(၃)နှစ်ကြာအောင် အမှတ်တရသိမ်းဆည်းထားခဲ့တဲ့ အမျိုးသားရဲ့ အဝတ်အစားတွေကို လှူဒါန်းခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

Celebrity Local News
(၃)နှစ်ကြာအောင် အမှတ်တရသိမ်းဆည်းထားခဲ့တဲ့
အမျိုးသားရဲ့ အဝတ်အစားတွေကို လှူဒါန်းခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

တစ်ချိန်က ဆရာဝန်တစ်ယောက်လည်းဖြစ်၊ သရုပ်ဆောင်လည်း လုပ်ခဲ့ဖူးသလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းဟာ single mother တစ်ယောက်ဖြစ်ပေ မယ့်လည်း သန်မာတာကြောင့် လူအများရဲ ့လေးစားမှုကို ရရှိ နေသူတစ်ယောက်ပါ။ နန်းမြတ်ဖြိုးသင်းရဲ့ အမျိုးသားဖြစ်သူဟာ ၂၀၂၁ ခုနှစ်တုန်းမှာ ကိုဗစ်ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့် ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့ရပါတယ်။

နန်းမြတ်ကတော့ လက်ရှိမှာ သားသမီးတွေ ဖြစ်ကြတဲ့ ဂျက်ဂျက်နဲ့ဂျူးဂျူး ကိုပိုင်ဆိုင်ထား ပြီး ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ သူတစ်ယောက် လည်း ဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ မြန်မာပြည်အနှံ့အပြား ကြုံတွေ့ရင်ဆိုင်နေရတဲ့ ရေဘေးဒုက္ခတွေအတွက် သူမတတ်နိုင်တဲ့ဘက်က လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်း သူမရဲ့ ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလာခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းခဲ့တာပါ။ ဆုံးပါးသွားပြီဖြစ်တဲ့ အမျိုးသားရဲ့ အဝတ်အစားတွေကို အမှတ်တရသိမ်းဆည်းခဲ့တာ (၃)နှစ်ကြာပြီဖြစ်ပါတယ်။ ဒီရေဘေးမှာတော့ ဒုက္ခသည်တွေကို လှူဖို့အတွက် သူမရဲ့ အမှတ်တရ သံယောဇဉ်တွေကို ဖြတ်ခဲ့ပါတယ်။ ကလေးတွေနဲ့ မိခင်တွေအတွက်လည်း အဝတ်အစားတွေကို လှူဒါန်းခဲ့ပါသေးတယ်

သူမက”မိခင်နဲ့ကလေးတွေအတွက်ရော၊ အမျိုးသားတွေအတွက်ပါ အဝတ်အစားအချို့လှူဖို့ဒီနေ့ပို့ပါတယ်
မိခင်နဲ့ကလေးအဝတ်လေးတွေက သာမန်အမျိုးသား၊အမျိုးသမီးဝတ်တွေလောက် လှူမယ့်သူမများဘူးလေ
မေမေတွေရော ကလေးတွေရော နွေးထွေးကြပါစေ
အမျိုးသားဝတ်တွေကတော့ ဂျက်၊ဂျူးတို့ဖေဖေရဲ့အဝတ်တွေ သိမ်းထားခဲ့တာ၃နှစ်တောင်ရှိသွားပြီ


ခုတော့လိုအပ်တဲ့နေရာလေးကို တဖြတ်လှူပါမယ်
မြန်မာပြည်ဘေးဒုက္ခအပေါင်းမှ အမြန်ဆုံးကင်းလွတ်ပြီး သာယာပျော်ရွှင်စရာနေ့ရက်တွေအမြန်ဆုံးပိုင်ဆိုင်နိုင်ရပါစေ” ဆိုပြီး ပြန်လည်ဝေမျှလာတာပဲဖြစ်ပါတယ်။


မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...