ဟောင်ကောင်မင်းသားကြီးနော်မန်ချူးရဲ့နာရေးကို စီစဉ်နေရင်းနဲ့ ဇနီးဖြစ်သူလည်း သေဆုံး

Celebrity International News
ဟောင်ကောင်မင်းသားကြီးနော်မန်ချူးရဲ့နာရေးကို စီစဉ်နေရင်းနဲ့
ဇနီးဖြစ်သူလည်း သေဆုံး

၈၀ ပြည့်ဝန်းကျင်က ဟောင်ကောင်ကိုယ်ခံပညာအကျော်အမော်မင်းသားကြီး နော်မန်ချူးဟာ အစာမျိုပြွန်ကင်ဆာရောဂါနဲ့ စက်တင်ဘာ ၁ ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။ သူ သေဆုံးချိန်မှာ အသက် ၇၃ နှစ်ပါ။ အခုလို နော်မန်ရဲ့ရုတ်တရက်သေဆုံးမှုက ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။ သူ သေဆုံးပြီး ရက်အနည်းငယ်မှာ နောက်ထပ်ထိပ်လန့်တုန်လှုပ်စရာဖြစ်ပြန်ပါတယ်။ အသက် ၄၃ နှစ်အရွယ် ဇနီးဖြစ်သူကလည်း သူ့ရဲ့နာရေးကို စီစဉ်နေရင်း နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။

နော်မန်ရဲ့ဇနီးအကြောင်းကတော့ သူ့ထက် အသက် ၃၀ ငယ်တဲ့ တရုတ်အကမယ်ဖြစ်ပြီး သူ့ရဲ့တတိယမြောက်ဇနီးဖြစ်တယ်ဆိုတာကိုပဲ သိရပါတယ်။ သူတို့နှစ်ဦးမှာ သမီးတစ်ယောက်၊ သားတစ်ယောက်ရှိပါတယ်။ အခုနှစ်ကတော့ သူတို့ရဲ့မင်္ဂလာသက်တမ်း နှစ် ၂၀ ပြည့်ဖြစ်ပါတယ်။

နော်မန်သေဆုံးပြီးတဲ့နောက် ဇနီးဖြစ်သူက သူ့နာရေးအတွက် စီစဉ်စရာရှိတာစီစဉ်နေရင်း နှလုံးရောဂါကြောင့် နေထိုင်မကောင်းသလိုဖြစ်လာပြီး ဆုံးပါးသွားခဲ့ရတာပါ။ အဲ့ဒီနောက် သူတို့ရဲ့သမီးလေးက နာရေးအတွက် စီစဉ်ခဲ့ရပါတယ်။ နော်မန်က သူ့မှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာ မသိခဲ့ဘူးလို့ သိရပါတယ်။

နော်မန်ချူးက ဟောင်ကောင်ရုပ်ရှင်လောကမှာ ၁၉၇၀ ခုနှစ်နဲ့ ၁၉၈၀ ခုနှစ်တွေမှာ အောင်မြင်ကျော်ကြားခဲ့တာပါ။ သူ့ကို The Sword of the Third Young Master (1977) နဲ့ Reincarnated (1979) စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ သူ့ကို သိခဲ့ကြပါတယ်။ သူဟာ နောက်ပိုင်းမှာ ဗီလိန်ဇာတ်ကောင်အဖြစ် ဇာတ်ကားတွေမှာ ပါဝင်လာခဲ့ပြီး စတီဖင်ချောင်ရဲ့ King of Beggars ဟာသဇာတ်ကားမှာ ဗီလိန်ဇာတ်ကောင်အဖြစ်လည်း ပါဝင်ခဲ့ပါတယ်။

နော်မန်ဟာ မကြာသေးခင်နှစ်တွေမှာ အွန်လိုင်းရုပ်ရှင်တွေဘက်ကူးပြောင်းခဲ့ပြီး ရုပ်ရှင်နယ်ပယ်မှာ ဆက်လက်ပါဝင်ခဲ့ပါတယ်။ သူနောက်ဆုံးပါဝင်ခဲ့တာကတော့ ၂၀၂၁ ခုနှစ်ရဲ့ Word of Honor ဆိုတဲ့ ဇာတ်လမ်းတွဲမှာဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...