ခိုင်နှင်းဝေထက် မွေးစားသမီးရွှန်းရွှန်းအတွက်သာကြည့်ပြီး အတ္တကြီးနေဆဲဖြစ်တဲ့ခိုင်နှင်းဝေရဲ့မိခင်

Celebrity Local News
ခိုင်နှင်းဝေထက် မွေးစားသမီးရွှန်းရွှန်းအတွက်သာကြည့်ပြီး အတ္တကြီးနေဆဲဖြစ်တဲ့ခိုင်နှင်းဝေရဲ့မိခင်

ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့မိဘမဲ့ကလေးတွေကို မိခင်မေတ္တာအပြည့်အဝပေးပြီး စောင့်ရှောက်နေပေမယ့်သူ့ရဲ့ဘဝကတော့ မိခင်မေတ္တာနဲ့ဝေးကွာနေခဲ့ရပါတယ်။ငယ်ကတည်းက အဖေမရှိဘဲကြီးပြင်းခဲ့ရတဲ့ခိုင်နှင်းဝေက အရွယ်ရောက်တော့လည်းပရဟိတတွေလုပ်နေပြီး မိသားစုကိုပါအချိန်မပေးနိုင်တဲ့အပေါ် မိခင်ဖြစ်သူကနားမလည်တာကြောင့် မိခင်နဲ့သဘောထားကွဲလွဲနေရပါတယ်။ခိုင်နှင်းဝေကကလေးများစွာရဲ့မိခင်နေရာရောက်လာသည့်တိုင် မိဘမေတ္တာကိုလည်း လိုချင်နေပါသေးတယ်။ဒါကြောင့် ခိုင်နှင်းဝေက မိခင်နဲ့ သူနဲ့ကြားထဲမှာရှိတဲ့ ဆက်ဆံရေးကိုပြေလည်ချင်တယ်ဆိုပြီး မျက်ရည်တွေနဲ့ပြောခဲ့ရပါသေးတယ်။

ခိုင်နှင်းဝေတို့သားအမိနှစ်ယောက် အခုလို သဘောထားကွဲလွဲပြီးနားလည်မှုလွဲနေရတာကလည်း ခိုင်နှင်းဝေပထမဆုံးမွေးစားခဲ့တဲ့ ရွှန်းရွှန်းဆိုတဲ့ ကလေးကြောင့်ပါပဲ။ခိုင်နှင်းဝေက မိဘမဲ့ဂေဟာမဖွင့်ခင်ထဲက ရွှန်းရွှန်းကိုအရင်ဆုံးမွေးစားခဲ့ပြီး သူကိုယ်တိုင်စောင့်ရှောက်လာခဲ့ပါတယ်။သို့ပေမယ့် နောက်ထပ်မိဘမဲ့ကလေးတွေများစွာကို မွေးစားပြီးပရဟိတအလုပ်တွေလုပ်ဖို့ဖြစ်လာချိန်မှာတော့ ရွှန်းရွှန်းကိုလည်း ခိုင်နှင်းဝေက သူ့ရဲ့အနားမှာတခြားကလေးတွေနဲ့တန်းတူရှိစေချင်ပါတယ်။

ဒါကို ခိုင်နှင်းဝေရဲ့မိခင်က သဘောမကျဘဲ ရွှန်းရွှန်းကိုသူနဲ့သာခေါ်ထားပြီး ခိုင်နှင်းဝေကိုလည်း ဒီကလေးအပေါ်မပျက်ကွက်ရအောင် ပြန်လှည့်ကြည့်ခိုင်းလာပါတယ်။ခိုင်နှင်းဝေရဲ့ မိခင်ကရွှန်းရွှန်းကို ၆လသားကတည်းကမွေးစားလာတာမို့ သမီးအရင်းလေးတစ်​ယောက်လိုချစ်နေပါတယ်။ဒါ့ကြောင့်လည်း ရွှန်းရွှန်းကိုတော့ တခြားမွေးစားကလေးတွေနဲ့တန်းတူမထားဘဲ သူတစ်ယောက်ထဲသာအပင်ပန်းခံပြီး ပြုစုစောင့်ရှောက်နေပါတယ်။ဒီလိုပဲ ခိုင်နှင်းဝေကိုလည်း အရင်ဆုံးမွေးစားခဲ့တဲ့ရွှန်းရွှန်းလေးကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့သာ ၊ထောက်ပံ့ဖို့သာဖိအားတွေပေးလာပါတယ်။

May be an image of 1 person, crackers and text

ခိုင်နှင်းဝေက ရွှန်းရွှန်းကိုသမီးအရင်းလိုချစ်ပေမယ့်လည်း ဂေဟာကတခြားသောကလေးတွေနဲ့ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနဲ့ တသွေးတသားထဲမောင်နှမစိတ်မျိုးရှိစေချင်ပါတယ်။ဒါ့ကြောင့်ရွှန်းရွှန်းကို ဂေဟာမှာခေါ်ထားဖို့မဟုတ်ဘဲ ဂေဟာကကလေးတွေနဲ့ကျောင်းအတူတက် သင်တန်းတွေအတူတက်ပြီး တခြားကလေးတွေလို သူ့ဘေးမှာခေါ်ထားပြီး တန်းတူဂရုစိုက်ပေးချင်တဲ့ဆန္ဒမျိုးရှိနေပါတယ်။ဒါကလည်း ကလေးတွေများစွာရဲ့မိခင်လုပ်နေရတဲ့ ခိုင်နှင်းဝေအတွက် ရွှန်းရွှန်းကိုအနားမှာခေါ်ထားနိုင်ဖို့ အဆင်ပြေဆုံးနည်းလမ်းပါပဲ။ရွှန်းရွှန်းတစ်ယောက်ထဲကိုသာ အမွေစားအမွေခံ သမီးဆိူပြီး အလေးပေးဆက်ဆံနေရင် ဂေဟာက ရာနဲ့ချီတဲ့ကလေးတွေ သိမ်ငယ်ရမှာ ၊ စိတ်အားငယ်ရမှာကို ခိုင်နှင်းဝေကမလိုချင်ပါဘူး။

လက်ရှိမှာလည်းမိခင်ဖြစ်သူကအသက်ကြီးလာတာကြောင့် ဒီကလေးတစ်ယောက်ကို တာဝန်ယူခေါင်းခံထားရတဲ့ မိခင်ရဲ့တာဝန်တွေကိုလည်းခိုင်နှင်းဝေက လျော့ပေါ့စေချင်နေပါတယ်။ခိုင်နှင်းဝေရဲ့မိခင်က ဒါတွေကိုလက်မခံပဲ ရွှန်းရွှန်းတစ်ယောက်ကိုသာ ဒီ့ထပ်ပိုကြည့်ပေးဖို့သာလိုလားနေပါတယ်။သူ့အတွက်တော့ ခိုင်နှင်းဝေက သမီးကြီးဖြစ်ပြီးရွှန်းရွှန်းကသမီးငယ်တစ်ယောက်ပါပဲ။ဒါ့ကြောင့် ဒီကလေးတစ်ယောက်ကို အချိန်ပေးလုပ်ကိုင်ပေးနေရတာတွေကိုလည်း ပင်ပန်းတယ်လို့ မယူဆထားပါဘူး။

ခိုင်နှင်းဝေကတော့သူ့အမေနာမကျန်းဖြစ်ချိန်ကျမှ သူ့ဘေးနားပြန်ခေါ်ထားရမယ့်ရွှန်းရွှန်းတစ်ယောက် တခြားသောကလေးတွေနဲ့ တသားထဲမရှိမှာကိုစိုးရိမ်နေရပါတယ်။အခုတော့ သူ့ရဲ့သဘောထားကိုအမေဖြစ်သူကလည်း လက်မခံနားလည်မပေးတာကြောင့် သားအမိနှစ်ယောက် သဘောထားကွဲလွဲပြီးနေနေရပါတယ်။ဒါကလည်း ကလေးတစ်ယောက်အပေါ်မှာ ဖြစ်စေချင်ကြတဲ့ နှစ်ဦးလုံးရဲ့စေတနာတွေဖြစ်ပြီး လူကြီးတွေအနေနဲ့တော့ တချို့နေရာမှာအတ္တကြီးလွန်းတယ်လို့ ပရိတ်သတ်တွေကမြင်နေကြပါတယ်။

ခိုင်နှင်းဝေရဲ့မိခင်က တစ်ဦးတည်းသောသမီး ခိုင်နှင်းဝေကိုတောင်သူတစ်ဦးတည်းပြုစုစောင့်ရှောက်ခဲ့ပြီး တက္ကသိုလ်တက်ချိန်ထိတောင် သူကိုယ်တိုင် ကျောင်းပို့ကျောင်းကြိုလုပ်ပေးပြီး အရိပ်တကြည့်ကြည့်ရှိခဲ့သုပါ။မင်းသမီး ခိုင်နှင်းဝေတက္ကသိုလ်မှာစာသင်နေချိန်မှာတောင် အမေဖြစ်သူကအောက်မှာထိုင်စောင့်ပြီး ထမင်းကအစ လိုက်ကျွေးပြီးနေခဲ့ပါတယ်။ဒီသမီးရဲ့ဝေယျာဝစ္စတွေကို ဘယ်လောက်လုပ်ပေးရ လုပ်ပေးရ ပင်ပန်းတယ်လို့မထင်ခဲ့တဲ့ ဒေါ်ချိုမာကအခုလည်း ဒုတိယမြောင်သမီးအတွက် လုပ်ပေးရတာကို မငြီးငွေ့သေးတာကြောင့် လက်မလွှတ်ချင်ပါဘူး။

ခိုင်နှင်းဝေကသာ ကလေးတစ်ယောက်နဲ့ကလေးများစွာကြားထဲ စိတ်ပင်ပန်းမှုတွေပဲ ပိုဖြစ်နေရပါတယ်။ခိုင်နှင်းဝေနဲ့ မိခင်ဖြစ်သူတို့ကြားကသဘောထားတင်းမာမှုကိုမြင်နေရတဲ့ပရိတ်သတ်တွေ ၊ခိုင်နှင်းဝေကို ချစ်တဲ့ပရိတ်သတ်တွေကတော့ ခိုင်နှင်းဝေရဲ့မိခင်ကို အတ္တကြီးတယ်ဆိုကာ ဝေဖန်ပြောဆိုလာကြပါတယ်။လက်ရှိမှာတော့ ခိုင်နှင်းဝေတို့သားအမိနှစ်ယောက်က ရွှန်းရွှန်းရဲ့ကိစ္စကလွဲရင် ကျန်တာအားလုံးချစ်ချစ်ခင်ခင်နဲ့ရှိနေကြပါတယ်။ရွှန်းရွှန်းကိုတော့ ခိုင်နှင်ဝေရဲ့မိခင်ဖြစ်သူက လက်မလွှတ်နိုင်တာကြောင့် ခိုင်နှင်းဝေဖြစ်စေချင်သလိုဖြစ်မလာပါဘုး။ခိုင်နှင်းဝေကလည်း သူအနှစ်နှစ်အလလကဂေဟာက ကလေးတွေကိုပေးခဲ့တဲ့ မေတ္တာတွေကို ကလေးတစ်ယောက်ကြောင့် သဲထဲရေသွန်ပစ်လိုက်သလို မဖြစ်စေချင်တာကြောင့် သူ့ခံယူချက်အတိုင်းပဲ နေသွားမှာလို့ဆိုပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...