ဦးလေးဖြစ်သူရဲ့ နာရေးမှာ မိခင်ဖြစ်သူနဲ့ပြန်အဆင်ပြေသွားပြီမို့ ဝမ်းနည်းဝမ်းသာဖြစ်‌နေရတဲ့ မင်းသမီးကြီးခိုင်နှင်းဝေ

Celebrity Local News
ဦးလေးဖြစ်သူရဲ့ နာရေးမှာ မိခင်ဖြစ်သူနဲ့ပြန်အဆင်ပြေသွားပြီမို့
ဝမ်းနည်းဝမ်းသာဖြစ်‌နေရတဲ့ မင်းသမီးကြီးခိုင်နှင်းဝေ

ပရဟိတမိခင်ကြီးဆိုပြီး တင်စားခေါ်ဝေါ်ရတဲ့အထိ လူတွေကိုကယ်တင်ပေးနေသူကတော့ မင်းသမီးကြီး ခိုင်နှင်းဝေပါ။ကိုယ့်အကျိုးထက် လူအများအကျိုး၊ကလေးတွေအကျိုးကိုကြည့်တတ်တာကြောင့် အများပြည်သူကြားမှာ နာမည်ကောင်းနဲ့ ကျော်ကြားနေခဲ့တာလည်းဖြစ်ပါတယ်။ကလေးတွေကို မွေးစားထားပေမယ့် မိဘမဲ့တစ်ယောက်အနေနဲ့ ဖြစ်သလိုထားတာမဟုတ်ဘဲ သားသမီးအရင်းအချာတစ်ယောက်လို ချစ်ခင်တာ အားလုံးလည်းသိကြမှာပါ။ဝမ်းနဲ့ လွယ်ပြီးမမွေးထားပေမယ့် အားလုံးကို ကျောသားရင်သားမခွဲဘဲ တစ်တန်းထဲ ထားပြီး ချစ်ခင်ခဲ့တာ မိခင်ဖြစ်သူနဲ့ ပြသာနာဖြစ်ရတဲ့အထိပါဘဲ။

ခိုင်နှင်းဝေကတော့ ကလေးတွေအပေါ်ထားတဲ့ စိတ်နဲ့ တစ်သက်လုံးကျွေးမွေးစောင့်ရှောက်ခဲ့တဲ့မိခင်နဲ့ပြသာနာတတ်ခဲ့တာလည်းဖြစ်ပါတယ်။ခိုင်နှင်းဝေက အမေဖြစ်သူကို ချစ်ပေမယ့် ကလေးတွေရဲ့ အထင်အမြင်လွဲမှာကို မခံနိုင်တာကြောင့် အခုလိုတွေဖြစ်ခဲ့ရတာပါ။သူ့ရဲ့ပထမဆုံးမွေးစားသမီးဖြစ်တဲ့ ရွှန်းရွှန်းကို ဂေဟာက ကလေးတွေနဲ့ တန်းတူထားမယ်ဆိုတဲ့ ကိစ္စနဲ့သားအမိနှစ်ယောက်ပြသာနာဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ကလေးတွေတစ်ယောက်မှမရှိစဉ်ကတည်းက သမီးလေးရွှန်းရွှန်းကိုမွေးစားခဲ့တာအားလုံးလည်းသိကြမှာပါ။

ရုပ်ချင်းတူတဲ့ သမီးလေး‌ကို မွေးစားခဲ့ပြီး ခိုင်နှင်းဝေကလည်း သမီးအရင်းတစ်ယောက်လိုချစ်သလို ၊အမေဖြစ်သူ ဒေါ်ချိုချိုကပါ သူ့မြေးတစ်ယောက်လို ခင်တွယ်နေခဲ့တာလည်းဖြစ်ပါတယ်။ခိုင်နှင်းဝေက မွေးစားဖို့ ခေါ်လာပေမယ့် ကလေးရဲ့ ဝေယျာဝိစ္စအားလုံးကို ဒေါ်ချိုချိုက လုပ်ပေးနေတဲ့အပြင် ကလေးကလည်း သူနဲ့အတူတူအိပ်တာမို့ သံယောဇဉ်ဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။အမေဖြစ်တဲ့ ခိုင်နှင်းဝေက ရွှန်းရွှန်းလေးကိုချစ်ပေမယ့် တစ်ခြားကလေးတွေနဲ့တန်းတူထားဖို့ပြောခဲ့ပေမယ့် ခိုင်နှင်းဝေရဲ့ အမေဖြစ်သူက လက်မခံနိုင်တာကြောင့် ပြသာနာဖြစ်ခဲ့ကြတာပါ။

လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းပြသာနာတွေဖြစ်ခဲ့ကြပြီး သားအမိနှစ်ယောက်အခေါ်အပြောမရှိကြတော့တာအခုထိပါဘဲ။ခိုင်နှင်းဝေနဲ့ မိခင်ဖြစ်သူရဲ့ အခြေအနေက တင်းမာခဲ့ပြီး လူသိရှင်ကြားပြသာနာတွေတတ်ခဲ့ကြတာကြောင့် အားလုံးပြန်အဆင်ပြေဖို့ မျှော်လင့်ခဲ့ကြတဲ့အထိပါဘဲ။ခိုင်နှင်းဝေကတော့ အလှူတွေလုပ်ပြီးလို့ ဆုတောင်းရင်တောင် သူတို့သားအမိနှစ်ယောက် အမြန်ပြေလည်ဖို့ကိုသာ ဆုတောင်းနေခဲ့တာလည်းဖြစ်ပါတယ်။အခုတော့သူဆုတောင်းထားတဲ့ အတိုင်းပြည့်ပေမယ့် အလုံးစုံမပျော်နိုင်တဲ့ အခြေအနေဖြစ်နေခဲ့ရပါတယ်။

ခိုင်နှင်းဝေက အမေဖြစ်သူနဲ့ ပြန်အဆင်ပြေလို့‌ပျော်ခဲ့ရပေမယ့် ‌အဖေလိုဖြစ်နေတဲ့ ဦးလေးဖြစ်သူကွယ်လွန်ခဲ့တာကြောင့် ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ငယ်စဉ်ကတည်း အဖေမရှိခဲ့တဲ့ ခိုင်နှင်းဝေအတွက်ကတော့ အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်ရဲ့ အမျိုးသား ဦးသာဉာဏ် က သူ့ရဲ့ အဖေပါဘဲ။အသက်၂နှစ်တည်းက သူ့ကို ‌ကျွေးမွေးစောင့်ရှောက်ခဲ့တာကြောင့် ‌ဖေကြီးလို့ခေါ်ပြီး အဖေအရင်းတစ်ယောက်လိုသတ်မှတ်ပြီးချစ်ခဲ့ရသူပါ။အခုတော့ သူ့ရဲ့ ဈာပနာပွဲမှာ ဝမ်းနည်းကြေကွဲခဲ့ရပေမယ့် မိသားစုအားလုံးကတော့ ပြန်ပြီးအဆင်ပြေခဲ့ကြပါပြီ။

မိသားစုဝင်တစ်‌ယောက် ဆုံးရှုံးရလို့ ဝမ်းနည်း‌ကြေကွဲရပေမယ့် မိသားစုအားလုံး ပြန်တည့်သွားကြတာကတော့ ကံကောင်းမှုတစ်ခုလို့ဆိုရမှာပါ။ခိုင်နှင်းဝေကတော့ ချွဲချွဲနွဲ့နွဲ့တီတီတာတာ မပြောတတ်ပေမယ့်” အမေ့ကိုချစ်တာ အမေသိတယ်မလား “ဆိုတဲ့စကားလေးနဲ့ ပြန်ချော့ခဲ့တာပါ။အမေတစ်ခု သမီးတစ်ခုဘဝမှာ ဘယ်လောက်ဘဲ နားလည်မှုလွဲလွဲမပြတ်နိုင်ဘူးလို့ဆိုပါတယ်။သားအမိချင်းပြသာနာတွေရှိ‌ခဲ့ပေမယ့် တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့ အကြောင်း နှစ်ယောက်တွေ့ဆုံပြီးရင်ဖွင့်လာခဲ့တာလည်းဖြစ်ပါတယ်။

နှစ်ယောက်သားက ပြန်ပြီးအဆင်ပြေပေမယ့် ရွှန်းရွှန်းကိစ္စမှာ တော့ ညှိနှိုင်းရအုံးမှာပါ။ခိုင်နှင်းဝေက တသားတည်းထားဖို့ ပြောနေသလို အမေဖြစ်သူကတော့ မလိုက်လျောချင်ပုံပါဘဲ။‌ခိုင်နှင်းဝေရဲ့ အမေဖြစ်သူက ရွှန်းရွှန်းကို မြေးဆိုတာထက် သမီးတစ်ယောက်လို သဘောထားပြီးချစ်နေတာပါ။သူ့မှာ သမီးကြီး၊သမီးငယ်နှစ်ယောက်ရှိတယ်ဆိုပြီး သတ်မှတ်ထားသလို နှစ်ယောက်လုံးမရှိဘဲ မနေနိုင်ဘူးလို့ဆိုပါတယ်။ခိုင်နှင်းဝေမရှိရင်လည်း သူ့ဘဝအဆင်မပြေသလို ရွှန်းရွှန်းလေးမရှိရင်လည်း အဆင်မပြေနိုင်တဲ့ အနေအထားပါဘဲ။

ရွှန်းရွှန်းက စာတော်ပြီး သိတတ်၊လိမ္မာတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး သူ့ကိုအဖော်ပြု‌ပေးပြီး တီတီတာတာပြောနေတာကို ပျော်ရွှင်နေရတာလည်းဖြစ်ပါတယ်။အမေဖြစ်တဲ့ ဒေါ်ချိုချိုက ခိုင်နှင်းဝေနဲ့ ပြန်ပြီး အဆင်ပြေချင်ပေမယ့် ရွှန်းရွှန်းကိစ္စကိုလိုက်လျောချင်တဲ့ ပုံစံမပေါက်သေးတာ ခိုင်နှင်းဝေလည်းရိပ်မိမှာပါ။အခုမှ ပြန်ခေါ်ကြတာမို့ သူ့အနေနဲ့ မပြောသေးပေမယ့် ဒီကိစ္စကြီးက ထပ်ပြီး ညှိနှိုင်းရအုံးမယ့် အနေအထားပါဘဲ။နောင်ဖြစ်လာမယ့် ကိစ္စတွေထက်လတ်တလောအဆင်ပြေနေကြတဲ့ သူတို့သားအမိနှစ်ယောက်ကိုကြည့်ပြီး ပရိတ်သတ်တွေကပါ ပီတိဖြစ်နေရတာလည်းဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...