VMAs ဂီတဆုပေးပွဲမှာ ဒုတိယအကြိမ် ဆုထပ်မံရရှိခဲ့တဲ့ BLACKPINK ရဲ့အဖွဲ့ဝင် လီဆာ

Celebrity International News
VMAs ဂီတဆုပေးပွဲမှာ ဒုတိယအကြိမ် ဆုထပ်မံရရှိခဲ့တဲ့
BLACKPINK ရဲ့အဖွဲ့ဝင် လီဆာ

ကမ္ဘာကျော်တောင်ကိုရီးယားအဆိုအဖွဲ့ BLACKPINK ရဲ့အဖွဲ့ဝင် လီဆာဟာ ၂၀၂၄ ခုနှစ်ရဲ့ MTV Video Music Awards (VMAs) ပွဲမှာ ဒုတိယအကြိမ်ဆုရရှိခဲ့ပြန်ပါတယ်။ ပထမဆုံးအကြိမ်ကတော့ ၂၀၂၂ ခုနှစ်က VMAs ဂီတဆုပေးပွဲမှာ ရရှိခဲ့တာပါ။

လီဆာက သူ့ရဲ့ကိုယ်ပိုင်အေဂျင်စီ LLOUD နဲ့ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ပထမဆုံးသီချင်း Rockstar နဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ VMAs ဆုပေးပွဲမှာ အကောင်းဆုံးကိုရီးယားပေါ့ပ်မြူးဇစ်ဗီဒီယိုဆုကို ရရှိခဲ့တာပါ။ ဒီသီချင်းက Best Editing၊ Best Choreography၊ Best Art Direction စတဲ့ ဆုအမျိုးအစား ၃ ခုမှာလည်း ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။

လီဆာက ဒီဂီတဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့အပြင် အနီရောင်သရေဝတ်စုံကို ဝတ်ဆင်ပြီးတော့ သူ့ရဲ့တစ်ကိုယ်တော်သီချင်း Rockstar နဲ့ နောက်ဆုံးထွက်တစ်ကိုယ်တော်သီချင်း New Woman တို့နဲ့လည်း ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

လီဆာက အကောင်းဆုံးကိုရီးယားပေါ့ပ်ဆုကို ၂ ကြိမ်ရရှိခဲ့တဲ့ ပထမဆုံးအမျိုးသမီးအဆိုရှင်အဖြစ် သမိုင်းစိုက်ထူခဲ့ပါပြီ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...