သဲစုငြိမ်းရဲ့အောင်မြင်မှုတွေကို အားကျပေမယ့် Miss လောကထဲပြန်ဝင်ဖို့
စိတ်ကူးမရှိတော့တဲ့ နန်းခင်ဇေယျာ
နန်းခင်ဇေယျာက အခုအချိန်မှာ သဲစုငြိမ်းရဲ့ အောင်မြင်တွေကို မြင်ပြီး အားကျနေပေမယ့် တစ်ချိန်က အလှမယ်လောကမှာရော၊ပရိတ်သတ်ကြားမှာပါ အောင်မြင်ခဲ့တဲ့အလှမယ်တစ်ဦးပါ။နန်းခင်က အလှမယ်ဆိုတာကို ပရိတ်သတ်တွေသိပ်မသိခဲ့သလို၊ သိပ်ပြီးအားမပေးခဲ့ချိန်ကတည်းက အလှမယ်လောကထဲကို ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။
အလှမယ်တစ်ယောက် Swimsuit နဲ့ပြိုင်ပွဲဝင်ပြိုင်တာ မြန်မာနိုင်ငံမှာ နန်းခင်ကနေ စတင်ခဲ့တာပါ။မြန်မာနိုင်ငံမှာ Swimsuit ရှားပါးချိန်ကတည်းက အကောင်းဆုံးကြိုးစားပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နန်းခင်ကို ပရိတ်သတ်တွေက အားပေးခဲ့ကြတာ ဒီနေ့အချိန်ထိပါဘဲ။
အားပေးတဲ့ ပရိတ်သတ်က အများအပြားရှိကြပေမယ့် အမြင်မကျယ်သေးတဲ့ လူတစ်ချို့ကလည်း ဝေဖန်ခဲ့ကြပါတယ်။Social အားမကောင်းသေးတဲ့ အချိန်မှာ တစ်ခဲနက်အားပေးချစ်ခင်တဲ့ ပရိတ်သတ်က သိပ်မရှိဘဲ ဝေဖန်နေသူတွေကသာ များပြားနေခဲ့တာပါ။အရင်က အလှမယ်ဆိုရင် Swimsuit ဝတ်ပြီးပြိုင်လို့ ဝေဖန်တိုက်ခိုက်တာတွေရှိပေမယ့် အခုနောက်ပိုင်းမှာ ဝေဖန်ရှုံချနေသူတွေက မရှိသလောက်နည်းသွားခဲ့တာ ပရိတ်သတ်တို့မျက်မြင်ပါဘဲ။
ကိုယ်သဘောကျတဲ့ Miss ဆိုရင် အစစအရာရာ ပံ့ပိုးပြီး တခဲနက်အားပေးကြတာကြောင့် Miss တွေကလည်း စိတ်ပျော်ရွှင်ရတဲ့အထိပါဘဲ။အဲ့လို ခံစားချက်မျိုးကို နန်းခင်ကတော့ မရခဲ့ပါဘူး။Social မကောင်းသေးတဲ့ခေတ်မို့ ပရိတ်သတ်အားပေးမှုကိုထင်သလောက်မရခဲ့တဲ့အပြင် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပါ မရခဲ့ရတဲ့ အခြေအနေမျိုးပါ။စီနီယာအလှမယ်ဟောင်းတစ်ယောက်ဖြစ်တဲ့ နန်းခင်က လတ်တလောမှာ ပရိတ်သတ်အချစ်ကိုရပြီး အောင်မြင်နေတဲ့ Miss တွေကို တွေ့ရင်အားကျနေရပါတယ်။
ပရိတ်သတ်တွေက ကိုယ်ကြိုက်တဲ့ အလှမယ်နဲ့ ပတ်သက်တာဆိုအကုန်Supporting ပေးကြပြီး အပြင်မှာတွေ့ရင် ပြေးဖက်နမ်းရှုံကြတာပါဘဲ။ မကြာသေးခင်က သဲစုငြိမ်းတစ်ယောက် ပရိတ်သတ်အချစ်ကိုရပြီး ပြေးဖက်တဲ့ ဂရတ်ထခဲ့ပေမယ့် ပရိတ်သတ်ရဲ့ အချစ်ကိုရနေတာဟာ ကြည်နူးစရာတစ်ခုဘဲလို့ဆိုရမှာပါ။သဲစုငြိမ်းက Miss grand မှာ အသက်အငယ်ဆုံးMiss တစ်ယောက်ဖြစ်ပေမယ့် ကြိုးစားချင်စိတ်ရှိတာကို ပရိတ်သတ်တွေကလည်း ချီးကျူးနေကြသလို နန်းခင်ကလည်း သူ့ရဲ့ ကြိုးစားမှုကို အားရကျေနပ်နေပါပြီနော်။
မကြာခင်ပြိုင်ရတော့မယ့်ပွဲအတွက် သဲစုငြိမ်းတစ်ယောက် Body အပြောင်းအလဲလုပ်ပြသွားတာကလည်း သူ့ကိုချစ်တဲ့ပရိတ်သတ်တွေအတွက်တော့ကျေနပ်စရာပါဘဲ။သဲစုငြိမ်းက သူ့ရဲ့ လိုအပ်နေတဲ့Body ပိုင်းကို Perfect ဖြစ်အောင် အပြင်းအထန်လေ့ကျင့်ပြောင်းလဲခဲ့သလို အခုလည်း Catwalk ပိုင်းနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ Training သွားယူတာကလည်းကျေနပ်ဖို့ကောင်းတဲ့ တိုးတတ်မှုကိုတွေ့ရမှာပါ။ ပြောင်းလဲသွားတဲ့ သဲစုငြိမ်းရဲ့ ပုံစံကို ပရိတ်သတ်တွေကလည်းတွေ့မြင်ခဲ့သလို အလှမယ်တစ်ယောက်ဖြစ်ခဲ့တဲ့ နန်းခင်ကလည်း ချီးကျူးလို့နေခဲ့ပါတယ်။
သဲစုငြိမ်းက ထိုင်းနိုင်ငံမှာ Training သွားယူတာ တစ်ပတ်လောက်သာရှိပေမယ့် ခါးလှုပ်လျှောက်တာတွေကအစ အပြောင်းလဲကြီး ပြောင်းလဲနေခဲ့တာကို နန်းခင်က သဘောကျနေခဲ့တာပါ။အချိန်တိုအတွင်းမှာပြောင်းလဲနိုင်ခဲ့တာ သဲစုငြိမ်းရဲ့ ကြိုးစားမှုလည်း ပါသလို နောက်ကနေ supporting ပေးနေတဲ့ Organization ကြောင့်လည်းပါပါတယ်။အခုလိုအချိန်မှာ အားသွန်ခွန်စိုက် လိုက်လုပ်ပေးတဲ့ National director တွေရှိခဲ့ပြီး Training တွေယူနိုင်ပေမယ့် နန်းခင်အလှည့်တုန်းကတော့ training ဆိုတာ အဝေးကြီးမှာပါဘဲ။
နန်းခင်ကတော့ ရသင့်ရထိုက်တဲ့ Training မရလို့ စိတ်မကောင်းဖြစ်ခဲ့သလို အချစ်ခံနေရတဲ့ Miss တွေမြင်ရင် အားကျနေရတာကြောင့် Miss ပြန်ပြိုင်ဖို့အစီအစဉ်ရှိလားဆိုတဲ့ မေးခွန်းတွေ မေးမြန်းလို့လာခဲ့ကြပါတယ်။နန်းခင်ကတော့ သူ့ရဲ့ အသက်က ပြိုင်ပွဲဝင်ဖို့ မဖြစ်နိုင်သလို ပြိုင်လို့ရရင်တောင် ပြိုင်ဖို့ အစီအစဉ်မရှိတော့ပါဘူးနော်။နန်းခင်က လက်ရှိရနေတဲ့ သူ့ရဲ့ အောင်မြင်တဲ့ နေရာတစ်ခုကို ကျေကျေနပ်နပ်လက်ခံသလို နောင်တက်လာမယ့်ကလေးတွေကို နေရာပေးဖို့သာရည်ရွယ်ထားသူလည်းဖြစ်ပါတယ်။
နန်းခင်ရဲ့ လက်ရှိအခြေအနေက အလှမယ်ထပ်ပြိုင်မှ အောင်မြင်မယ့် လူမဟုတ်တော့ပါဘူးနော်။အလှမယ်တစ်ယောက်အနေနဲ့ အောင်မြင်ခဲ့သလို အခုအချိန်မှာ မင်းသမီးတစ်ယောက်အနေနဲ့ ဇာတ်ကားများစွာရိုက်ကူးပြီး ပရိတ်သတ်အချစ်ရနေပြီမို့ နန်းခင်ဇေယျာက သူ့ရဲ့ အောင်မြင်မှုကို ရောင့်ရဲတင်းတိမ်နေပြီလည်းဖြစ်ပါတယ်။
ရေးသားသူ –One Daily Channel
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။