နေအဉ္ဇရာ နာမည်ကနေ ခြူး‌လေးနာမည်ပြောင်းမှ လူသိများ‌အောင်မြင်ခဲ့တဲ့ မင်းသမီးချောခြူးလေးရဲ့ဘဝအကြောင်း

Celebrity Local News
နေအဉ္ဇရာ နာမည်ကနေ ခြူး‌လေးနာမည်ပြောင်းမှ လူသိများ‌အောင်မြင်ခဲ့တဲ့
မင်းသမီးချောခြူးလေးရဲ့ဘဝအကြောင်း

အသားရေးဖြူဝင်းပြီး ချစ်စရာကောင်းတဲ့ အပြုအမှုနဲ့ ချောမောတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးခြူးလေးကတော့ အခုအချိန်မှာအောင်မြင်တဲ့ မင်းသမီးတစ်လတ်ဖြစ်လို့နေပါပြီ။ချစ်စရာကောင်းတဲ့ မင်းသမီးချောခြူးလေးရဲ့ ငယ်နာမည်က စန်းသော်တာပါ။

စန်းသော်တာခေါ် ခြူးလေးကိုတော့ 1993ခုနှစ် အောက်တိုဘာလ 5ရက်နေ့က ရခိုင်ပြည်နယ်၊သံတွဲမြို့မှာ မွေးဖွားခဲ့ပါတယ်။မွေးချင်းနှစ်‌ေယာက်ရှိပြီး ခြူးလေးက အကြီးဆုံးသမီးပါ။ခြူး‌ေလးက အင်းစိန် အမှတ်၄ အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်က‌ နေ E major နေ ဘွဲ့ရခဲ့ပါတယ်။ခြူးလေးရဲ့အမေက သူမအောင်မြင်တဲ့ အချိန်မှာ သူမအနားမှာမရှိတော့ဘဲ သေဆုံးသွားခဲ့ပေမယ့် ကျန်ရှိနေတဲ့ ဖခင်ကိုတော့ ခြူးလေးတစ်ယောက်စိတ်ချမ်းသာအောင်ထား‌‌ေနတဲ့ သမီးအလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။

ခြူးလေးက အနုပညာလောကထဲကို 2012လောက်မှာ ဝင်ရောက်ခဲ့ပါတယ်။မျက်နှာသစ်သရုပ်‌‌ေဆာင်ရွေးပွဲတစ်ခုဖြစ်တဲ့ ပျော်ရွှင်စရာသရုပ်ဆောင်ကမ္ဘာမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း MRTV 4 ရဲ့ စင်တင်မင်းသမီးတစ်လတ်ဖြစ်လာခဲ့ပါတယ်။ခြူးလေးရဲ့ ပွဲဦးထွက်ရုပ်ရှင်ကတော့ ကြယ်တာရာတိုက်ပွဲဇာတ်ကားဖြစ်ပြီး အဲ့ဒီ့ဇာတ်ကားမှာ ရုပ်ရှင်သင်တန်းကသူငယ်ချင်းတွေနဲ့ ရိုက်ကူးပြီး ပွဲဦးထွက်ခဲ့ပါတယ်။အဲ့ဒီ့နောက်ပိုင်းမှာတော့ ဟိန်းဝေယံနဲ့ အင်တင်တင်ဂွင် ဇာတ်ကားရိုက်ကူးခဲ့သလို၊Twist ဇာတ်ကားမှာတော့ ပြေတီဦးတို့နဲ့အတူတွဲဖက်သရုပ်‌ေဆာင်ခဲ့ပါတယ်။2014ခုနှစ်မှာတော့ ကောက်ကြောင်းမျဉ်းပြိုင်ဇာတ်ကားမှာ နေတိုး၊ဝတ်မှုန်ရွှေရည်၊ဇေရဲထက်နဲ့အတူ ရိုက်ကူ‌းခဲ့ပါတယ်။

ခြူးလေးက ဇာတ်ကားအနည်းငယ်ရိုက်ကူးပြီးချိန်မှာတော့ MRTV 4 မှာ 5နှစ်စာချုပ်ချုပ်ဆိုပြီး ဇာတ်လမ်းတွဲများစွာကိုပါဝင်ရိုက်ကူးခွင့်ရရှိခဲ့ပါတယ်။2014ခုနှစ်မှာတော့ သူမရဲ့ ပွဲဦးထွက် ဇာတ်လမ်းတွဲဖြစ်တဲ့ ထာဝရမန္တလေးဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ရိုက်ကူးခွင့်ရခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာတော့ ပန်းနုသွေးအတွဲ2 ရိုက်ကူးခွင့်ရခဲ့ပြီး အဲ့ဇာတ်ကားထဲက ဇာတ်ကောင်နာမည်ခြူးလေးနဲ့ အောင်မြင်မှုရခဲ့တာကြောင့် အနုပညာနာမည်ကိုထပ်ပြောင်းခဲ့ပါတယ်။

နာမည်အရင်းစန်း‌ေသာ်တာဖြစ်‌ေပမယ့် အနုပညာလောကထဲကို ဝင်ရောက်ချိန်မှာ နေအဉ္ဇရာဆိုတဲ့ နာမည်နဲ့ ဝင်ရောက်ခဲ့ပေမယ့် အောင်မြင်မှုသိပ်မရခဲ့ဘဲ ခြူးလေးဆိုတဲ့ နာမည်ပြောင်းလိုက်ချိန်မှသာ ပရိတ်သတ်အားပေးမှုကိုရရှိလာခဲ့ပါတယ်။ခြူးလေးနာမည်နဲ့အနုပညာအလုပ်လုပ်ဖို့ကလည်း မလွယ်ကူခဲ့ပါဘူး။ကလေးသရုပ်ဆောင်ခြူးနဲ့ နာမည်တူနေလို့ပြသာနာရှာခံရပြီး ရုပ်ရှင်အစည်းအရုံးထိ ရောက်ခဲ့ကာ နောက်ဆုံးမှာတော့ ကလေးသရုပ်ဆောင်ခြူးကို မူလလက်ဟောင်းခြူးကြီးဆိုပြီးပေးခဲ့သလို ခြူးလေးက‌တော့ အခုနာမည်အတိုင်းသာရရှိခဲ့ပါတယ်။

ခြူးလေးက MRTV 4 ကထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ပါဝင်ရိုက်ကူးခွင့်ရခဲ့ပါတယ်။သူ့ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ 2014 မှာ ထာဝရမန္တလေး၊2015 မှာ ပန်းနုသွေးအတွဲ ၂ နဲ့ လူရည်ချွန်၊2016မှာတော့ ပို၍လှသောမနက်ဖြန်၊ ကံကံ၏အကျိုး၊2017မှာ ပဉ္စလက်ရွာ၊2018မှာတော့ ရသ ​မော်ကွန်း အလင်္ကာ၊ရွှေဖူးစာဆုံရာမြေ၊Happy Beach: Season 2နဲ့ 2019မှာ ချစ်ရပါသောနွေ၊နွေလယ်ညရဲ့လမင်း စတဲ့ ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးရင်းအောင်မြင်တဲ့ မင်းသမီးတစ်လတ်ဖြစ်လာခဲ့ပါတယ်။

ခြူ‌းလေးကတော့ MRTV 4 နဲ့ 5နှစ်တာလက်တွဲခဲ့သလို နောက်ပိုင်းမှာတော့ သူ့အနေနဲ့ အရွယ်ရှိတုန်းအောင်မြင်မှုကို ဒီ့ထက်လိုလားခဲ့တာကြောင့် MRTV 4 နဲ့ လက်တွဲဖြုတ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးရင်း အကယ်ဒမီတန်းဝင်မင်းသမီးတစ်လတ်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ခြူးလေးအနေနဲ့အစပိုင်းမှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်မှားပြီလားဆိုပြီး ဝေခွဲမရဖြစ်ခဲ့တာတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးရင်းအောင်မြင်တဲ့ မင်းသမီးတစ်လတ်ဖြစ်လို့လာခဲ့ပါပြီ။

သူ့ရိုက်ကူးခဲ့တဲ့ ရုံတင်ဇာတ်ကားကြီးတွေထဲက 2018ခုနှစ်က မိုးပွင့်ရဲ့သင်္ကေတဇာတ်ကားမှာ သူ့အနေနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု စာရင်းဝင်ခဲ့ပေမယ့် အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ပါတယ်။လက်ရှိမှာလည်း ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ဇာတ်ကားများစွာရိုက်ကူးနေရပြီး အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေခဲ့ပါတယ်။ချောမောလှပပြီး အောင်မြင်နေတဲ့ မင်းသမီးခြူးလေးက လက်ရှိမှာ အသက် 30အရွယ်ရှိနေပေမယ့် အချစ်ရေး၊အိမ်ထောင်ရေးအကြောင်းပြောကြားထားတာမရှိသေးပါဘူးနော်။

အရင်က အိမ်ထောင်ရှိအမျိုးသားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တဲ့ သတင်း‌ေတွပေါ်ထွက်လာခဲ့ပြီး‌ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ အချစ်ရေးကငြိမ်သက်လွန်းနေခဲ့ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...