Star Wars ဇာတ်ကောင် ဒါ့သ်ဗေဒါရဲ့အသံသရုပ်ဆောင် ဂျိမ်းစ်အာလ်ဂျုန်း ကွယ်လွန်

Celebrity International News
Star Wars ဇာတ်ကောင် ဒါ့သ်ဗေဒါရဲ့အသံသရုပ်ဆောင်
ဂျိမ်းစ်အာလ်ဂျုန်း ကွယ်လွန်

Star Wars ဇာတ်ကားရဲ့ ဒါ့သ်ဗေဒါဇာတ်ကောင်နောက်ကွယ်က အသံပိုင်ရှင်ဖြစ်တဲ့ မင်းသား ဂျိမ်းစ်အာလ်ဂျုန်းက အသက် ၈၃ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့မနက်ပိုင်းက သူ့နေအိမ်မှာ သူ သေဆုံးသွားခဲ့တယ်ဆိုတာကို သူ့ရဲ့ကိုယ်စားလှယ် ဘယ်ရီ မက်ဖာဆန်က အတည်ပြုပေးခဲ့တာပါ။ သူ သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

ဂျိမ်းက သူ့အနုပညာသက်တမ်းတစ်လျှောက်မှာ Tony Awards ဆု၂ ဆု၊ Grammy ဆု ၁ ဆု နဲ့ Primetime Emmy Awards ၂ ဆု အပါအဝင် ဆုများစွာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပါ။ သူဟာ တစ်သက်တာအောင်မြင်မှုအတွက် ဂုဏ်ထူးဆောင် အော်စကာဆုနဲ့ Tony အထူးဆုကိုလည်း ပေးအပ်ခံခဲ့ရတာပါ။

သူဟာ Star Wars ဇာတ်ကောင် ဒါ့သ်ဗေဒါရဲ့အသံသရုပ်ဆောင်အပြင် The Lion King မှာ မူဖာဆာအဖြစ်လည်း အသံသရုပ်ဆောင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...