ထိမိနေတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီတန်းဝင် မင်းသမီးဖြစ်လာဖို့ ထင်ကြေးပေးခံနေရတဲ့ မေမီကိုကို

Celebrity Local News
ထိမိနေတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီတန်းဝင်
မင်းသမီးဖြစ်လာဖို့ ထင်ကြေးပေးခံနေရတဲ့ မေမီကိုကို

‌ရုပ်မချောဘဲ မင်းသမီးဖြစ်နေတယ်ဆိုပြီး အမြဲတမ်းဝေဖန်မှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့ မင်းသမီးလေးမေမီကိုကိုကတော့ အခုအချိန်မှာ သူ့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပြီ။အရင်ကလည်း သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်လတ်ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်းတိုးတတ်လာတဲ့ သူ့ရဲ့အိုက်တင်တွေကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့စေခဲ့တာအမှန်ပါဘဲ။

မေမီကတော့ MRTV 4က တင်မြောက်ပေးခဲ့တဲ့ မင်းသမီးတစ်လတ်ပါ။ဇာတ်လမ်းတွဲများစွာကိုရိုက်ကူးခဲ့သလို ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာလည်း သရုပ်ဆောင်ချက်တွေက ပီပြင်လွန်းတာကြောင့် နာမည်ရမင်းသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။မြိုင်ဆိုတဲ့ ကာရိုက်တာနဲ့ ပရိတ်သတ်တွေကြားတစ်ရှိန်ထိုးနာမည်ကြီးလာတဲ့ မေမီကတော့ ကြာလေအောင်မြင်လေပါဘဲ။အနုပညာနဲ့ ပတ်သက်ရင် ရူးသွပ်မှုအပြည့်ရှိတယ်ဆိုတာကို သူလုပ်ကိုင်နေတဲ့ အရာတွေကို ကြည့်ပြီး သိနိုင်မှာပါ။

အနုပညာ‌လောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ ဝင်ရောက်ခဲ့တဲ့ မေမီက နောက်ပိုင်းမှာ မင်းသမီးတစ်ယောက်အနေနဲ့ ဇာတ်ကားတွေရိုက်ကူးခဲ့သလို ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ Muisc MTV တွေရိုက်ကူးနေခဲ့ပါပြီ။ဘက်စုံထူးချွန်သူတစ်ယောက်ဖြစ်တဲ့ မေမီကိုကို ကတော့ အခုနောက်ပိုင်းမှာ သူ့ရဲ့ သရုပ်ဆောင်ချက်တွေက ကောင်းလာတာငြင်းလို့မရပါဘူးနော်။သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်‌ယောက်အနေနဲ့ ပရိတ်သတ်တွေအားပေးနေ
ကြသလို တစ်ဖက်မှာလည်း ရုပ်မချောလို့ဆိုတဲ့ ပစ်ချက်နဲ့ ဝေဖန်တိုက်ခိုက်သူတွေကလည်း အများအပြားပါဘဲ။

အရင်ကတိုက်ခိုက်သူတွေနည်းပါးပေမယ့် အရည်အချင်းရှိတဲ့ ဆရာဝန်ကောင်လေးနဲ့ ချစ်သူတွေဖြစ်သွားချိန်မှာတော့ ဝေဖန်တိုက်ခိုက်သူတွေက ပိုများလို့နေပါတယ်။မေမီကတော့ ကိုယ်တိုင်ကလည်း အောင်မြင်နေတဲ့ အနုပညာရှင်ဖြစ်သလို ချစ်သူကောင်လေးကလည်း ပရိတ်သတ်တွေကြားမှာ နာမည်ကြီးနေသူပါ။ဆေးပညာနဲ့ပတ်သက်ပြီး ပညာပေးvideo လေးတွေတင်ရင်း လူအများရဲ့ လေးစားချစ်ခင်မှုကို ရနေသူလည်းဖြစ်ပါတယ်။မေမီက လူအများရဲ့ အချစ်တော်ဆရာဝန်လေးနဲ့ ချစ်သူဖြစ်ခဲ့တာကြောင့် ဝေဖန်မှုတွေပြင်းထန်ခဲ့ပေမယ့် ကောင်လေးရဲ့ အချစ်တွေကြောင့် ချစ်သူသက်တမ်း ၄နှစ်ကျော်ခဲ့ပြီလည်းဖြစ်ပါတယ်။

မေမီက အချစ်ရေးမှာ ကံကောင်းသူတစ်ယောက်ပါ။LDRS တွေဖြစ်ပေမယ့် နားလည်မှုအပြည့်ပေးထားတာကြောင့် အနုပညာအလုပ်တွေကိုအကောင်းဆုံးလုပ်ခွင့်ရတာပါ။ချစ်သူကျော်ဇောဟိန်းက လက်ထပ်ခွင့်တောင်းတာတောင်မေမီက အနုပညာအလုပ်တွေဆက်လုပ်ဖို့ အချိန်ဆွဲနေခဲ့ပါသေးတယ်။အားလုံးက မတူမတန်ဘူးပြောနေတဲ့ ဒေါက်တာရဲ့ လက်ထပ်ခွင့်ကို အချိန်ဆွဲပြီး အသက် ၃၅နှစ်မှ လက်ထပ်မယ်ဆိုပြီး အချိန်ဆွဲထားခဲ့တာလည်းဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဝါသနာပါတဲ့ မေမီကတော့ သူ့ရဲ့ စန်းရှိတုန်းမှာ အနုပညာအလုပ်တွေဆက်လုပ်ချင်နေခဲ့တာပါ။လက်ထပ်ဖို့ ကိုအချိန်ယူပြီးတဲ့ နောက်မှာတော့ ဇာတ်ကားတွေကို ရိုက်ကူးရင်းကနေ အကယ်ဒမီမင်းသမီးတစ်လတ်ဖြစ်လာတော့မယ်ဆိုပြီး အားလုံးက ထင်ကြေးပေးနေကြပါပြီ။တစ်ရက်ထက်တစ်ရက် ကောင်း‌လာတဲ့ သူ့ရဲ့ သရုပ်ဆောင်တွေကိုတော့ ပရိတ်သတ်တွေက ချီးမကျူးဘဲ မနေနိုင်တော့တဲ့ အထိပါဘဲ။မေမီက ဘဘင်သည်မြနှင်းဆီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး နဲ့ ပရိတ်သတ်တွေက အားပေးချစ်ခင်မှုကို ရနေခဲ့ပါပြီ။

သဘင်သည်မြနှင်းဆီဇာတ်ကားကြီးက ရုံမတင်ခင် Poster မှာတင် ပရိတ်သတ်စိတ်ဝင်စားနေခဲ့ကြပါတယ်။မကြာသေးခင်ရိုက်ပိုင်းမှာတော့ Official trailer ထွက်လာခဲ့ပြီးချိန်မှာ ပရိတ်သတ်အားပေးမူက တခဲနက်ပါဘဲ။Trailer တင်ပြီး ၂၄နာရီမကြာခင်မှာဘဲ ကြည့်ရှုသူ1M ပြည့်သွားခဲ့တာလည်းဖြစ်ပါတယ်။မေမီကိုကိုကတော့ မြစမ်းကြည်ဆိုတဲ့ မောက်မာပြီးရက်စက်တတ်တဲ့ အမျိုးသမီးတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာပါ။မျက်လုံးအကြည့်တွေ၊မျက်နှာအမူအရာ၊စကားပြောဟန်တွေက ဘယ်သူနဲ့မှ မတူဘဲ ကောင်းလွန်းတာကြောင့် Trailer နဲ့တင်လူကြိုက်များနေခဲ့ရတာလည်းဖြစ်ပါတယ်။

သူမရဲ့ ထိမိနေတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အနုပညာသမားတွေဆီကတောင် ချီးကျူးခံနေရပြီး အကယ်ဒမီတန်းဝင်မင်းသမီးတစ်လတ်ဖြစ်လာလိမ့်မယ်ဆိုပြီးကျိန်းသေတွက်ချက်နေကြတဲ့အထိပါဘဲ။မိခင်တစ်ယောက်ဖြစ်ပေမယ့် အရမ်းလည်းလှသလို အရမ်းလည်းရက်စက်တတ်တဲ့ သူမရဲ့ကာရိုက်တာကို ပရိတ်သတ်တွေအသဲတယားယားနဲ့ အားပေးရတော့မှာပါ။ပရိတ်သတ်လေးတို့ရော အနုပညာရှင်တွေမှန်းထားတဲ့ အတိုင်း မြစမ်းကြည်ဆိုတဲ့ ကာရိုက်တာနဲ့ မေမီကိုကိုတစ်ယေယာက် အကယ်ဒမီတန်းဝင်မင်းသမီးဖြစ်လာမလားဆိုတာ ထင်ကြေးလေးတွေပြောပေးသွားကြပါအုံးနော်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...