ရေဘေးအလှူငွေတွေ ရေတွက်နေတဲ့ ဓမ္မစကူး ဆရာမလေးနှင့် စိုးရိမ်နေတဲ့ ပရိသတ်များ

Celebrity Local News
ရေဘေးအလှူငွေတွေ ရေတွက်နေတဲ့ ဓမ္မစကူး ဆရာမလေးနှင့်
စိုးရိမ်နေတဲ့ ပရိသတ်များ

ဓမ္မစကူးဆရာမလေး ဘဝကနေ ဆယ်လီမင်းသမီး ဘဝကို ပြောင်းလဲလာတဲ့ နန်းဝေဝေမြင့်ဟာ လက်ရှိ ရေဘေးအတွက် သီချင်းဆိုပြီး အလှူခံနေတာတွေကို ပြုလုပ်နေပါတယ်။ ပျော်လို့ လုပ်တာ မဟုတ်ဘဲ လှူဒါန်းဖို့ မတတ်နိုင်တာကြောင့် ဖျော်ဖြေရေးနဲ့ အလှူခံနေရတယ်လို့ သူကိုယ်တိုင် ဝန်ခံထားပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ အလှူခံရရှိငွေများကို ရေတွက်နေတဲ့ ဗီဒီယိုတွေ တင်ထားပါတယ်။

ဗီဒီယိုတခုမှာတော့ အလှူငွေအစည်းလိုက်ကို ကိုင်ပြပြီးနောက် နှုတ်ခမ်းကို လက်နဲ့ ထိပြလိုက်တာ ဖြစ်ပါတယ်။ ငွေစက္ကူကိုင်ပြီးသားလက်နဲ့ နှုတ်ခမ်းကို ထိမိတာကြောင့် ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုပြီး ဆရာမလေးရဲ့ ပရိသတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ငွေစက္ကူဆိုတာ ရေ-ာဂ-ါပိုးမွှားတွေ အများကြီး ရှိတာကြောင့် ကိုင်တွယ်ပြီးရင် လက်ကို သေချာဆေးကြောသင့်တယ်လို့လည်း ထောက်ပြ ဝေဖန်နေကြပါတယ်။

အမြဲတမ်းတုန်နေလို့ နန်းအိတုန်လို့ ပရိသတ်တွေက နာမည်ပေးထားတဲ့ ဓမ္မစကူးဆရာမလေး နန်းဝေဝေမြင့်ကတော့ အလှူခံလို့ ရတဲ့ ငွေတွေ အကုန်လုံးကို ရေဘေးသင့် ပြည်သူများ ကယ်ဆယ်ရေး အတွက် လှူဒါန်းမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ဖော်ပြထားတဲ့ ပုံတွေကတော့ အလှူငွေတွေကို ကိုင်ပြီ နှုတ်ခမ်းကို လက်ညှိုးနဲ့ ထိလိုက်ပုံနဲ့ အလှူငွေတွေနဲ့ ဆော့ပြနေတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...