ယောကျာ်းရဲ့ အချစ်တွေကြောင့် သာယာပျော်ရွှင်နေရပေမယ့် ရင်သွေးယူဖို့ ဝန်လေးနေ‌သေးတဲ့ သွန်းဆက်

Celebrity Local News
ယောကျာ်းရဲ့ အချစ်တွေကြောင့် သာယာပျော်ရွှင်နေရပေမယ့်
ရင်သွေးယူဖို့ ဝန်လေးနေ‌သေးတဲ့ သွန်းဆက်

စကားပြောရင် အသံချွဲချွဲလေးနဲ့ပြောတတ်တဲ့ သွန်းဆက်ကတော့ တစ်ခေတ်တစ်ခါက အမျိုးသားထုကြီးရဲ့ အချစ်ကိုအပိုင်သိမ်းနိုင်ခဲ့တဲ့ မင်းသမီးတစ်လတ်ပါ။ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့ သရုပ်ဆောင်ရင်း Video ခေတ်မှာ ဇာတ်ကားကောင်းများစွာရိုက်ကူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။သူမရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားတွေကတော့ ဟာသဆန်ဆန် အချစ်ဇာတ်ကားလေးတွေများပါတယ်။ဇာတ်ကား‌တွေမျာစွာရိုက်ကူးခဲ့ရပေမယ့် သရုပ်ဆောင်ပိုင်းမှာတော့ ထင်သလောက်မပေါက်ခဲ့ပါဘူးနော်။

ရသတစ်မျိုးထဲကို ကြိမ်ဖန်များစွာကြည့်နေရတာမို့ ပရိတ်သတ်တွေက သူမရဲ့ ဇာတ်ရုပ်တွေကိုရိုးအီနေခဲ့ကြတာလည်းဖြစ်ပါတယ်။ဇာတ်ကားတွေအများကြီးရိုက်ခဲ့ရပေမယ့် ထင်သလောက်မအောင်မြင်ခဲ့တဲ့ သွန်းဆက်ကတော့ အနုပညာလောကထဲကို comeback လုပ်ခဲ့တဲ့ အချိန်မှာ အောင်မြင်မှုတွေများစွာရပြီး ပရိတ်သတ်အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပါတယ်။ယောကျာ်းရပြီးချိန်မှာ မဟာကထုတ်လွှင်တဲ့ ရင်သွေးဆိုတဲ့ ဇာတ်လမ်းတွဲမှာ သူမက ဆိုးသွမ်းတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးခဲ့ရတာပါ။

စင်ဒီဆိုတဲ့ ဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေက ဒေါသထွက်ပြီးပြောဆိုခဲ့ကြတဲ့ အထိအောင်မြင်မှုတွေရရှိခဲ့တာလည်းဖြစ်ပါတယ်။ရင်သွေး‌နဲ့ Comeback ပြန်လာချိန်မှာ အောင်မြင်မှုတွေရတဲ့ သွန်းဆက်က အခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေများစွာလုပ်လာရတာ ပရိတ်သတ်တို့တွေမြင်ရမှာပါ။အိမ်ထောင်ကျသွားပေမယ့် ချုပ်ခြယ်မှုမရှိဘဲအနုပညာ အလုပ်တွေကို ဆက်လုပ်နိုင်တာကတော့ သူမအတွက်ကံကောင်းမှုတစ်ခုပါဘဲ။

အနုပညာကို ဝါသနာပါတဲ့ သူမအတွက် ချုပ်ခြယ်တတ်တဲ့ ယောကျာ်းမျိုးနဲ့ ဆိုရင် အနုပညာအလုပ်တွေကို ဆက်လုပ်ခွင့်မရဘဲ အိမ်မှုကိစ္စတွေကိုသာလုပ်ကိုင်နေရမှာအသေအချာပါဘဲ။တစ်ချို့မင်းသမီးတွေဆိုရင် အနုပညာကိုဝါသနာ‌ပါပေမယ့် အိမ်ထောင်ကျပြီးနောက်မှာ အနုပညာလောကနဲ့ ကင်းကွာခဲ့ရတာတွေလည်းရှိကြပါတယ်။သွန်းဆက်ကတော့ အရမ်းချစ်တတ်တဲ့ ယောကျာ်းကြောင့် လွတ်လပ်ခွင့်ရနေသလို သာယာတဲ့ နေရက်တွေကိုလည်းနေ့စဉ်ဖြတ်သန်းခွင့်ရနေခဲ့တာလည်းဖြစ်ပါတယ်။

သွန်းဆက်ကတော့ ယောကျာ်းဖြစ်သူကို ကိုကိုနဲ့ သမီးဆိုပြီး သူ့ရဲ့ ချွဲနွဲ့တဲ့ အသံနဲ့ အပီချုပ်ထားနိုင်သူတစ်ယောက်ပါ။အိမ်ထောင်ကျပေမယ့် သူလုပ်တာဆိုလို့ ထမင်း၊ဟင်းချက်တာလောက်သာရှိခဲ့ပြီး ထမင်းဟင်းက သူကိုယ်တိုင်လည်း စားရတာကိုကြိုက်လို့သာ မငြီးမညူချက်ပေးပေမယ့် အစပ်အဟပ်မတည့်သလို မကောင်းတာကများပါတယ်။ဟင်းကပေါ့ရင်လည်း တရားလွန်ပေါ့သလို ငန်ရင်လည်းစားမရအောင်ပါဘဲ။သွန်းဆက်က ကိုယ့်လက်ရာကိုယုံကြည်မှုရှိရှိနဲ့ ဘယ်တော့မှ မမြည်းဘဲ ချက်တာမို့ ဟင်းက စားလို့မရအောင်ဆိုးရွားနေခဲ့တာလည်းဖြစ်ပါတယ်။

သွန်းဆက်တစ်ယောက် ဟင်းချက်တာ ညံ့ပေမယ့် ယောကျာ်းဖြစ်သူက သည်းခံပေးရှာပါတယ်။ပေါ့တဲ့နေ့ဆိုရင် ဘာမှမပြောဘဲ ဆားထည့်စားလိုက်သလို ငံရင်လည်းအပစ်မပြောဘဲ စားတတ်တဲ့ လူမျိုးလို့ဆိုပါတယ်။သွန်းဆက်က ဟင်းချက်တာဝါသနာပါပေမယ့် ချက်တာညံ့သလို ကျန်တဲ့ ကိစ္စဆိုရင် ဝေလာဝေးပါဘဲ။ကျန်တဲ့ အိမ်ကိစ္စဆိုဘာတစ်ခုမှ မခိုင်းနဲ့ လုပ်လည်းမလုပ်ဘူး၊လုပ်လည်း မလုပ်တတ်ဘူးဆိုပြီး အပြတ်ငြင်းထားပြီးသားပါ။အိမ်ထောင်မှုညံ့ဖျင်းပေမယ့် သွန်းဆက်ရဲ့ အမျိုးသားကတော့ အပစ်မမြင်ဘဲ ချစ်ခင်နေဆဲလည်းဖြစ်ပါတယ်။

ဘာမှမလုပ်တတ်တဲ့ မိန်းမဖြစ်ပေမယ့် သွန်းဆက်ရဲ့ အလုပ်ကိစ္စတွေမှာတောင်လိုက်ပြီးကူညီလုပ်ကိုင်ပေးတတ်သူလည်းဖြစ်ပါတယ်။ရူတင်လိုက်ပြီး ကူညီပေးတတ်သလို အိမ်မှာဆိုရင်လည်း ဒိုင်ယာလော့ကျက်တတ်ကအစ ကူညီပေးတတ်တာကြောင့် သွန်းဆက်ကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလို့ မှတ်ယူနေခဲ့တာပါ။သွန်းဆက်ရဲ့ အမျိုးသားကတော့ သူ့စီးပွားရေးနဲ့သူ အလုပ်ရှုပ်နေပေမယ့် သွန်းဆက်ကို အချိန်ဖဲ့ပေးပြီး ကူညီပေးနေခဲ့တာကြောင့် သွန်းဆက်ကတော့ ကလေးတစ်ယောက်လို ဆိုးနွဲ့လို့ကောင်းနေဆဲပါဘဲ။

သူ့ရဲ့ အသက်အရွယ်နဲ့ ကလေးယူသင့်နေတဲ့ အချိန်ရောက်နေပေမယ့် ကိုယ်တိုင်ကလေးလုပ်လို့ မဝသေးတာမို့ ကလေးယူဖို့ ဝန်လေးနေခဲ့တာလည်းဖြစ်ပါတယ်။အိမ်ထောင်ကျပေမယ့် ကလေးတစ်ယောက်လိုထားတဲ့ ယောကျာ်းကြောင့် ကလေးယူရင် အဆင်မပြေမှာစိုးရိမ်ပြီး ဒွိဟဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒီနေ့ကလေးယူမယ်ဆိုပြီးဆုံးဖြတ်လိုက်ပေမယ့် မနက်ဖြန်မယူတော့ဘူးဆိုပြီး အတွေးတွေက ယောက်ယက်ခက်နေဆဲပါဘဲ။

မိဘတွေရော၊အမျိုးသားကပါ ကလေးယူဖို့ ဖိအား‌မပေးကြပေမယ့် ယူမယ်ဆိုပြီး အသက်အရွယ်အရမြန်မြန်ယူတာကောင်းတယ်ဆိုပြီး အကြံပေး‌ကြတာလောက်သာ သူ့အတွက်ရှိတယ်လို့ဆိုပါတယ်။သွန်းဆက်ကတော့ လတ်တလောကလေးယူဖို့ စဉ်းစားထားပေမယ့် ရိုက်ကူးရေးတွေက နောက်နှစ်ထိပြည့်နေတာမို့ ကလေးကို အားတော့မှယူဖို့ စီစဉ်တော့မှာလည်းဖြစ်ပါတယ်။အိမ်ထောင်တစ်ခုတည်‌ထောင်ပြီးကလေးယူဖို့ကို အဲ့လောက်ထိ တွေးနေတာကတော့ နည်းလမ်းမကျသေးတာက‌တော့ အမှန်ပါဘဲနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...