆိုထားတ့ လက်လေးဆွဲဆိုတဲ့ သီချင်းဆိုရင်လည်း အခုအချိန်ထိ ပရိတ်သတ်တွေကြားရေပန်းစားနေဆဲလည်းဖြစ်ပါတယ်။

ပရိတ်သတ်အချစ်တော်မင်းသမီးလေးချစ်စနိုးဦးကတော့ ၂၀၁၉ခုနှစ်မှာ ချစ်သူကောင်လေးနဲ့ လက်ထပ်ခဲ့ပြီး အနုပညာလောကကနေ ပျောက်ကွယ်နေခဲ့ပါတယ်။သူဌေးသားတစ်ယောက်ဖြစ်တဲ့ ကိုဖိုးသားနဲ့ လက်ထပ်ခဲ့ပေမယ့် ငွေမက်လို့ လက်ထပ်ခဲ့တာမဟုတ်ဘဲ ငယ်ချစ်ဦးတွေမို့ ရွှေလက်တွဲခဲ့တာလည်းဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်း

ပရိတ်သတ်အားပေးချစ်ခင်မှုကို တခဲနက်ရရှိထားတဲ့ မင်းသမီးလေးနန်းစန္ဒာလှထွန်းကတော့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူပါ။ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးနဲ့ စကားဝဲဝဲလေးတွေကြောင့် ပရိတ်သတ်အချစ်ပိုနေခဲ့ရတာလည်းဖြစ်ပါတယ်။‌

နန်းနန်းကတော့ ရုပ်ရှင်တွေရိုက်ကူးနေရင်း ၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ ကိုဉာဏ်လင်းမြင့်နဲ့ လက်ထပ်သွားခဲ့ပြီး အနုပညာအလုပ်တွေရပ်နားခဲ့ပါတယ်။ နန်းနန်းက အိမ်ထောင်ကျကံကောင်းတဲ့ မင်းသမီးတစ်လတ်ပါ။အိမ်ထောင်ကျပေမယ့် အိမ်‌ထောင်မှုတာဝန်တွေမထမ်းဆောင်ရဘဲ အေးဆေး နေထိုင်ခွင့်ရနေသလို အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ချုပ်ချယ်တာမျိုးမရှိခဲ့တာလည်းဖြစ်ပါတယ်။အမျိုးသားက အနုပညာအလုပ်တွေလုပ်ခွင့်ပေးထားပေမယ့် ကလေးယူဖို့ စီစဉ်နေတဲ့ နန်းနန်းကတော့ အနုပညာအလုပ်တွေရပ်နားပြီး ဖန်ပြွန်သန္ဓေသားနဲ့ ကလေးယူဖို့ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။

သဇင်

No အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်မလေးသဇင်ကတော့ ၉၀born တွေကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။အဖွဲ့လိုက်လည်း ပရိတ်သတ်အားပေးမှုကိုရခဲ့သလို ချောမောလှပတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် အဆိုတော်တစ်ယောက်အနေနဲ့လည်းအောင်မြင်ခဲ့သလို မင်းသမီးတစ်ယောက်အနေနဲ့ ပရိတ်သတ်အားပေးမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဆိုတော်၊မင်းသမီးချောလေးသဇင်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အရှုပ်အရှင်းတွေရှိခဲ့ပြီး ပရိတ်သတ်တွေကြားမှာ နာမည်ပျက်ခဲ့ပါသေးတယ်။အဆိုတော်သဇင်ကတော့ နောက်ပိုင်းမှာ အိမ်ထောင်အတည်တကျပြုပြီးချိန်မှာတော့ မြန်မာနိုင်ငံမှာမနေတော့ဘဲ နိုင်ငံခြားမှာပြောင်းရွှေ့နေထိုင်ပြီး အနုပညာအလုပ်တွေကိုရပ်နားကာ သားလေးနဲ့အတူအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ထောင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

နန္ဒာလှိုင်

အနုပညာရှင်တွေထဲမှာ အောင်မြင်မှုအပေါင်းသရဖူဆောင်းခဲ့တဲ့ မင်းသမီးတစ်လတ်ဖြစ်တဲ့ နန္ဒာလှိုင်က အခုအချိန်မှာ အချမ်းသာဆုံးသူဌေးကတော်ကြီးအဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။အနုပညာလုပ်ကိုင်စဉ်မှာလည်း ဝင်ငွေကောင်းပြီး အောင်မြင်တဲ့ မင်းသမီးတစ်လတ်ဖြစ်ခဲ့သလို ၂၀၀၈ခုနှစ်မှာ ဇေကမ္ဘာပိုင်ရှင် ခင်ရွှေဦးရဲ့ သားဖြစ်သူ ခရိုနီသူဌေး ဇေသီဟနဲ့ လက်ထပ်ပြီး ချမ်းသာတဲ့ သူဌေးကတော်တစ်ဦးအဖြစ်သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ အိမ်ထောင်ကြပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီး သမီး‌သုံးယောက်နဲ့အတူ အပူအပင်မရှိတဲ့ သူဌေးမကြီးတစ်ယောက်အနေနဲ့သာ ‌နေ
ထိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...