ယောင်းမတော်ထားရတာမကြာသေးတဲ့ သူငယ်ချင်းဖြစ်သူမိုးစက်ဝိုင်နဲ့
ဒိတ်ခဲ့တဲ့ ပုံရိပ်တွေကိုဝေမျှပေးလာတဲ့ ဝတ်မှုန်ရွှေရည်
ပရိတ်သတ်ကြီးရေ .. ဝတ်မှုန်ရွှေရည်ကတော့ မြန်မာဗီဒီယို ခေတ်ကတည်းက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတေါများများမှာလည်း ခေါင်းဆောင် မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူပါ … သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိခဲ့သလို လူအများရဲ့ ချစ်ခင်ခြင်း ကိုလည်း ရရှိခဲ့ပါတယ်.. လက်ရှိအချိန်ထိလည်း သူမက မြန်မာနိုင်ငံရဲ့ အနုပညာကြေးအမြင့်ဆုံးရရှိနေသူဖြစ်ပြီး အကယ်ဒမီဆုကြီးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်..
2024ခုနှစ် အစောပိုင်းမှာတော့ ဝတ်မှုန်ရွှေရည်က သူမရဲ့အချစ် ဆုံးအမျိုးသားဖြစ်တဲ့ ကိုနိုင်ဖြိုးကျော်နဲ့ ရွှေလက်တွဲသွားခဲ့တာ ဖြစ်ပါတယ်.. ခင်ပွန်းဖြစ်သူက မြန်မာနိုင်ငံထိပ်တန်းခရိုနီဘော စီတစ်ဦးဖြစ်တာကြောင့် ဝတ်မှုန်ရွှေရည်အနေနဲ့ မင်္ဂလာပွဲကို ကြီးကျယ်စွာ လုပ်ခဲ့တာဖြစ်ပါတယ်..ကိုနိုင်ဖြိုးကျော် ဟာ အလှမယ်မိုးစက်ဝိုင်ရဲ့ အစ်ကိုဖြစ်တာကြောင့် ဝတ်မှုန်ရွှေရည် နဲ့ မိုးစက်ဝိုင် ဟာသမီးယောင်းမလည်းဖြစ်သလို သူငယ်ချင်းတွေ လည်းဖြစ်ကြပါတယ်..
မကြာသေးခင်ကမှ အလှမယ် မိုးစက်ဝိုင်ဟာ ယောင်းမဖြစ် သူဝတ်မှုံရွှေရည်နဲ့ အတူ “ယောင်းယောင်းနဲ့ ဒိတ်” ဆိုပြီး သူမ ဒ တို့နှစ်ယောက်တွဲရိုက်ထားတဲ့ ပုံရိပ်လေးကိုချပြလာပါတယ်.. သူငယ်ချင်းလည်းဖြစ်သလို အစ်ကိုရဲ့ ဇနီးလေးလည်းဖြစ်တာ ကြောင့် ပရိတ်သတ်ကြီးလည်း မိုးစက်ဝိုင်နဲ့ ဝတ်မှုံရွှေရည် တို့ သမီးယောင်းမနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ကျေနပ်သဘောကျလိမ့်မယ်ထင်ပါတယ်နော်…
ရေးသားသူ –Let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။