Apple Store မှာ တညလုံးတန်းစီဝယ်ဖူးသွားပါပြီ ဆိုတဲ့ ဒါရိုက်တာညိုမင်းလွင်

Celebrity Local News
Apple Store မှာ တညလုံးတန်းစီဝယ်ဖူးသွားပါပြီ ဆိုတဲ့ ဒါရိုက်တာညိုမင်းလွင်

ဒါရိုက်တာညိုမင်းလွင်ကတော့ ပရိသတ်တွေကြား ဆန်းပြားတဲ့ရိုက်ကွက်တွေနဲ့ ဇာတ်လမ်းကောင်းတွေရိုက်ကူးနိုင်တဲ့ ဒါရိုက်တာအဖြစ် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်အဖြစ်ကနေ ဒါရိုက်တာအဖြစ်ကူးပြောင်းလုပ်ကိုင်ရာကနေ အောင်မြင်မှုတွေရရှိလာပြီး အကယ်ဒမီဆုကြီးကိုပါဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

အခုတစ်ခါမှာလည်းညိုမင်းလွင်က iPhone 16 ကိုတန်းစီဝယ်ခဲ့တဲ့ အကြောင်းရင်းကိုပြောပြလာတာပဲဖြစ်ပါတယ်။ ညိုမင်းလွင်က“ iPhone ကို 3G ထဲက စကိုင်တာ။ ကြွားချင်ရုံသပ်သပ်မဟုတ်ဘဲ iPhone Crazy မို့ စိတ်ရှည်လက်ရှည်နဲ့ဝယ်ခဲ့တာ။ Apple Store မှာ ညအိပ်တန်းစီပြီးဝယ်ဖူးတဲ့ရင်ခုန်မှုမျိုးလိုချင်ခဲ့လို့ အိမ်မက်ကို အကောင်အထည်ဖော်လိုက်တာပါ။ ဒါပထမဆုံး တန်းစီဝယ်ဖူးတာ။ လူတွေမှာ ရူးသွပ်မှုခြင်းမတူသလို ကျွန်‌တော်က Technology ကို ရူးပြီးအဲ့နောက်ကိုလိုက်တယ် ” ဆိုပြီးပြန်ရှင်းပြပေးလာတာပဲဖြစ်ပါတယ်။

သရုပ်ဆောင် ဒါရိုက်တာ ညိုမင်းလွင်က Apple ရဲ့နောက်ဆုံးပေါ်ဖုန်းကို အစောဆုံးကိုင်နိုင်ခွင့်ရဖို့အတွက် တန်းစီစောင့်ဆိုင်းခဲ့ရတဲ့ အတွေ့အကြုံလေးကို ဝေမျှလာပါတယ်။ ၂၀ ရက်နေ့မှာရောင်းချမယ့် iPh ကိုရဖို့အတွက် ဘန်ကောက် Apple Store ရှေ့မှာ ၁၉ ရက်နေ့ မနက် ၉ နာရီတည်းက သွားရောက်စောင့်ဆိုင်းခဲ့ပြီး လက်ပတ်နံပါတ် ၁၅ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ သူ့အနေနဲ့ တခါမှမကြုံဖူးတဲ့ မှောင်ခိုဈေးကွက်ကို ကြုံခဲ့ရပြီး လက်ပတ်နံပါတ်တွေကို ဘတ်ငွေ ၅၀၀ ကနေ ၅၀၀၀ လောက်ထိ ပြန်လည်ဝယ်ယူနေတာကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ဘဝသက်တမ်းတလျှောက် ဒီလို Countdown လုပ်ပြီး Store က တံခါးဖွင့်တာကို စိတ်ကူးယဉ်ခဲ့ရတာ လက်တွေ့ကြုံခဲ့ဖူးပြီလို့ ဆိုပါသေးတယ်။ အစောဆုံးကိုင်ချင်တဲ့စိတ်ရယ် ဒီလို Feeling လေးကို ခံစားဖူးချင်တဲ့စိတ်ကြောင့် အပင်ပန်းခံခဲ့ရတဲ့ ၂၂ နာရီကြာ အတွေ့အကြုံကို မျှဝေလာခဲ့တာပါ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...