ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့ မင်းသမီးသက်မွန်မြင့်ရဲ့ဘဝအကြောင်း

Celebrity Local News
ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့
မင်းသမီးသက်မွန်မြင့်ရဲ့ဘဝအကြောင်း


အောင်မြင်မှုတွေနဲ့ အနုပညာလောကမှာရပ်တည်ခဲ့တဲ့ မင်းသမီးသက်မွန်မြင့်ကိုတော့ ၁၉၈၂ ခုနှစ် ၊ဇူလိုင်လ ၊၂၃ရက်နေ့မှာ ဖခင်ဦးမြင့်ဦး၊မိခင် ဒေါ်မြိုင်တို့က ချင်းပြည်နယ်၊ဖလမ်းမြို့မှာ မွေးဖွားခဲ့ကြပါတယ်။သက်မွန်မြင့်က ချင်းတိုင်းရင်းသူတစ်ယောက်ဖြစ်ပြီး နာမည်အရင်းက ဇုန်ကျဲရ်မွေး ဖြစ်ပါတယ်။သက်မွန်မြင့်ကတော့ အခြေခံပညာကျောင်းသူဘဝက ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့မှာ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ အာရှပစိဖိတ်ဒေသ ကလေးသူငယ်များ တွေ့ဆုံပွဲကို ချင်းပြည်နယ်ကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့ပါသေးတယ်။

သက်မွန်မြင့်ရဲ့ ပညာအရည်အချင်းကတော့ ရန်ကုန်တက္ကသိုလ်က ‌ေန BA နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ရုပ်ရည်လည်းချောမောသလို လူအများကြားထင်သာမြင်သာရှိတဲ့အရပ်ကြောင့် မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်ရောက်ရှိခဲ့ပါတယ်။၂၀၀၀ခုနှစ်မှာ မော်ဒယ်တစ်ယောက်အဖြစ်လုပ်ကုိင်ရာကနေ တိုင်ပင်ဖော်စီးရီးမှာဝင်ရောက်သရုပ်‌ေဆာင်ရင်း နာမည်ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီ့နောက်မှာတော့ နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်း video တွေမှာ မော်ဒယ်တစ်‌ေယာက်အ ‌ေနနဲ့ဝင်ရောက်သရုပ်ဆောင်ခဲ့ပါတယ်။သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဖေဖော်ဝါရီမှတ်တမ်းနဲ့ မပေးပါနဲ့ ဆိုတဲ့ VCD သီချင်းတွေက ပရိတ်သတ်တွေ သူမကို လက်ခံအားပေးခဲ့ကြတဲ့ သီချင်းတွေဘဲဖြစ်ပါတယ်။

VCD သီချင်းတွေမှာ သရုပ်ဆောင်ရင်း၂၀၀၃ ၊၂၀၀၄နဲ့၂၀၀၅ ခုနှစ်တွေမှာတော့ တီဗွီကြေညာတွေရိုက်ကူးရင်း ချစ်စရာကောင်းတဲ့ သူမရဲ့အပြုအမှုတွေကြောင့် ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့ပြီး နောက်ပိုင်းမှာ ကြေညာမင်းသမီးတစ်ယောက်အနေနဲ့ မြင‌်တွေ့ခွင့်ရရှိခဲ့ပါတယ်။အရင်က ကြေညာဘုရင်မဆိုရင်ထက်ထက်မိုးဦးကို ပြေးမြင်ကျသလို ၂၀၀၃/၂၀၀၅ ဝန်းကျင်မှာတော့ ကြေညာဘုရင်မလို့တင်စားရအောင် TVဖန်သားပြင်မှာ သက်မွန်မြင့်က နေရာယူထားနိုင်ခဲ့ပါတယ်။

ကြေညာမင်းသမီးတစ်ယောက်အနေနဲ့ လူသိများလာပြီးချိန်မှာတော့ သူ့ရဲ့ စိတ်ကူးအိမ်မက်အတိုင်းဇာတ်ကားတွေရိုက်ကူးခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ချင်းတိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ သူမအနေနဲ့ ဗမာစကားပြောပြီး သရုပ်ဆောင်ရတာအခါမှာ အနည်းငယ်အခက်အခဲကြုံတွေခဲ့ရပေမယ့် နောက်ပိုင်းမှာ အဆင်ပြေလွယ်ကူခဲ့ပါတယ်။ဇာတ်ဆောင်မင်းသမီးတစ်ယောက် အနေနဲ့ ဇာတ်ကားများစွာရိုက်ကူးခဲ့ပြီး ပိုင်နိုင်တဲ့သူ့ရဲ့ ဟန်ပန်အမူအရာတွေကြောင့် ၂၀၁၀ကနေ စပြီး အောင်မြင်တဲ့ ထိပ်တန်းမင်းသမီးတစ်‌ယောက်အနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်ခွင့်ရခဲ့ပေမယ့် ရှည်လျားတဲ့ အရပ်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ဘဲ တော်ရုံမင်းသားနဲ့ မလိုက်ဖက်တာတွေရှိခဲ့ပြီး ဇာတ်ကားရိုက်ကူးရာမှာ မင်းသားရွေးခဲ့ပေမယ့် အများနဲ့မတူတမူထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ထိပ်တန်းမင်းသမီးစာရင်းဝင်ခဲ့တာပါ။မင်းသမီး‌ေချာသက်မွန်မြင့်ကတော့ သူ့ရဲ့ကြိုးစားမှုရလဒ်ကြောင့် ထပ်ဆင့်အကယ်ဒမီ မင်းသမီးတစ်လတ်ဖြစ်ခဲ့ပါတယ်။

၂၀၁၀ခုနှစ်မ‌ှာ သူမရဲ့ပထမဆုံးအကယ်ဒမီဇာတ်ကားဖြစ်တဲ့ အာဒမ်ရယ် ၊ဧဝရယ်၊ဒဿရယ်ဆိုတဲ့ ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်‌ေ‌ဆာင်ဆုကို ရရှိခဲ့ပြီး ၊၂၀၁၆မှာ ချစ်လှစွာသောအမုန်းဇာတ်ကားကြီးနဲ့ နောက်ထပ်တစ်ကြိမ်အကယ်ဒမီဆုကြီးကို ဆုခူးထားနိုင်ခဲ့ပါတယ်။သူမအကယ်ဒမီရရှိခဲ့တဲ့ ဇာတ်ကားနှစ်ကားလုံးကတော့ ဒါရိုက်တာဝိုင်းရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်‌ေနတာကတော့ ထူးခြားချက်တစ်ခုပါဘဲ။

အောင်မြင်မှုတွေနဲ့အနုပညာအလုပ်တွေကိုလုပ်ကိုင်နေစဉ်မှာ ချစ်သူဖြစ်တဲ့ ကိုစစ်နိုင်နဲ့ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ ချစ်သူများနေ့မှာလက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။အိမ်ထောင်ကျခဲ့ပေမယ့် အနုပညာအလုပ်တွေရပ်နားတာမရှိခဲ့ဘဲ ကလေးနှစ်ယောက်ရရှိသည်အထိကို အနုပညာအလုပ်တွေလုပ်ကိုင်နေဆဲပါဘဲ။သက်မွန်မြင့်က သားဉီးလေးဖြစ်တဲ့ အားချစ်ကို ၂၀၁၅ခုနှစ် ဧပြီလ ၁၂ရက်နေ့မှာ မွေးဖွားခဲ့ပြီး သမီးငယ်လေး လဝန်းမေကိုတော့ ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။သားသမီးရခဲ့ပေမယ့် သူမရဲ့ အနုပညာအလုပ်တွေကို ဆက်လုပ်နေခဲ့ပြီး သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေက အကယ်ဒမီပေးပွဲရဲ့ ဇကာတင်စာရင်းဝင်ခဲ့ပေမယ့် အကယ်ဒမီထပ်ရဖို့ လွဲချော်လို့နေခဲ့ပါတယ်။

အိမ်ထောင်ကျပြီး ကလေးရတာတောင် အနုပညာအလုပ်တွေကနေ ရပ်နားတာမလုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အနုပညာအလုပ်ကနေ ရပ်နားထားပြီလည်းဖြစ်ပါတယ်။သက်မွန်မြင့်ကတော့ လက်ရှိမှာ သူရဲ့ သွေးလေးဖက်နာ ရောဂါအခြေအနေကြောင့် အနုပညာအလုပ်တွေကနေ ရပ်နားထားခဲ့ပြီး မိသားစုကိုသာ အချိန်‌ေပး‌ေနထိုင်ရင်း ဆေးကုသမှုခံယူနေခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ အနုပညာနဲ့ ကင်းကွာနေပေမယ့် ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေဆဲဖြစ်ပြီး မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေဆက်လက် လုပ်ကိုင်ဖို့ မျှော်လင့်နေခဲ့ကြပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...