“The Glory” ဇာတ်လမ်းတွဲမှာ မင်းသမီးဆောင်ဟေဂျိုရဲ့မိခင်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးပတ်ဂျီအာကွယ်လွန်

Celebrity International News
“The Glory” ဇာတ်လမ်းတွဲမှာ မင်းသမီးဆောင်ဟေဂျိုရဲ့မိခင်အဖြစ်ပါဝင်ခဲ့တဲ့
မင်းသမီးပတ်ဂျီအာကွယ်လွန်

မြန်မာပရိသတ်တွေ အားပေးနှစ်ခြိုက်ခဲ့တဲ့ “The Glory” ဇာတ်လမ်းတွဲမှာ မင်းသမီးဆောင်ဟေဂျိုရဲ့မိခင်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသမီးပတ်ဂျီအာဟာ အသက် ၅၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ စက်တင်ဘာ ၃၀ ရက်နေ့ မနက်ခင်းမှာ ပတ်ဂျီအာကွယ်လွန်သွားခဲ့တယ်ဆိုတာကို မီဒီယာတစ်ခုက ထုတ်ပြန်ခဲ့တာပါ။ “မကြာသေးခင်က ပတ်ဂျီအာဟာ ဦးနှောက်သွေးကြောပေါက်ခြင်းကြောင့် မေ့လဲသွားကာ ဆေးရုံမှာကုသခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ပြန်လည်သက်သာမလာဘဲ သေဆုံးခဲ့ရတယ်”လို့ ပတ်ဂျီအာရဲ့ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းရဲ့ပြောစကားအရ သိရပါတယ်။

ပတ်ဂျီအာရဲ့အေဂျင်စီ BILLIONS ကလည်း အခုလိုထုတ်ပြန်ထားပါတယ်။

“မင်းသမီးပတ်ဂျီအာရဲ့အေဂျင်စီ BILLIONS ကပါ။ ဒီဝမ်းနည်းကြေကွဲဖွယ်ရာသတင်းကို မျှဝေပေးရတာ ကျွန်တော်တို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဒီကနေ စက်တင်ဘာ ၃၀ ရက်နေ့မှာ ဦးနှောက်သွေးကြောပေါက်ပြီး ပတ်ဂျီအာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အသက် ၅၂ နှစ်ပါ။ ကွယ်လွန်သူအတွက် ဈာပနခန်းမကို Asan Medical Center က Room 2 မှာ ထားရှိဖို့ စီစဉ်ထားပါတယ်။ ဈာပန အခမ်းအနားကို အောက်တိုဘာ ၂ ရက်နေ့ မနက် ၁၀ နာရီမှာ ပြုလုပ်မှာဖြစ်ပါတယ်။ BILLIONS က ကွယ်လွန်သူ မြတ်နိုးတန်ဖိုးထားခဲ့တဲ့ သရုပ်ဆောင်အပေါ်စိတ်နှစ်ထားမှုကို အဆုံးသတ်ထိ ထာဝရသတိရသွားမှာပါ။ ထပ်ပြီးတော့ သူ ကွယ်လွန်သွားတဲ့အပေါ် ထပ်တူထပ်မျှဝမ်းနည်းရပြီး ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်”

ပတ်ဂျီအာက ၂၀၀၂ ခုနှစ် ဇာတ်ကား “The Coast Guard”နဲ့ သရုပ်ဆောင်လောကထဲဝင်ရောက်ခဲ့ပါတယ်။ The Glory ဇာတ်လမ်းတွဲမှာ မင်းသမီးဆောင်ဟေဂျိုရဲ့မိခင် ဂျန်မီဟီးအဖြစ် ပါဝင်ခဲ့ပြီးတော့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ကောင်းကောင်းချပြသွားခဲ့ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...