မြန်မာနိုင်ငံမှာ ဖူးစာဖက်မရှိလို့ ထိုင်းမင်းသားနဲ့ အိမ်ထောင်ပြုဖို့ စိတ်ကူးနေတဲ့ အဆိုတော်ပိုပို

Celebrity Local News
မြန်မာနိုင်ငံမှာ ဖူးစာဖက်မရှိလို့ ထိုင်းမင်းသားနဲ့ အိမ်ထောင်ပြုဖို့
စိတ်ကူးနေတဲ့ အဆိုတော်ပိုပို

အသဲကွဲသီချင်းတွေသီဆိုရင်း အပျိုကြီးတစ်ယောက်ဘဝကိုရောက်မှန်းမသိရောက်နေသူကတော့ တေးသံရှင်ပိုပိုပါ။အဆိုပိုင်းမှာ ပါရမီပါတဲ့ ပိုပိုက သီချင်းတွေကို ကိုယ်တိုင်ရေးသားပြီး သီဆိုခဲ့တာလည်းဖြစ်ပါတယ်။ခံစားချက်ပါပါ သီဆိုတတ်တာကြောင့် ပိုပိုရဲ့ သီချင်းဆိုရင် မကြိုက်တဲ့ ပရိတ်သတ်က မရှိသလောက်ပါဘဲ။အချစ်သီချင်းတွေထက် အသဲကွဲသီချင်းတွေနဲ့ အလွမ်းအဆွေးသီချင်းတွေကိုသီဆိုတတ်တဲ့ ပိုပိုရဲ့ အချစ်ရေးကလည်း သီချင်းထဲက အတိုင်းပါဘဲ။အရင်ကချစ်သူရှိခဲ့ပေမယ့် တွဲတိုင်းပြတ်ဖြစ်နေခဲ့တာပါ။

အရင်က ချစ်သူကို တရားဝင်ချပြခဲ့ပေမယ့် အချစ်ရေးမှာကံမကောင်းခဲ့တဲ့ ပိုပိုကတော့ အဆို‌တော်ကောင်လေးနဲ့ ပြတ်ပြီးချိန်မှာ အချစ်ရေးကို ချပြမလာတော့ဘဲ တိတ်ဆိတ်နေခဲ့တာအခုအချိန်ထိပါဘဲ။အချစ်ရေးမှာကံမကောင်းခဲ့ပေမယ့် Social ကောင်းတဲ့ ပိုပိုက ရည်းစားဟောင်းနဲ့ သူငယ်ချင်းအဖြစ်နေနိုင်ခဲ့တာကြောင့် အားလုံးက အံ့ဩနေခဲ့ကြတာပါ။အသက်၃၀ကျော်အရွယ်အပျိုကြီးတစ်ယောက်ဖြစ်ပေမယ့် အချစ်ရေးသတင်းလည်းမကြားရတဲ့ ပိုပိုကတော့ အိမ်ထောင်ရေးဆိုတာအဝေးကြီးပါဘဲ။

ကိုယ်တိုင်သာ မင်္ဂလာမဆောင်ဖြစ်ပေမယ့် မင်္ဂလာဝတ်စုံတွေကတော့ ပွဲတိုင်းဝတ်နေရတာ နေသားတောင်ကျနေလောက်ပါပြီ။မြန်မာသတို့သမီးဝတ်စုံက ချပ်ချပ်ကပ်ကပ်နဲ့ ဝတ်ဆင်ရင် လေးပြီး နေရထိုင်ရကြပ်နေခဲ့တာလည်းဖြစ်ပါတယ်။သတို့သမီးတစ်ယောက်မဖြစ်သေးပေမယ့် သူများပွဲမှာ ပါဝင်အားဖြည့်နေရတဲ့ ပိုပိုကတော့ သတို့သမီးဝတ်စုံနဲ့ နေသားကျနေခဲ့ပါပြီ။စစချင်းဝတ်တဲ့ အချိန်မှာ နေရထိုင်ရခက်ခဲ့ပေမယ့် သတို့သမီးအရံ၃ကြိမ်လောက် လုပ်ပြီးချိန်မှာ အေး‌ဆေးဖြစ်လို့နေခဲ့ပါပြီ။

မကြာသေးခင်က မင်္ဂလာဆောင်သွားတဲ့ မိုင်လေးရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်တုံးက သူ့အတွက် ကျင့်သားရပြီး အဆင်ပြေနေတာကိုတွေ့ရမှာပါ။သတို့သမီးအရံတွေလုပ်လွန်းတဲ့
ပိုပိုကိုတော့ ကျမ်းကျေနေပြီလားလို့ မေးရမလိုပါဘဲ။သတို့သမီးအရံအနေနဲ့ လုပ်ပေးခဲ့တာ ၃/၄ ပွဲလောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။သတို့သမီးအရံခဏခဏလုပ်နေတဲ့ ပိုပို တစ်ယောက် ဒီတစ်သက်ယောကျာ်းမရတော့ဘူးပြောနေပေမယ့် ပိုပိုကတော့ အယုံအကြည်မရှိပါဘူး။ ယောကျာ်းယူတာ သူ့အတွက် လွယ်ကူပြီး ဘယ်အချိန်မဆိုကောက်ယူလို့ရတဲ့ အနေအထားပါ။သူလိုနိုင်ငံကျော်အနုပညာရှင်တစ်ယောက်မှာ လာကြိုက်တဲ့ လူတွေဝိုင်းဝိုင်းလည်နေတာမို့ လိုချင်တဲ့ အချိန်မှာ ကြိုက်တဲ့ ကောင်လေးကို အချိန်မရွေးယူလို့ရတယ်ဆိုပြီးကြွယ်ပြလာခဲ့ပါတယ်။

ပိုပိုတစ်ယောက် ဘယ်လောက်ဘဲ ကြွယ်ပြနေပါစေ လက်ရှိမှာတော့ ရည်းစားဆိုရင် မူးလို့ရှုစရာမရှိတဲ့ အနေအထားပါ။ချစ်ရမယ့်လူက သူ့အတွက် တစ်ယောက်တောင်မရှိတာမို့ မြန်မာနိုင်ငံမှာ ဖူးစာဖက်မရှိဘူးလို့သတ်မှတ်ပြီး ထိုင်းနိုင်ငံကနေ ရွေးချယ်ဖို့ စီစဉ်နေပါပြီ။

ရုပ်လည်းရှိသလို နာမည်ကြီးတဲ့ အဆိုတစ်ယောက်ဖြစ်တာကြောင့် ထိုင်းနိုင်ငံက သာမာန်အရပ်သားကိုမစဉ်းစားဘဲ မင်းသားကို ‌ရွေးချယ်သွားမယ်ဆိုပြီး သူ့ရဲ့အ‌တွေးကို ယုံကြည်ချက်ရှိရှိပြောလာခဲ့ပါတယ်။ပိုပိုရဲ့အကြိုက်စတိုင်က တောင့်ဖြောင့်ချောမောနေတဲ့ ထိုင်းမင်းသားပုံစံမျိုးပါ။အမိုက်စားဘဲကြီးတွေကိုရင်ခုန်ပြီး ချစ်သူတော်ချင်တာမို့ ထိုင်းမင်းသားထဲက တစ်ယောက်ကို ရွေးယူဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုတော်တွေဖြစ်တဲ့ ချမ်းချမ်းလည်း နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျခဲ့သလို မိစန္ဒီကလည်းနိုင်ငံခြားသားနဲ့ အိမ်ထောင်ကျပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝဖန်တီးထားနိုင်တာကို ပိုပိုက အားကျနေခဲ့ရတာပါ။

သူနဲ့ အောင်မြင်တာချင်းတူတဲ့ အနုပညာရှင်တွေတောင် နိုင်ငံခြားသားနဲ့ယူပြီး ပျော်ရွှင်နေပြီမို့ ပိုပိုကလည်းထိုင်းမင်းသားကိုယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။သူများတွေလို သာမာန်နိုင်ငံခြားသားနဲ့ မဟုတ်ဘဲ သူ့လိုချင်တဲ့ တောင့်ဖြောင့်မိမိုက်နေတဲ့ ထိုင်းမင်းသားကိုသာ စိတ်ကူးပြီးရွေးချယ်သွားမှာပါ။မြန်မာသတို့သမီးဝတ်စုံတွေက ခဏခဏ ဝတ်ဖူးနေတာကြောင့် ပိုပိုကတော့ ထိုင်းရိုးရာဝတ်စုံဝတ်ပြီး မင်္ဂလာဆောင်ချင်နေပါပြီ။ကိုယ်တိုင်ကလည်းချောမောတဲ့ အနုပညာရှင်တစ်‌ယောက်ဖြစ်ပေမယ့် အိမ်မှုကိစ္စနိုင်နင်းအောင် အခုကတည်းက ကြိုးစားချက်ပြုတ်နေပြီလည်းဖြစ်ပါတယ်။

သူများတွေလိုမျိုးသမရိုးကျ ဟင်းတွေမဟုတ်ဘဲ တီထွင်တဲ့ ဟင်းလျာတွေချက်ပြုတ်ချင်ပေမယ့် လုပ်လိုက်တိုင်းတလွဲဖြစ်နေတုန်းပါဘဲ။လတ်တ‌လောမှာတော့ ထိုင်းမင်းသားကိုယူဖို့ ကြက်ဥကြော်တတ်နေပြီလည်းဖြစ်ပါတယ်။ပိုပိုကတော့ ထိုင်းမင်းသားယူဖို့ ဟင်းချက်တာလေ့လာနေပေမယ့် မတိုးတတ်လာတဲ့ ဟင်းချက်စကေးကြောင့် ဘယ်ဘဝမှာ ထိုင်းမင်းသားနဲ့ ညားမလဲဆိုတာမသိနိုင်ပါဘူးနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...