သူရဲကောင်းဖေဖေရဲ့ သမီးလေးကို ကျောင်းပြီးတဲ့အထိ တာဝန်ယူပေးတော့မယ့်ကိုယ်ချင်းစာစိတ်အပြည့်ရှိတဲ့ မြတ်ရတနာကျော်

Celebrity Local News
သူရဲကောင်းဖေဖေရဲ့ သမီးလေးကို ကျောင်းပြီးတဲ့အထိ
တာဝန်ယူပေးတော့မယ့်ကိုယ်ချင်းစာစိတ်အပြည့်ရှိတဲ့ မြတ်ရတနာကျော်

မြတ်ရတနာ‌ကျော်ကတော့ ကလေးနှစ်‌ယောက်အမေဖြစ်ပေမယ့် အပျိုရှုံးအောင်လှနေသူတစ်ယောက်ပါ။။ချစ်စရာကောင်းပြီး ချောမောတဲ့ ရုပ်ရည်လေးကြောင့် မော်ဒယ်တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရခဲ့တဲ့ မြတ်ရတာကျော်ကတော့ အားလုံးထင်မှတ်မထားလောက်အောင် တစ်ခုလတ်ဖြစ်တဲ့ အာဘွိုင်းနဲ့ လက်ထပ်ခဲ့သူလည်းဖြစ်ပါတယ်။ရုပ်ရည်ချောချောလေးနဲ့ သမီးနှစ်ယောက်အဖေ တစ်ခုလပ်နဲ့ လက်ထပ်ခဲ့ချိန်မှာ ပရိတ်သတ်တွေကြားမှာ ဂရတ်ထပြီး ဝေဖန်မှုတွေက ပြင်းထန်ခဲ့ပါသေးတယ်။

ဘယ်လိုအကြောင်းကြောင့် လက်ထပ်ခဲ့လည်းမသိပေမယ့် မြတ်ရတနာကျော်တစ်ယောက်စိတ်ထားကောင်းတာကိုတော့ ငြင်းမရခဲ့ပါဘူး။အမျိုးသားဘက်ကပါတဲ့ သမီးနှစ်ယောက်ကိုလည်း ညီအမတွေလို ကြင်ကြင်နာနာနဲ့ ဆက်ဆံပြီးချစ်ခင်ခဲ့တာကြောင့် အားလုံးက အံ့ဩခဲ့ရတဲ့အထိပါဘဲ။စိတ်ထားဖြူစင်လွန်းတဲ့ မြတ်ရတနာကျော်ကတော့ ကိုယ်တိုင်မွေးမြူထားတဲ့ သားသမီးတွေနဲ့ ယှဉ်ပြီး လင်ပါကလေးတွေကို မနာလိုစိတ်ကင်းကင်းနဲ့ ချစ်ခင်ပေးနိုင်တာကြောင့် အားလုံးကလေးစားခဲ့ရတာလည်းဖြစ်ပါတယ်။

အခုလည်း သူ့ရဲ့ ဖြူစင်တဲ့ စိတ်ထားနဲ့ လုပ်ခဲ့တဲ့ လုပ်ရက်က ပရိတ်သတ်တွေလေးစားဖို့ ဖြစ်လာခဲ့ပြန်ပါပြီ။ကလေးတွေရဲ့ မေမေ မြတ်ရတနာကျော်ကတော့ ကိုယ်တိုင်ကလည်း မိခင်တစ်ယောက်မို့ အားလုံးက ဝိုင်ဝန်းသနားခဲ့ကြတဲ့ သူရဲကောင်းဖေဖေရဲ့ ကလေးကို တာဝန်ယူပေးမယ့်အကြောင်းကို အားလုံးပီတိဖြစ်အောင်ပြောလာခဲ့ပါပြီ။မကြာခင်ကဖြစ်ခဲ့တဲ့ ရေဘေးကြောင့် ပြည်သူအများအပြား ဒုက္ခပင်လယ်ဝေတဲ့အထိ ဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။ရေဘေးမှာ လူတွေသေကြေပျက်စီးခဲ့ကြပြီး အခက်အခဲတွေကြုံတွေ့နေတာနေရာတိုင်းလိုလိုမှာပါဘဲ။

မြတ်ရတနာကျော်ကတော့ ကိုယ်တိုင်က ရန်ကုန်မှာနေလို့ ရေဘေးမခံစားလိုက်ရပေမယ့် ရှမ်းပြည်မှာနေထိုင်နေတဲ့ အဘိုးနဲ့ အဘွားအတွက် အပူတပြင်းဖြစ်ခဲ့ရပါသေးတယ်။ဖုန်းလိုင်းတွေပြတ်တောက်ပြီး အဆက်အသွယ်တွေပြတ်လို့ ပူပန်နေခဲ့ရပြီး အဆက်အသွယ်ပြန်ရချိန်မှာလည်း သူ့ရဲ့ မွေးရပ်မြေရှမ်းပြည်အတွက် လှူဒါန်းမှုတွေများစွာလုပ်ကိုင်ခဲ့ပါသေးတယ်။အလှူအတန်းမှာ လက်မနှေးတဲ့ မြတ်ရတနာကျော်ကလည်း သူနိုင်တဲ့ အရာတွေနဲ့ ကူညီထောက်ပံ့နေခဲ့သလို အမျိုးသားဖြစ်သူ အာဘွိုင်းကလည်း သူ့အစီအစဉ်နဲ့ သူရေဘေးကယ်ဆယ်ရေးတွေမှာ ပါဝင်ကူညီနေခဲ့ကြတာလည်းဖြစ်ပါတယ်။

အလှူအတန်းလုပ်တာနဲ့ ပတ်သက်ရင် တိုင်ပင်တာ ဆွေးနွေးတာတွေမရှိပေမယ့် သူတို့နှစ်ယောက်တိုင်ပင်ပြီး ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အရာကတော့ သူရဲကောင်းဖေဖေရဲ့ သမီးလေးအတွက်ပါဘဲ။နှစ်ယောက်လုံးက ကြိုတင်တိုင်ပင်ထားတာမရှိပေမယ့် စကားစပ်မိရာကနေ ကလေးလေးကို ကူညီပေးချင်တာကို ပြောဖြစ်ခဲ့ကြတာပါ။မိဘတွေဖြစ်ကြတာမို့ သားသမီးအပေါ်အသက်ပေးပြီးချစ်ရဲတဲ့ စိတ်ဓာတ်ချင်းလည်းတူကြသလို ငါ့သားသာဆိုရင် ငါ့သမီးသာဆိုရင် ဆိုတဲ့ စိတ်‌တွေနဲ့ ကူညီဖို့ ဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။

ရမည်းသင်းမြို့နယ်၊သပြေပင်ကျွေးရွာမှာ ရှိတဲ့ သူ‌ရဲကောင်းဖေဖေရဲ့ စိတ်ဓာတ်ကတော့ ဆေးပညာရှင်တွေကတောင် အံ့ဩရတဲ့အထိပါဘဲ။ရေတွေကြီးလို့ ကိုယ့်အသက်ဆုံးရှုံးရမှာတောင် ရုန်းကန်တာမရှိဘဲ သမီးလေးအသက်ရှင်ရေးအတွက်လက်မြောက်ထားခဲ့တာ သေဆုံးတဲ့အထိပါဘဲ။အသက်သေဆုံးသွားတာ‌တောင် လက်တွေက သမီးလေးကို ကျစ်ကျစ်ပါအောင်ပွေ့ထားဆဲပါ။ကိုယ်တိုင်သေဆုံးသွားပေမယ့် သမီးလေးကို ရေပေါ်မှာ တင်ပေးထားခဲ့တဲ့ ဖခင်ရဲ့ စိတ်ဓာတ်ကို အားလုံးမျက်ရည်ကျရသလို ချီးကျူးနေခဲ့ကြတာလည်းဖြစ်ပါတယ်။

သမီးလေးကတော့ ဖခင်ရဲ့ ကယ်ဆယ်မှုကြောင့် အသက်ဘေးကလွတ်ခဲ့ပေမယ့် မိဘမဲ့ဖြစ်ခဲ့ရသလို ရေဒဏ်တွေနဲ့ ဒိုက်ပုံကြားထဲမှာထိခိုက်ထားတာကြောင့် ဒဏ်ရာအနည်းငယ်တော့ရထားပါတယ်။အဖေဖြစ်သူအသက်စွန့်ပြီးကယ်ထားရတဲ့ သမီးလေးကို လူတော်တော်များများက မွေးမြူစောင့်ရှောက်ချင်ပေမယ့် အဘွားကတော့ သူ့မြေးမလေးကို ဘယ်သူ့ကိုမှမပေးဘဲ အကောင်းဆုံးစောင့်ရှောက်မှာလို့ဆိုပါတယ်။မြတ်ရတနာကျော်ကတော့ သမီးလေးရဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပြီး မွေးစားဖို့ မစီစဉ်တော့ဘဲ ကလေးလေးကို ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပေးမယ်ဆိုပြီး အဘွားဖြစ်သူကို အဆက်အသွယ်လုပ်ထားခဲ့ပြီလည်းဖြစ်ပါတယ်။

မြတ်ရတနာကျော်ရဲ့ စကားကြောင့်ဘဲ အဘွားဖြစ်သူရော၊ရွာသူရွာသားတွေကပါ သမီးလေးနောင်ရေးအတွက် စိတ်အေးနိုင်လို့‌ပျော်ရွှင်နေကြတယ်လို့ဆိုပါတယ်။

မြတ်ရတနာကျော်ကတော့ သူ့စေတနာကိုအသိအမှတ်ပြုပြီး လက်ခံပေးတာကိုတင် ကျေးဇူး‌တင်နေခဲ့ပါပြီနော်။သမီး‌အိမ့်မှူးသခင်ကို ကျောင်းထားပေးမယ်ဆိုပေမယ့် မကြာခင်မှာ ကိုယ်တိုင်သွားတွေ့ပြီး လိုအပ်တာတွေပါ ဆောင်ရွက်ပေးသွားအုံးမှာပါ။ဒီတစ်ခါလှူတန်းတဲ့ မြတ်ရတနာကျော်ရဲ့အလှူကတော့ ပရိတ်သတ်တွေကြားမှာ ချီးကျူးစရာအကောင်းဆုံးနဲ့ ပီတိဖြစ်ရတဲ့ ကိစ္စတစ်ခုဖြစ်မှာ အသေအချာပါဘဲနော်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...